Samsung ကမိတ်ဆက်လိုက်တဲ့ သုံးခေါက်ချိုးစမတ်ဖုန်း Galaxy Z TriFold
Z Flip တွေ၊ Z Fold တွေလို ခေါက်လို့ရတဲ့ Foldable Smartphone မဟုတ်ဘဲ ပိုပြီးဆန်းသစ်တဲ့ နည်းပညာနဲ့ သုံးခေါက်ချိုးလို့ရတဲ့ Galaxy Z TriFold ကို Samsung အနေနဲ့ တောင်ကိုရီးယားမှာ စပြီးမိတ်ဆက်ခဲ့ပြီ ဖြစ်ပါတယ်။ မိတ်ဆက်လိုက်တဲ့ Galaxy Z TriFold မှာ ကြီးမားတဲ့ 10-inch tablet-style screen ပါဝင်ပြီး ခေါက်ချိုးပြုလုပ်နိုင်သလို အပြင်ဘက်မှာလဲ ပုံမှန်စမတ်ဖုန်းတွေလို အသုံးပြု နိုင်ဖို့ Screen တစ်ခုပါဝင်ဦးမှာ ဖြစ်ပါတယ်။
Samsung အနေနဲ့ Galalxy Z TriFold မှာအသုံးပြုထားတဲ့ Armor FlexHinge Design ကို သေသေချာချာပုံဖော်ထားခဲ့ပြီး ဖုန်းမျက်နှာပြင်သုံးခုအတွက် ခေါက်ချိုး (၂) နေရာဟာ အရွယ်အစား အနည်းငယ်ကွာခြားမှုရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အလယ်ဆုံးမှာရှိတဲ့ မျက်နှာပြင်ဟာ အထူ 4.2 mm ရှိပေမယ့် ဘေးနှစ်ဘက်မှာရှိတဲ့ မျက်နှာပြင်တွေကတော့ မီလီမီတာအနည်းငယ်ပိုပါးနေမှာ ဖြစ်ပါတယ်။ ဒီလိုကွာခြားနေတာတွေကလဲ ခေါက်ချိုးထားတဲ့အချိန်မှာ ဖုန်းအရွယ်အစားနဲ့ အလေးချိန် ကို သေသေချာချာထိန်းညှိထားနိုင်ဖို့အတွက် ဒီဇိုင်းဆွဲထားပါတယ်။

Image: Samsung
Huawei ကမိတ်ဆက်ထားတဲ့ Mate XT Tri-Fold သုံးခေါက်ချိုးစမတ်ဖုန်းဟာ အင်တာနက်ပေါ်မှာ ရေပန်းစားနေပေမယ့် အနောက်တိုင်းစမတ်ဖုန်းဈေးကွက်မှာတော့ ဝယ်လို့မရပါဘူး။ Samsung ရဲ့ Galaxy Z TriFold ကို ၂၀၂၆ အစောပိုင်းအတွင်း အမေရိကန်မှာရောင်းချလာမယ်လို့တော့ မျှော်လင့် ရပါတယ်။ Huawei ရဲ့ Mate XT Tri-Fold နဲ့ Galaxy Z TriFold က ရုတ်တရက်ကြည့်လိုက်ရင် ပုံစံချင်းတူတယ်လို့ထင်ရပေမယ့် ခေါက်ချိုးလုပ်နိုင်တဲ့ မျက်နှာပြင်သုံးခုကတော့ ကွဲပြားနေပါတယ်။ Mate XT က Z ပုံစံခေါက်ချိုးပြုလုပ်ပြီး အဓိကစမတ်ဖုန်းမျက်နှာပြင်ကို Cover Display အနေနဲ့ အသုံးပြုထားတာဖြစ်ပါတယ်။ Galaxy Z TriFold မှာတော့ ဘေးမျက်နှာပြင်နှစ်ဖက်က အဓိက Cover Screen ရဲ့အတွင်းဘက်ကို ခေါက်ချိုးပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Samsung အနေနဲ့ ဒီလိုဒီဇိုင်းပြုလုပ်ထားတာက ရေရှည်အသုံးခံနိုင်ဖို့အတွက် ဒီဇိုင်းပြုလုပ် စမ်းသပ် ထားတာကိုလည်း ပြောထားပါသေးတယ်။

Image: Samsung
Foldable Smartphone ဆိုပေမယ့် Galaxy Z TriFold ဟာ ခေါက်ပြီးအိတ်ထဲထည့်သယ်နိုင်တဲ့ Tablet တစ်ခုနဲ့တော့ ပိုတူပါတယ်။ ခေါက်လိုက်တဲ့အချိန်မှာ အထူ 12.9mm ရှိတဲ့အတွက် 8.9mm ပဲရှိတဲ့ Galaxy Z Fold 7 ထက်တော့ ပိုပြီးထူနေတာကို တွေ့ရမှာပါ။ Cover Screen အနေနဲ့ 1080p ရှိပြီး အရွယ်အစား 6.5inches ပြုလုပ်ပေးထားပါတယ်။ Z Fold 7 ဖုန်းထက်အနည်းငယ် သေးတယ် ဆိုပေမယ့် ဖုန်းတစ်လုံးအတွက်တော့ အလေးချိန်များတဲ့အထဲပါနေပါတယ်။ 10inch မျက်နှာပြင်မှာတော့ 2160×1584 Pixel နဲ့ 120Hz Foldable OLED ကိုအသုံးပြုပေးထားပါတယ်။ Application တွေကို Portrait Orientation မှာ တစ်ပြိုင်တည်း ဘယ်ညာအသုံးပြုနိုင်ပြီး Extra Monitor မလိုဘဲ PC-like interface အသုံးပြုနိုင်အောင်လည်း ပြုလုပ်ပေးထားပါသေးတယ်။ ကင်မရာပိုင်းဆိုင်ရာအတွက် 200MP Sensor အသုံးပြုထားပြီး 12MP Ultrawide နဲ့ 10MP 3x telephoto ကိုထည့်သွင်းပေးထားပါတယ်။

Image: Samsung
Samsung အနေနဲ့ Galaxy Z TriFold ကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ တောင်ကိုးရီးယားမှာ စတင်ရောင်းချတော့မှာပြီးတော့ တခြားအာရှဈေးကွက်အတွင်းကိုလည်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ၂၀၂၆ အစောပိုင်းအတွင်း အမေရိကန်ဈေးကွက်မှာရောင်းချဖို့စီစဉ်ထားပြီး ဈေးနှုန်း ကိုတော့ မသိရသေးပါဘူး။ ကိုရီးယားငွေကြေးနဲ့ KRW 3,590,400 ကျသင့်မှာြဖစ်ပြီး ဒေါ်လာ ၂,၅၀၀ ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။ မြန်မာငွေကြေးနဲ့ဆိုရင်တော့ ၉၈ သိန်းဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။



