ဗဟုသုတဆိုင်ရာလေ့လာသူများ အကြိုက်တွေ့စေတဲ့ Thutazone Website နှင့် Mobile App

အလုပ်အားလပ်တဲ့အချိန်တွေမှာ အပျင်းလည်းပြေ၊ ဗဟုသုတလည်းများစွာရရှိနိုင်မယ့် စာပေလေ့လာဖတ်သားခြင်းဟာ လည်း လူတိုင်းအတွက်ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုဖြစ်သလို မိမိအတွက်လည်းများစွာအကျိုးဖြစ်ထွန်းစေပါတယ်။ မိမိကိုယ်တိုင်ကအလုပ်များနေလို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင် ဘတ်စ်ကားပေါ်မှာဖြစ်ဖြစ်၊ ခေတ္တခဏအနားယူချိန်လေး မှာဖြစ်ဖြစ် ကိုယ့်အတွက်အကျိူးရှိစေမယ့် အကြောင်းအရာတစ်ခုခုကို ပြုလုပ်နေတာကလည်း တန်ဖိုးရှိစေပါတယ်။

Photo Source- https://bit.ly/2U6FPkb

ကျန်းမာရေးဆိုင်ရာဗဟုသုတတွေ၊ နည်းပညာပိုင်းဆိုင်ရာအကြံပြုဆောင်းပါးတွေ၊ သမိုင်းဖြစ်စဉ်တွေထဲကစိတ်ဝင်စားစရာအ ကြောင်းအရာတွေ၊ ဘာသာရေးဆိုင်ရာသိမှတ်စရာတွေ၊ နိုင်ငံအနှံ့ကခရီးသွားခြင်းဆိုင်ရာဗဟုသုတတွေ၊ လူမှုပတ်ဝန်းကျင် ဆိုင်ရာအသိပညာပေးဆောင်းပါးတွေ၊ သတင်းတွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြထားတဲ့ Website နဲ့ Mobile App လေးတွေကိုသိထားတော့ အလွယ်တကူ ဖုန်းနဲ့ဖြစ်စေ၊ ကွန်ပျုတာနဲ့ဖြစ်စေ ဝင်ရောက်ဖတ်ကြည့်လေ့လာနိုင်တာကလည်း အားသာချက်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

တချို့ကစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာမျိုးတွေဖတ်ချင်တယ်။ မဟုတ်မမှန် သတင်းမျိုးတွေကျတော့စိတ်မဝင် စားဘူးဆိုတဲ့ သူတွေအတွက်လည်း Thutazone App ကအဆင်ပြေစေပြန်ပါတယ်။ App မှာရေးသားဖော်ပြထားတဲ့ အရာ တွေအားလုံးရဲ့ တစ်ခုစီတိုင်းမှာ ဗဟုသုတနဲ့လေ့လာစရာ တွေများစွာပါဝင်နေတတ်တာကြောင့် အသုံးပြုဖူးသူတိုင်းနှစ်သက် သဘောကျကြပါတယ်။

Photo Source- Screenshot by Myanmar Techpress

Thutazone Mobile App နဲ့ Thutazone Website ရဲ့အဓိကအားသာချက်ကတော့ သတင်းအသစ်တွေ၊ အသိပညာပေး ဆောင်းပါးတွေကို နေ့စဉ်တိုင်းလိုလို ဖော်ပြပေးလျက်ရှိတာကြောင့် အသုံးပြုသူတွေအတွက်ပိုအဆင်ပြေပြန်ပါတယ်။ ထူးထူး ဆန်းဆန်းအကြောင်းအရာစာပေကိုမြတ်နိုးသူတွေအတွက်တော့ Thutazone App ကများစွာအကျိုးပြုမှာအသေအချာပါပဲ။

Photo Source- Screenshot by Myanmar Tech Press

Thutazone Mobile Application ကိုတော့ မိမိဖုန်းထဲမှာအလွယ်တကူထည့်သွင်းအသုံးပြုနိုင်တဲ့အတွက် သွားလေရာယူ ဆောင်သွားလို့ရတဲ့အတွက် တစ်မျိုးအဆင်ပြေပြန်ပါတယ်။ App ကိုစတင်အသုံးပြုတဲ့အခါမှာလည်း အကောင့်ဖွင့်စရာမလို အပ်ပေမယ့် အင်တာနက်ဖွင့်ပြီးအသုံးပြုရတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ App ကနေတဆင့် Thutazone Facebook Page နဲ့ Twitter, Inatagram တို့တွင်လည်း ဝင်ရောက်ဖတ်ကြည့်ရှုနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press
Thutazone App ရဲ့ Categories များမှာလည်း Amazing, Astrology, Buddhism, Feeling, Health, History, Knowledge, News, People, Places, Science & Tech, Successful, Technology, Thinking, To Know, Travel စတဲ့ အကြောင်းအရာတွေများစွာပါရှိပါတယ်။ အဲ့ဒီထဲကမှ ကိုယ်ကြိုက်နှစ်သက်တဲ့ အကြောင်းအရာနဲ့သက်ဆိုင်တဲ့ စာပေတွေကို ရွေးချယ်ဖတ်ရှုနိုင်ပါတယ်။ App Size ကတော့ 4.9 MB ရှိပါတယ်။
Thutazone Website ကတော့ကွန်ပျုတာနဲ့သုံးတဲ့သူတွေအတွက် ပိုအဆင်ပြေသလို ဖုန်းနဲ့လည်းရှာရလွယ်ကူစေပါတယ်။ အကြောင်းအရာကဏ္ဍအလိုက် သိချင်တဲ့အကြောင်းအရာတွေကို ဖော်ပြပေးထားသလို Search မှာလည်းဝင်ရောက်ရှာဖွေ နိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

အောက်ပါ Link များတွင် ဝင်ရောက်လေ့လာ Install ပြုလုပ်နိုင်ပါတယ်။
https://www.thutazone.net/
https://play.google.com/store/apps/details?id=com.xendigitalstudio.thutazone