Sinopharm ကိုဗစ်-၁၉ vaccine အလုံးရေ ၂ သန်း ရောက်ရှိ

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက မှာယူထားတဲ့ ကာကွယ်ဆေး ၂ သန်း ရောက်ရှိလာကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှသိရသည်။

Photo Source https://bit.ly/3DvWTbf

၂ ကြိမ်ထိုးရတဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေး အကြိမ် ၂ သန်းစာ စနေနေ့က ရောက်လာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။ အခုနောက်ဆုံး ရောက်လာတဲ့ ဆေး ၂ သန်း အပါအဝင် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ဆေးအလုံးရေ ၇.၆ သန်း ပေးပို့ခဲ့ပြီး ဒီအထဲက ၂.၉ သန်းက ထောက်ပံ့ကူညီတာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားသည်။
ဩဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရမှ ဝယ်ယူထားသည့် တရုတ်နိုင်ငံ Sinopharm ကိုဗစ်-၁၉ vaccine အလုံးရေ ၂ သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပို့ဆောင်ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ကပ်ရောဂါတတိယလှိုင်းဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် တရုတ် vaccine ကုမ္ပဏီများနှင့်ချိတ်ဆက်ရန် တက်တက်ကြွကြွကူညီပေးပြီး အသက်သာဆုံးဈေးနှုန်း၊ အလျင်မြန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံထံ ကိုဗစ်-၁၉ vaccine ထောက်ပံ့ပေးကာ မြန်မာနိုင်ငံကပ်ရောဂါတိုက်ဖျက်ရေးအတွက် အင်တိုက်အားတိုက် ကူညီပေးခဲ့သည်။
လက်ရှိအထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ vaccine စုစုပေါင်းအလုံးရေ ၇.၆ သန်းရှိပြီးဖြစ်ရာ ၎င်းတို့အနက် အလုံးရေ ၂.၉ သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး အလုံးရေ ၄.၇ သန်းသည် မြန်မာနိုင်ငံမှဝယ်ယူခြင်းဖြစ်သည်။