ပန်းလှိုင်ဆေးရုံ၏ COVID-19 ကာကွယ်ဆေးထိုးနှံဝန်ဆောင်မှုများအကြောင်း

ပန်းလှိုင်ဆေးရုံရဲ့ COVပန်းလှိုင်ဆေးရုံ၏ COVID-19 ကာကွယ်ဆေးထိုးနှံဝန်ဆောင်မှုများအကြောင်းID-19 ကာကွယ်ဆေးထိုးနှံပေးခြင်း ကျန်းမာရေးဝန်ဆောင်မှုကို ပထမအဆင့်ဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကာကွယ်ဆေးရရှိထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများအတွက် ပန်းလှိုင်ဆေးရုံမှ ကာကွယ်ဆေးထိုးပေးခြင်းဝန်ဆောင်မှု ပေးအပ်လျက်ရှိသည်။
info.cvc@punhlainghospitals.com သို့ မိမိအဖွဲ့အစည်းအကြောင်းအရာများ အသေးစိတ်ရေးသားပေးပို့၍ ဆက်သွယ်ဆောင်ရွက်နိုင်မည် ဖြစ်သည်။
နောက်တစ်ဆင့်ဖြစ်သည့် အများပြည်သူများအား ကာကွယ်ဆေးထိုးပေးခြင်း ကျန်းမာရေးဝန်ဆောင်မှုများ အကျယ်တဝင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရန်လည်း စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းလျက်ရှိပြီးဖြစ်ပေါ်တိုးတက်မှုအခြအနေအား အချိန်နှင့်တပြေးညီ အသိပေးသွားမည် ဖြစ်သည်။

Photo Source https://bit.ly/3sSmp5e

ပန်းလှိုင်ကာကွယ်ဆေးစင်တာများသည် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ပန်းလှိုင်ဆေးရုံအနီး ယခင် Dulwich ကျောင်းဝန်း နှင့် သန်လျင်မြို့နယ်ရှိ StarCity တို့တွင် တည်ရှိသည်။ ထို့အပြင် မန္တလေး၊ တောင်ကြီးမြို့များတွင်လည်း မကြာခင်တွင် ကာကွယ်ဆေးစင်တာများ ထားရှိသွားမည်ဖြစ်သည်။
ကာကွယ်ဆေးစင်တာများသည် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ သိမ်းဆည်းသိုလှောင် ကိုင်ကွယ်ခြင်း၊ စနစ်တကျ စောင့်ကြည့်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် လာရောက်ထိုးနှံသူများအား အသိပညာပေးခြင်းလုပ်ငန်းတို့ကို ကျန်မာရေးဝန်ကြီးဌာန နှင့် WHO မှ သတ်မှတ်ထားသော စံချိန်စံညွှန်း၊ စည်းကမ်းများနှင့်အညီ လုပ်ဆောင်ပေးသည်။
ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကာကွယ်ဆေးရရှိထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများအတွက် ပန်းလှိုင်ဆေးရုံမှ ကာကွယ်ဆေးထိုးပေးခြင်းဝန်ဆောင်မှုအတွက် ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့အဖွဲ့အစည်း၏ အသေးစိတ်အချက်အလက်များကို info.cvc@punhlainghospitals.com ထံ အီးမေးလ်ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်သည်။
ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကို ရိုးမလုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သူ Serge Pun ဖြင့် စတင်ခဲ့ပြီးနောက် ရိုးမလုပ်ငန်းစု၏ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကိုပါ ဆက်လက်ထိုးနှံပေးခဲ့သည်။