Pfizer/BioNTech Covid-19 ကာကွယ်ဆေးအပြည့်အဝထောက်ခံချက် FDA အတည်ပြု

အမေရိကန်နိုင်ငံ FDA သည် Pfizer/BioNTech Covid-19 ကာကွယ်ဆေးအား အပြည့်အ၀ ထောက်ခံချက် အတည်ပြုပေးပြီး ကာကွယ်ဆေး ပိုမိုရရှိရန် တံခါးဖွင့်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။
အသက် ၁၆ နှစ်နှင့်အထက် လူများအတွက် Pfizer/BioNTech Covid-19 ကာကွယ်ဆေးကို ဩဂုတ်လ ၂၃ရက်တွင်အပြည့်အဝ ခွင့်ပြုချက်ပေးလိုက်သည်။ ၎င်းသည် အမေရိကန်နိုင်ငံ FDA မှ ပထမဆုံးအတည်ပြုထားသော coronavirus ကာကွယ်ဆေးဖြစ်ပြီး ကာကွယ်ဆေးပိုမိုရရှိရန် တံခါးဖွင့်လိမ့်မည်ဟု မျှော်လင့်ရသည်။
Pfizer/BioNTech ကိုဗစ်ကာကွယ်ဆေးသည် အမေရိကတွင် ဒီဇင်ဘာလလယ် မှစတင်၍ အသက် ၁၆ နှစ်နှင့်အထက်လူများအတွက် အရေးပေါ် သုံးစွဲရန် ခွင့်ပြုထားပြီး မေလ၌ ခွင့်ပြုချက်ကို ၁၂ နှစ်နှင့် အထက်သို့ တိုးချဲ့ သတ်မှတ်ပေးခဲ့သည်။

Photo Source https://bit.ly/3gxGPMe

Pfizer/BioNTech ကိုဗစ်ကကာကွယ်ဆေးကို ယခုအခါ ကမ္ဘာအနှံ့ သန်းနှင့်ချီသောလူတို့၌ အသုံးပြုခဲ့ပြီးကတည်းက ပေါ်ထွက်လာခဲ့သော တကယ့်အချက်အလက်များအပေါ် အခြေခံ၍ အကျိုးအမြတ်-အန္တရာယ် အကဲဖြတ်ခြင်းများပြု လုပ်ခဲ့သည်။ ကုန်ပစ္စည်းထုတ်လုပ်သောစက်ရုံများကိုလည်း စစ်ဆေးခဲ့သည်။
အမေရိကန်နိုင်ငံတွင်အရေးပေါ်သုံးရန်ခွင့်ပြုထားသောအခြားကာကွယ်ဆေးနှစ်ခုအနက် Moderna သည် အသက် ၁၈ နှစ်နှင့်အထက်လူများအတွက်၎င်း၏ Covid-19 ကာကွယ်ဆေး အတွက်အပြည့်အဝထောက်ခံချက် ကို စတင်လျှောက်ထားသည် ။ Johnson & Johnson သည်၎င်း၏ကာကွယ်ဆေးအား FDA ထောက်ခံချက်အပြည့်အဝမရသေး ပါ။
Soruce BBCီ