အက်တမ် (ATOM) နှင့် Myanmar Airways International တို့မှ နည်းပညာ ဆန်းသစ်တီထွင်မှုများ တိုးတက်စေရန်နှင့် ပိုမိုကောင်းမွန်သော အသုံးပြုသူအတွေ့အကြုံများ ပေးအပ်နိုင်ရန် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု လုပ်ဆောင်ခဲ့

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် နိုင်ငံတဝှမ်းနှင့် ဒေသတွင်းရှိ ထိပ်တန်း လေကြောင်းသယ်ယူပို့ဆောင်ရေးဖြစ်သည့် Myanmar Airways International (MAI) နှင့်အတူ မဟာဗျူဟာမြောက်သည့် မိတ်ဖက်ပူးပေါင်းမှုကို လုပ်ဆောင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့သည့် ယခုမိတ်ဖက်ပူးပေါင်းမှုသည် “customer ဦးစားပေး” ခံယူချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် customer များကို ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးချင်သော အက်တမ် (ATOM) နှင့် MAI တို့၏ ကတိကဝတ်ကို ထင်ဟပ်ပြသလျက်ရှိသည့်အပြင် တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍများ တိုးတက်လာစေရန် ပူးပေါင်းလုပ်ကိုင်မှု နည်းလမ်းအသစ်အား ကိုယ်စားပြုလျက်ရှိပါသည်။ ယခု MoU မှ တစ်ဆင့် အက်တမ် (ATOM) နှင့် MAI သည် အဖွဲ့အစည်းနှစ်ခုလုံးအတွက်သာမက customer များအတွက်ပါ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးကျေးဇူးများအား ယခုမိတ်ဖက်ပူးပေါင်းမှုမှတစ်ဆင့် ယူဆောင်ပေးနိုင်မည့် ကဏ္ဍပေါင်းစုံကို တစ်စိုက်မတ်မတ် ရှာဖွေကာ အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်သည်။

Image: ATOM

ယခု မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုအောက်တွင် အက်တမ် (ATOM) သည် MAI ၏ ဦးစားပေး မိတ်ဖက် တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း ဖြစ်လာမည်ဖြစ်ပြီး MAI သည် အက်တမ် (ATOM) ၏ ဦးစားပေး မိတ်ဖက်လေကြောင်းလိုင်း ဖြစ်လာမည်ဖြစ်သည်။ အက်တမ် (ATOM) နှင့် MAI ၏ customer များအတွက် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ချက်များကို အဓိကထားကာ အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ပြီး MAI ၏ လုပ်ငန်းလည်ပတ်မှုများအတွက် လိုအပ်သည့် တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း အက်တမ် (ATOM) မှ တာဝန်ယူ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ယခု မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုမှတစ်ဆင့် ပူးတွဲကုန်အမှတ်တံဆိပ်ကြေညာမှုအတွက် အခွင့်အလမ်းများကို ရှာဖွေခြင်းနှင့် စီးပွားဖြစ် လက်တွဲလုပ်ဆောင်မှုတို့ကို အရှိန်မြှင့်တင်၍ လုပ်ဆောင်နိုင်ရန် လမ်းဖွင့်ပေးသွားနိုင်မည်ဖြစ်သည်။

အက်တမ် (ATOM) နှင့် MAI သည် အကျိုးခံစားခွင့်များစွာပါဝင်သည့် roaming ပတ်ကေ့ချ်များ၊ လေဆိပ်နားနေခန်း သီးသန့်အသုံးပြုခွင့်နှင့် ပူးတွဲ loyalty programme အစီအစဉ်များကဲ့သို့သော ဝန်ဆောင်မှုများကို အက်တမ် (ATOM) နှင့် MAI တို့၏ customer များထံသို့ ပေးအပ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

Image: ATOM

မြန်နှုန်းမြင့် ကွန်ရက် အခြေခံအဆောက်အအုံ၊ bandwidth ဝန်ဆောင်မှုများနှင့် စီးပွားရေးအရ ခရီးသွားများအနေဖြင့် အဆက်အသွယ်မပြတ်စေရန်အတွက် ကွန်ရက်ချိတ်ဆက်မှု အစရှိသော စီးပွားရေးလုပ်ငန်း customer များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆန်းသစ်တီထွင်ထားသော လုပ်ငန်းဆိုင်ရာ ဖြေရှင်းချက်များကို ATOM နှင့် MAI ပူးပေါင်းပြီး မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Muhammad Ziaullah Siddiqui က “Myanmar Airways International နဲ့အတူ မဟာဗျူဟာမြောက်တဲ့ မိတ်ဖက်ပူးပေါင်းမှုတစ်ခု တည်ဆောက်ခွင့်ရတဲ့အတွက် ကျွန်တော်တို့အက်တမ် (ATOM) အနေနဲ့ အတိုင်းထက်အလွန် ဝမ်းသာဂုဏ်ယူမိပါတယ်။ တယ်လီကွန်းကဏ္ဍအတွက် ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ MAI ရဲ့ ကျယ်ပြန့်တဲ့ကွန်ရက်၊ ပြီးပြည့်စုံတဲ့ customer ဝန်ဆောင်မှုတွေကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ customer တွေက  မြောက်များစွာသော ဝန်ဆောင်မှုများကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားတွေကို ချောမွေ့တဲ့ ကွန်ရက်ချိတ်ဆက်မှုနဲ့ Beyond Better ဒီဂျစ်တယ်အတွေ့အကြုံတွေကို ပေးအပ်သွားနိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ roaming ဝန်ဆောင်မှုတွေကိုပါ ပေးအပ်သွားဖို့ကိုလည်း ကျွန်တော်တို့ရည်ရွယ်ထားပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Image: ATOM

“ခရီးသွားခြင်းနဲ့ စီးပွားရေးလုပ်ငန်းလည်ပတ်မှုတို့ရဲ့ အနာဂတ်ကို အကောင်းဆုံးပုံဖော်ပေးနိုင်မယ့် ဆန်းသစ်တီထွင်ထားတဲ့ ဖြေရှင်းချက်တွေနဲ့ ချောမွေ့စွာ ချိတ်ဆက်နိုင်မှုတို့အတွက် ဒီလိုဝန်ဆောင်မှုမျိုးတွေနဲ့ လမ်းသစ်ဖောက်ပေးခွင့်ရတဲ့အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။ ဒီမိတ်ဖက်ပူးပေါင်းမှုကနေ တစ်ဆင့် တယ်လီဖုန်းဆယ်သွယ်ရေးကဏ္ဍနဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍတွေရဲ့ အကောင်းဆုံးဆိုတဲ့ အရာတွေကို စီးပွားရေးလုပ်ငန်း အပြန်အလှန် အကျိုးရှိရှိနဲ့  နှစ်ဦးနှစ်ဖက်လုံး အသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ ကဏ္ဍအသီးသီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို သိသိသာသာ အထောက်အကူဖြစ်စေနိုင်တဲ့ အရည်အသွေးမြင့် ဝန်ဆောင်မှုတွေကိုလည်း ကျွန်တော်တို့ လုပ်ငန်းနှစ်ခုရဲ့ customer တွေအတွက် ပေးအပ်သွားနိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။” ဟု Myanmar Airways International ၏ စီးပွားရေးအရာရှိချုပ် Tanes Kumar ကပြောကြားခဲ့သည်။