မိုခါမုန်တိုင်းကြောင့် ဆက်သွယ်ရေး ပြတ်တောက်ခဲ့သည့် ကာလအတွင်း သက်တမ်းကုန်ဆုံးခဲသည့် တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုများကို MPT မှ ပြန်လည်ဖြည့်ဆည်း

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ကတိကဝတ်နှင့်အညီ မိုခါမုန်တိုင်းဒဏ်ကြောင့် တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုပြတ်တောက်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည့် ရခိုင်၊ မကွေးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ MPT သုံးစွဲသူများအား ဝန်ဆောင်မှုပြတ်တောက်ခဲ့သည့် ကာလအတွင်း သက်တမ်းကုန်ဆုံးခဲ့သော ၎င်းတို့၏ Data နှင့် Voice ပက်ကေ့ချ်များ၊ ထောဘီပက်ကေ့ချ်၊ Missed call Alert နှင် ခေါ်သူနားဆင်တေးသံစဥ်(CRBT) ဝန်ဆောင်မှုများအား ပြန်လည်ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။

ဇူလိုင်လ ပထမ အပတ်မှစတင်၍ MPT ၏ မိုဘိုင်းကွန်ရက်များအားလုံး ပုံမှန်အတိုင်းပြင်ဆင်နိုင်ခဲ့ပြီးဖြစ်ကာ သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများအားလုံးကို မူလအတိုင်း ပြန်လည် အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။

MPT အနေဖြင့် ဆက်သွယ်ရေး အဆင်ပြေလွယ်ကူစေရန်အတွက်  သုံးစွဲသူများ၏ ကောင်းကျိုးနှင့်  စိတ်ကျေနပ်မှု ရရှိရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုပြတ်တောက်ခြင်း ဖြစ်ပေါ်ခဲ့သည့်ဒေသများရှိ MPT သုံးစွဲသူများ၏ ဝယ်ယူထားရှိခဲ့သည့် Data နှင့် အသံပက်ကေ့ချ်များ၊ ထောဘီပက်ကေ့ချ် နှင့် Unlimited VAS ပက်ကေ့ချ်များအား အသုံးပြုနိုင်ရန် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက် နေ့မှ စတင်၍ ပြန်လည်ဖြည့်ဆည်း ပေးအပ်သွားမည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှု ပြန်လည်ဖြည့်ဆည်း ပေးထားကြောင်း MPT က ပေးပို့သည့် စာတိုကို လက်ခံရရှိမည်ဖြစ်ပြီး *224# (သို့မဟုတ်) MPT4U မှ တစ်ဆင့် စစ်ဆေးနိုင်မည် ဖြစ်ပါသည်။ သုံးစွဲနိုင်သည့်သက်တမ်းမှာ ၇ ရက်ဖြစ်ပြီး စာတိုရရှိချိန်မှစတင်၍ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Miss called Alert နှင် ခေါ်သူနားဆင်တေးသံစဥ်(CRBT) ဝန်ဆောင်မှု အတွက် စာတိုများကိုလည်း တစ်ပြိုင်နက်တည်း ပေးပို့သွားမည် ဖြစ်ပါသည်။

Image: MPT

တယ်လီကွန်းဝန်ဆောင်မှု ပြတ်တောက်မှုကို တွေ့ကြုံခံစားခဲ့ရသည့် သုံးစွဲသူများအား ဝန်ဆောင်မှု ပြန်လည်ဖြည့်ဆည်းရာတွင် FTTH သုံးစွဲသူများအတွက်လည်း သီးခြားအစီအစဥ်များဖြင့် ဝန်ဆောင်မှုများ ပြန်လည်ဖြည်းဆည်း ပေးခဲ့ပြီးဖြစ်ပါသည်။

မိုခါမုန်တိုင်းဒဏ်ကြောင့် တယ်လီကွန်းဝန်ဆောင်မှုများ သုံးစွဲရာတွင် အခက်အခဲနှင့် ကြုံတွေ့ခဲ့ရသည့် သုံးစွဲသူများအား ဝန်ဆောင်မှုများ ပြန်လည်ဖြည့်ဆည်းပေးခြင်းသည် ကွန်ရက်ပြတ်တောက်ချိန်တွင် သက်ရောက် ခဲ့ရသည်များအတွက် တုံ့ပြန်ဆောင်ရွက်ပေးရန် MPT ၏ ထပ်မံအားထုတ်မှု တစ်ခု ဖြစ်ပါသည်။ MPT အနေဖြင့် မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ဒေသအား မေလ ၁၅ ရက် မှ မေလ ၃၁ရက်အထိ MPT ဖုန်းအချင်းချင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ဆိုခွင့်၊ စာတိုပေးပို့ခွင့်နှင့်  စုစုပေါင်းဒေတာ (5 GB)    ထောက်ပံ့ ပေးအပ်ခဲ့ပြီး  ဇွန်လ (၁) ရက်နေ့မှ စတင်၍  ရခိုင်ဒေသရှိ ပြည်သူများ ဆက်သွယ်ရေး အဆင်ပြေ လွယ်ကူစေရန်အတွက် အကန့်အသတ်မရှိ Viber Message နှင့် MPT အချင်းချင်း စာတို အခမဲ့ပေးပို့ခွင့် တို့ကို ပေးအပ်လျက် ရှိပါသည်။

MPT အနေဖြင့် ရခိုင်ဒေသရှိ ပြည်သူများအတွက် ကဏ္ဍများစွာတွင် ထောက်ပံ့ပေးအပ်မှုများကို ဆောင်ရွက်လျက်ရှိပြီး ယင်းတွင် စစ်တွေကွန်ပြူတာတက္ကသိုလ်၊  စစ်တွေပြည်သူ့ဆေးရုံကြီးတို့သို့  အင်တာနက် လိုင်းများတပ်ဆင်ပေးခြင်း နှင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် မြန်မာကျပ်ငွေ သိန်း ၁၀၀၀ကို လှူဒါန်းခြင်းတို့လည်း ပါဝင်ပါသည်။ MPT အနေဖြင့် ရခိုင်ဒေသရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများကို အထောက်အပံ့ ပြုမှုများအပါအဝင် အင်တာနက်ဒေတာ နှင့် ဖုန်းခေါ်ဆိုမှုများ အခမဲ့ပေးအပ်ခြင်းတို့အတွက် ပမာဏအနေဖြင့်  လက်ရှိအချိန်ထိ ကျပ်ငွေသန်းပေါင်း ၁၈,၉၄၀ ခန့်ကို ထောက်ပံ့ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းမှ MPT သုံးစွဲသူများအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် SMS စာတို မှတစ်ဆင့် ပါဝင်လှူဒါန်းနိုင်မည့် အစီအစဥ်ကိုလည်း  ဇွန်လ (၇) ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ ဇူလိုင် (၁၂) ရက်နေ့အထိ မြန်မာကျပ်ငွေသိန်း (၉၀)ကျော် လှူဒါန်းမှုများကို လက်ခံရရှိထားပြီး ဖြစ်ပါသည်။ စစ်မှန်သော ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အနေဖြင့် သုံးစွဲသူများ၏ ထောက်ခံအားပေးမှုကို ကျေးဇူးအထူးတင်ရှိပြီး “မြန်မာပြည်နှင့် အတူရှိနေမည်” ဟူသည့် ကတိကဝတ် နှင့်အညီ ရခိုင်ဒေသမှပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ရခိုင်ဒေသရှိပြည်သူများနှင့်အတူ ရှိနေမည်ဖြစ်ပါသည်။