ဈေးကွက်ထဲရောက်ရှိလာပြီဖြစ်တဲ့ Nothing Phone 2

စမတ်ဖုန်းဈေးကွက်မှာ ဆန်းသစ်လွန်းတဲ့ဒီဇိုင်းနဲ့ Nothing Phone ဟာ ၂၀၂၂ ခုနှစ်မှာ Nothing Phone 1 ကို စတင်မိတ်ဆက်ခဲ့ပြီး ၂၀၂၃ ဇူလိုင်လ ၁၁ ရက်နေ့မှာပဲ Nothing Phone 2 ကို ဈေးကွက်မှာ စတင် ရောင်းချ လိုက်ပြီ ဖြစ်ပါတယ်။ ယျေဘူယျအနေနဲ့ဆိုရင်တော့ ဒီဇိုင်းပိုင်းမှာ Nothing Phone 2 ဟာ မနှစ်ကထွက်ရှိခဲ့တဲ့ Nothing Phone 1 နဲ့ ဆင်တူနီးပါးဖြစ်နေပေမယ့် နည်းပညာပိုင်းမှာတော့ ကွဲပြားမှုတွေရှိနေပါတယ်။ Nothing Phone 1 မှာ ကြက်တူရွေးကို ကိုယ်စားပြုဖော်ပြထားပေမယ့် Nothing Phone 2 ကိုတော့ ရေဘဝဲနဲ့ ကိုယ်စားပြုဖော် ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Image: Nothing

Nothing Phone 2 ရဲ့အနောက်ဘက်မှာ White နဲ့ Dark Grey ဆိုပြီး ရွေးချယ်နိုင်မယ့် Transparent Design နဲ့ Nothing Phone 1 လို Glyph မီးရောင်တွေကို ထည့်သွင်းထားပါတယ်။ ဒါပေမယ့် Phone 1 နဲ့မတူညီတဲ့ အချက်ကတော့ မီးရောင်ကို အပိုင်းလိုက်ခွဲခြားထားပြီး အလယ်က Ring ကိုလည်း ၆ ပိုင်းအထိ ခွဲထား ပါသေးတယ်။ Phone 1 နဲ့ ယှဉ်လိုက်ရင် Screen အရွယ်အစားကလည်း အနည်းငယ်ကြီးနေမှာပါ။ ဖုန်းရဲ့အနောက်ဘက်အတွက် Curved Black Glass Design ကို အသုံးပြုပေးထားပြီး ၉၀% ကို Recycled Materials တွေကိုပဲ အသုံးပြု ပေးထားတယ်လို့ သိရပါတယ်။ Display ပိုင်းမှာလည်း ၆.၇ လက်မ 120Hz OLED Screen ကို အသုံးပြုပေးထားသလို Peak Brightness 1600 nits အထိရှိတဲ့ Display ကို အသုံးပြု ပေးထားပါတယ်။

Image: Nothing

Qualcomm Snapdragon 8+ Gen 1 Chipset ကို Performance ပိုင်းအတွက်ထည့်အသုံးပြုပေးထားပြီး OS အတွက် Android 13 with Nothing OS 2.0 ကို အသုံးပြုပေးထားပါတယ်။ 50MP ကင်မရာနှစ်လုံးနဲ့ 32MP Selfie Camera တစ်လုံးပါရှိမှာ ဖြစ်ပါတယ်။ ဘတ္ထရီပမာဏအနေနဲ့ 4700mAh ပါဝင်မှာဖြစ်ပြီး Wired Charging အတွက် 45W, Wireless Charging အတွက် 15W နဲ့ Reverse Wireless Charging အတွက် 5W အထိ Support ပေးမှာ ဖြစ်ပါတယ်။ 45W Charging အသုံးပြုနိုင်ပေမယ့် ဖုန်းဝယ်ယူရင် Charger ပါဝင်မှာတော့မဟုတ်ပါဘူး။ ဖုန်းနဲ့ရေဒဏ်ခံနိုင်မှုအတွက်လည်း IP54 အထိမြင့်တင်ထားပေးပါသေးတယ်။

Image: Nothing

Nothing Phone 2 ကို

8GB RAM 128GB Storage: $599

12GB RAM 256GB Storage: $699

12GB RAM 512GB Storage: $799 အသီးသီးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Pre-order မှာယူလိုသူတွေအနေနဲ့ Nothing Phone ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကစတင်ပြီး မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ ဈေးကွက်အတွင်း စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။