Image Source: https://www.celebritypix.us
မြန်မာမှာလည်း စတင်ဆောင်ရွက်နေတဲ့ အွန်လိုင်းစျေးဝယ်ဆိုဒ်တွ တိုပွား လာနေပါတယ်။ ငွေပေးချေမှု စနစ် တွေလည်း သိပ်ပြီး မရှိသေးတဲ့ တာတို့၊ ငွေပေးချေဖို့အတွက် ကဒ် ကိုင်ဆောင်သူတွေ နည်းသေးတာတို့ကနေ၊ shopping site မဟုတ်တဲ့ facebook page တွေမှာ ကုန်ပစ္စည်းတွေကို မိတ်ဆက်ပြီး၊ Comment တို့ Message တို့ဖြင့် အပေးအယူ လုပ်ပြီး ရောင်းနေတဲ့ နေရာတွေကများပါတယ်။
ငွေပေးချေမှု လုပ်ငန်းစဉ် ဟာ Cash on delivery စနစ်တွေက များတယ်။ Delivery နဲ့ ပက်သက်ပြီး ပို့ဆောင်ပေးတဲ့ လုပ်ငန်းတွေ အတော်လေး ရှိပေမယ့်လို့၊ Delivery ပို့တဲ့ လုပ်ငန်း တွေဆီ မယုံကြည်လို့ သို့မဟုတ် ပို့ခဈေးကြီးလို့ သို့မဟုတ် အကြောင်းပြချက် မသိပေမယ့်လို့၊ ရောင်းနေတဲ့ ကုမ္ပဏီတွေက ကိုယ့်ဘာသာ ပို့တာတွေလည်းရှိတယ်။
Read more