အရစ်ကျစနစ် တန်ဖိုးနည်း၊အဆင့်မြင့် အိမ်ရာပြပွဲ Housing & Lifestyle Expo 2017

Image Source: https://www.facebook.com/house.com.mm
တန်းဖိုးနည်း တိုက်ခန်းငယ်တွေကစပြီး အဆင့်မြင့် ကွန်ဒိုတိုက်ခန်းတွေအထိ အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်မယ့် Housing & Lifestyle Expo 2017 အိမ်ခြံမြေနဲ့ လူ့အသုံးအဆောင် ကုန်စည်ပြပွဲကို ရန်ကုန်မြို့မင်းဓ္ဓမလမ်းက MCC ခန်းမမှာ ဇွန်လ(၂၃)ရက်နေ့ကနေ (၂၅)ရက်နေ့အထိ (၃)ရက်တိုင်တိုင် မနက်(၉)နာရီကနေ ညနေ(၆)နာရီအထိ ကံစမ်းမဲအစီအစဉ်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ ရှိပါတယ်။ ဒီပြပွဲမှာ အိမ်ရာ၊တိုက်ခန်းတွေကို အဓိကထား ပြသသွားမှာဖြစ်သလို လူအသုံးအဆောင် ပစ္စည်းတွေကိုပါ ထည့်းသွင်းပြသသွားမှာပါ။ ဒီ Housing & Lifestyle Expo 2017 ဟာ House.com.mm ရဲ့ (၃)ကြိမ်မြောက် အိမ်ရာပြပွဲကြီးပဲဖြစ်ပါတယ်။
မြို့ပြလူဦးရေ တိုးလာတာနဲ့အမျှ အခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့ နေအိမ်လိုအပ်မှု ပြဿနာကလည်း အခုနှစ်တွေမှာ သိသိသာသာကို ဖြစ်ပေါ်လာပါတယ်။ အခြေခံလူတန်းစားအတွက် တန်ဖိုးနည်းအိမ်ရာတွေ အရေးပေါ်လိုအပ်ချက် ရှိနေသလို ပြောင်းလဲလာတဲ့ခေတ်ရဲ့ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများအတွက် အဆင့်မြင့်အဆောက်အဦတွေလည်း လိုအပ်လို့နေပါတယ်။ ဒီလိုအပ်ချက်တွေအတွက် အိမ်ခြံမြေ အဆောက်အဦတွေ ဖော်ထုတ်တဲ့အနေနဲ House.com.mm က ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်-CHD Bank၊ Bath & Kitchen၊ ကံဘဲ့တာဝါ၊ ဗိုလ်ပုဂံ ဆောက်လုပ်ရေး၊ ထွန်းဆောက်လုပ်ရေး၊ Global World Insurance အပါအဝင် အခြား ဆောက်လုပ်ရေးလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းရောင်းချသူတွေနဲ့ ပူးပေါင်းပြီး ဒီ Housing & Lifestyle Expo 2017 ကိုပြုလုပ်လိုက်တာ ဖြစ်ပါတယ်။
ဒီအထဲမှာ ပါ၀င်တဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်-CHD Bank ဆိုတာကလည်း အခြေခံလူတန်းစားအတွက် တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ပေးပြီး အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတဲ့ ဘဏ်တစ်ခုပါ။ ဒီဘဏ်မှာ ငွေစုပြီး တန်ဖိုးနည်းအိမ်ရာတွေကို အရစ်ကျစနစ်နဲ့ ၀ယ်ယူလို့ရပါတယ်။ ဒီပွဲမှာလည်း အခြေခံလူတန်းစားတွေကို ရည်ရွယ်ပြီး ငွေအနည်းငယ် ရှိရုံနဲ့ တန်ဖိုးနည်းတိုက်ခန်းတွေ ၀ယ်ယူနိုင်တဲ့အကြောင်း၊ အိမ်၀ယ်ဖို့ရည်ရွယ်ပြီး ငွေစုနိုင်ခြင်းနှင့် သူတို့ရဲ့လုပ်ငန်းစဉ်တွေကို လူတွေပိုမိုသိလာအောင် ဖော်ပြသွားမယ်လို့ သိရပါတယ်။ ဆောက်လုပ်ရေး ၀န်ကြီးဌာနလက်အောက်မှာရှိတဲ့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကလည်း ဆောက်လုပ်ပြီးစီးခဲ့တဲ့ အိမ်ရာတွေ၊ အခုလက်ရှိ ဆောက်လုပ်ဆဲနဲ့ နောက်ထပ်ဆောက်လုပ်ဖို့ရှိတဲ့ အစီအစဉ်တွေကို ဖော်ပြသွားဖို့လည်း ရှိပါတယ်။
ယင်းအပြင် ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီတွေကလည်း သူတို့ရဲ့ ဆောက်လုပ်ပြီးစီးထားတဲ့ တိုက်ခန်းများကို ဖော်ပြသွားမှာဖြစ်ပြီး လူအသုံးအဆောင် ကုမ္ပဏီတွေကလည်း ကုန်ပစ္စည်းများခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ ပြပွဲအတွင်း လာရောက်လေ့လာသူတွေအတွက် တစ်နာရီတစ်ကြိမ်စီ ကံစမ်းမဲ ဖောက်ပေးသွားမယ်လို့လဲ သိရပါတယ်။ ပြပွဲဒုတိယနေ့မှာတော့ တန်ဖိုးနည်းအိမ်ရာအကြောင်း ဆွေးနွေပွဲတစ်ခုကိုလည်း ပြုလုပ်သွားဖို့ ရှိပါတယ်။
ဒီပြပွဲကို House.com.mm က ဦးစီးပြုလုပ်တာဖြစ်တဲ့အတွက် သူ့ရဲ့အကြောင်းကိုလည်း နည်းနည်းတင်ပြပေးချင်ပါတယ်။ House.com.mm ဟာ မြန်မာနိုင်ငံ အိမ်ခြံမြေရောင်း၀ယ်ရေး လောကမှာ ထပ်တန်းအဆင့်ရှိတဲ့ အကျိုးဆောင် ကုမ္ပဏီကြီးတစ်ခုပါ။ နံပါတ်တစ်ရယ်လို့တော့ မပြောလိုပါဘူး။ ထပ်တန်းအဆင့် ရှိတယ်လို့ပဲပြောပါရစေ။ ဘာလို့ဆိုတော့ သူ့လို့အကျိုးဆောင် ကုမ္ပဏီနာမည်ကြီးတွေလည်း တစ်ခုစ၊နှစ်ခုစ ရှိပါသေးတယ်။
House.com.mm က သူ့ရဲ့လုပ်ငန်းတွေကို ခေတ်နဲ့အညီ Online ကိုအဓိကထား လုပ်ကိုင်ပါတယ်။ Website နဲ့ Facebook Page တွေကနေပြီး အိမ်ခြံမြေ အရောင်း၊ အငှားတွေကို တင်ဆက်ပေးပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ရောင်းလို၊ ငှားလိုတဲ့ စရင်းတွေ ရှိတယ်ဆိုပေမယ့် အဓိကရှိတာကတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က အိမ်ခြံမြေတွေလောက်ပါပဲ။ ဘာလို့ဆိုတော့ နယ်မြို့တွေမှာဆိုတာက အကျိုးဆောင်တွေနဲ့ အလုပ်လုပ်တဲ့ဓလေ့ သိပ်မရှိကြပါဘူ။ ဒီလိုပဲ ရပ်ကွက်ထဲက တစ်ယောက်စကားတစ်ရာနား လက်ဆင့်ကမ်းပြီးပဲ ရောင်း၀ယ်ကြတဲ့ သဘောပါ။ စက်ရုံတွေ၊ စီမံကိန်းတွေ လုပ်လို့ရနိုင်တဲ့ မြေဧရိယာ တော်တော်ကျယ်၀န်းတဲ့ ပမာဏရှိမှသာ အရောင်းကြောငြာ လာတင်ကြတာတွေလောက်ပဲ ရှိပါလိမ့်မယ်။ House.com.mm ဟာ မြန်မာပြည်မှာ နာမည်ကြီး အိမ်ခြံမြေလုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတာဖြစ်ပြီး သတ်မှတ်ချက်များနဲ ကိုက်ညီတဲ့ အိမ်ခြံမြေများကိုပဲ ဖော်ပြပေးနေတာပါ။
၀ယ်ယူ၊ငှားရမ်း လိုတဲ့လူတွေအနေနဲ့တော့ House.com.mm ၀က်ဘ်ဆိုက်သို့ ၀င်ရောက်ပြီး မိမိသတ်မှတ်ထားတဲ့ နှုန်းတွေနဲ့ ကိုက်ညီတဲ့ အိမ်ခြံမြေတွေကို အလွယ်တကူ ရှာဖွယ်နိုင်ပါလိမ့်မယ်။ ရှာဖွယ်ရာမှာ အရောင်း၊အငှား၊ စျေးနှုန်း၊ အိမ်၊ ခြံ၊ မြို့နယ် စတဲ့အချက်တွေ ဖြည့်စွက်ပြီး ရှာဖွယ်ရမှာဖြစ်ပါတယ်။ ကြိုက်နှစ်သက်တာတွေ တွေ့ရှိပါက ပတ်၀န်းအနေအထားတွေကိုပါ GPS နဲ့လေ့လာကြည့်ရှု့လို့ ရပါသေးတယ်။ Facebook Page မှာလည်း နေ့စဉ်အသစ်ရောက်လာတဲ့ အရောင်း၊ အငှား အိမ်ခြံမြေတွေကို ဖော်ပြပေးလျက်ရှိပါတယ်။ တကယ်လို့ မိမိအနေနဲ့ ရောင်းချလိုဖြင်း(သို့) ငှားပေးလိုတယ်ဆိုပါကလည်း မိမိအဆောက်အဦ(သို့) ခြံ၀န်းရဲ့ ဓာတ်ပုံနဲ့ အချက်အလက် အပြည့်အစုံကို ပေးပို့ပြီး ကြော်ငြာထားလို့ ရပါတယ်။
Housing & Lifestyle Expo 2017 ပြပွဲကြီးမှာ တန်ဖိုးနည်း၊ အဆင့်မြင့် အိမ်ခြံမြေတွေ အရောင်း၊ အငှား အစုံခင်းကျင်းပြသထားမှာမို့လို့ မိမိအနေနဲ့ ခုလောလောဆယ် ၀ယ်လို၊ငှားလိုခြင်း မရှိသေးဘူးဆိုရင်တောင်မှ မြန်မာပြည်ရဲ့ အိမ်ခြံမြေတွေအကြောင်း စိတ်၀င်စားတယ်ဆိုရုံနဲ့ တစ်ခေါက်လောက် သွားရောက်လေ့လာသင့်တယ်လို့ ထင်မြင်မိပါကြောင်းရေးသားပြီး တင်ဆက်ပေးလိုက်ပါတယ်။

House.com.mm Facebook Page

House.com.mm Website