စီပွားရေးနဲ့ စီမံခန့်ခွဲမှုတက္ကသိုလ်ကျောင်းသားတွေအတွက် Shop Champion Program ပြိုင်ပွဲ

Image Source: https://www.shop.com.mm/en/

Shop.com.mm ဆိုတဲ့ Online Shopping Website ကို လူတိုင်းနီးပါး သိကြမယ်ထင်ပါတယ်။ မြန်မာပြည်က အွန်လိုင်းရှော့တွေထဲမှာဆိုရင် သူကတော်တော်ကြီးပါတယ်။ ကြာလည်းကြာပါပြီ။ မြန်မာတစ်နိုင်ငံတည်းမှာ ဖွင့်ထားတာတောင် မဟုတ်ပါဘူး။ ဘဂ်လားဒေ့ရှ်၊ ပါကစ္စတန်နဲ့ သီရိလင်္ကာတို့မှာလည်း ဖွင့်ထားပါသေးတယ်။ ဒီ၀က်ဆိုက်ဒ်မှာ လူသုံးကုန်စ္စည်း အစုံအလင် ရနိုင်ပါတယ်။ အစားအသောက်၊ အ၀တ်အထည်၊ လျှပ်စစ်ပစွည်း၊ IT အဲဒီလို အားလုံးအစုံကို ရနိုင်ပါတယ်။

အခုအဲဒီ Shop.com.mm က ပြည်တွင်းက စီးပွားရေနဲ့ စီမံခန့်ခွဲမှုတက္ကသိုလ်ကျောင်းသားတွေအတွက် အွန်လိုင်းရှောပင်းနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ နယ်ပယ်တွေမှာ အသိ၊အတတ်ပညာတွေနဲ့ အတွေ့အကြုံတွေရရှိဖို့ ရည်ရွယ်ပြီး Shop Champion Program ဆိုတဲ့ပြိုင်ပွဲကို ဒီလအတွင်းမှာပဲ ကျင်းပပေးသွားဖို့ရှိပါတယ်။ Shop.com.mm ဟာ ဒီလိုပြိုင်ပွဲမျိုးကို အရင်တုန်းက ပါကစ္စတန်၊ ဘဂ်လားဒေ့ရှ်၊ သီရိလင်္ကာနဲ့ နီပေါတို့မှာလည်း ကျင်းပခဲ့ဖူးပါတယ်။ အခုမြန်မာပြည်မှာ ဒီပြိုင်ပွဲကျင်းပဖို့အတွက်လည်း ပြီးခဲတဲ့လက အမျိုးသားစီမံခန့်ခွဲမှုတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ STI Myanmar University, WISE College နဲ့ အခြားထိပ်တန်းစီးပွားရေး တက္ကသိုလ်တွေမှာ ကျောင်းသား/သူတွေးအတွက် ဆွေနွေးပွဲတွေကျင်းပပေးခဲ့ပြီး ပါ၀င်ယှဉ်ပြိုင်ပုံ အချက်အလက်တွေနဲ့ အစီအစဉ်အသေးစိတ်တွေကို ရှင်းပြခဲ့ပြီးပါပြီ။ အဲဒီအချိန်ကတည်းက စိတ်၀င်စားပြီး ပြိုင်ပွဲ၀င်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသားတွေကတော့ သေသေချာချာ လေ့လာထားပြီး ဖြစ်နေပါလိမ့်မယ်။

ပြိုင်ပွဲ၀င်ရမယ့်ပုံစံကတော့ (၃)ယောက်(၁)ဖွဲ့စီ ယှဉ်ပြိုင်ရမှာပါ။ ဒီလိုအဖွဲ့လိုက်ပုံစံဆိုတော့လည်း အကဲဖြတ်မယ့် ဒိုင်တွေအတွက်လည်း အဆင်ပြေသလို၊ ပြိုင်ပွဲ၀င်တွေအတွက်လည်း စုဖွဲ့မှုအားနဲ့ အကြံဉာဏ်တွေ ပူးပေါင်းပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကြိုးစားယှဉ်ပြိုင်ရမှာဖြစ်လို့ အားလုံးအားတက်သရော ရှိကြပါလိမ့်မယ်။ ​ကျောင်းသားတွေ ဖြေဆိုရမယ့် Digital Marketing, Information Technology, Sales Force, Commercial, Operation စတဲ့ကဏ္ဍအသီးသီးနဲ့ သက်ဆိုင်တဲ့ Case Study မေးခွန်းတွေကို Shop.com.mm ၀က်ဆိုက်ဒ်မှာ ဖော်ပြသွားမှာလို့ သိရပါတယ်။ ပါ၀င်ယှဉ်ပြိုင်ကြမယ့် ကျောင်းသားအဖွဲ့တွေကို အဆင့်ဆင့်စစ်ဆေးသွားမှာဖြစ်ပြီး နောက်ဆုံးကျန်တဲ့ (၁၀)ဖွဲကတော့ အကဲဖြတ်ဒိုင်တွေရဲ့ရှေ့မှာ Presentation နဲ့တင်ဆက်ယှဉ်ပြိုင်သွားရမှာပါ။ ပြိင်ပွဲရဲ့ ဆုချီးမြှင့်မှုတွေကတော့ ပထမဆု ကျပ်သိန်း(၂၀)၊ ဒုတိယဆု ကျပ်သိန်း(၁၀)နဲ့ တတိယဆုကတော့ ကျပ်(၅)သိန်း ရရှိမှာဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံးစကာတင် ဆယ်ဖွဲ့မှကျောင်းသားတွေကို Shop.com.mm က လူတွေ့စစ်ဆေးပြီး သတ်မှတ်အရည်အချင်းနဲ့ ပြည်မီသူတွေကို အလုပ်ခန့်အပ်သွားမှာပါ။ ဒါ့ကြောင့် နောက်ဆုံး(၁၀)ဖွဲ့မှာ ပါ၀င်တဲ့ကျောင်းသားတွေအနေနဲ့ အကြောင်းကြောင်းကြောင့် ဆုတွေနဲ့လွဲချော်ခဲ့ရင်တောင်မှ မိမိရဲ့ပင်ကိုယ် အရည်အချင်းကိုသုံးပြီး တရား၀င်၀န်ထမ်းတစ်ဦးဖြစ်ဖို့ အခွင့်အရေးကို မျှော်လင့်နိုင်ပါသေးတယ်။

အခုခေတ်က ကမ္ဘာကြီးမှာ လူ့အသုံးဆောင်ပစွည်းတွေကို အွန်လိုင်းရှော့တွေကပဲ အဓိကထားပြီး အရောင်းအ၀ယ်လုပ်နေကြတဲ့အချိန်။ မြန်မာပြည်မှာလည်း အွန်လိုင်းရှောပင်းတွေ အောင်မြင်နေတဲ့ခေတ်၊ ပြီးတော့ မှိုလိုပေါနေတဲ့အချိန်၊ အပြင်ထွက်ပြီး အလုပ်မလုပ်ချင်တဲ့လူတိုင်း လက်လှမ်းမီတဲ့ ကုန်ပစ္စည်းဒိုင်တွေနဲ့ ပူးပေါင်းပြီး အွန်လိုင်းရှော့တွေ ကိုယ်စီကိုယ်စီနဲ့ အိမ်ကနေတစ်ဆင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြတာတွေ အများကြီး။ ပြီးတော့ကုန်ပစ္စည်းအသေးစားတွေ အိမ်အရောက်ပို့ပေးတဲ့ လုပ်ငန်းတွေလည်း ပေါပေါများများရှိနေတာဆိုတော့ တစ်နိုင်ငံလုံးအနှံ့က အမှာတွေကိုလည်း အချိန်ရက်ပိုင်းအတွင်း လုံလုံခြုံခြုံ အရောက်ပို့ပေးနိုင်တာဆိုတော့ အားလုံးအတွက် အဆင်ပြေအကျိုးရှိစေပါတယ်။

ဒီလိုအွန်လိုင်းရှော့တွေ အောင်မြင်နေတဲ့အချိန်မှာ မိမိတို့ရဲ့အွန်လိုင်ရှော့ကို ပြည်တွင်းမှာသာမက ပြည်ပထိပါထိုးဖောက် အောင်မြင်နိုင်ဖို့ အတွက်ဆိုရင်တော့ အကြံဉာဏ်၊ နည်းပညာပိုင်းတွေနဲ့ စီမံခန့်ခွဲမှုအပိုင်းတွေမှာ ခေတ်နဲ့အညီ အဆင့်အတန်းမြင့်မြင့် လုပ်ဆောင်နိုင်ဖို့ လိုလာပါပြီ။ ဒီလိုအခြေခံကျကျ ခေတ်မီဆန်းသစ်တဲ့ လိုအပ်ချက်တွေကို လက်ဆင့်ကမ်းမျှဝေပေးဖို့နဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေ ရရှိစေဖို့ရည်ရွယ်ချက်နဲ့ Shop.com.mm က ဒီပြိုင်ပွဲ ကျင်းပပြုလုပ်ပေးတာ ဖြစ်တယ်ဆိုတဲ့အကြောင်းတင်ပြပြီး စိတ်ပါ၀င်စားတဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ တက္ကသိုလ်တွေက ကျောင်းသားတွေအနေနဲ့ မိမိတို့ရည်မှန်းချက်ခရီးအတွက် အတွေ့အကြုံတစ်ခုရနိုင်မယ့် ဒီပြိုင်ပွဲကို ပါ၀င်ယှဉ်ပြိုင်ကြည့်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။

လျှောက်ထားရန်