အမိုက်စား Selfie ကင်မရာနှင့် ဈေးနှုန်းပိုမိုသက်သာတဲ့ Samsung Galaxy A14 စမတ်ဖုန်းအသစ်တွေကို မြန်မာနိုင်ငံတစ်ဝန်းမှာ ဝယ်ယူရရှိနိုင်

မတ်လ ၂၅ ရက်နေ့က “A Galaxy Ma­nia” အခမ်းအနားကြီးနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ နောက်ဆုံးပေါ် Galaxy A14 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံတစ်ဝန်းမှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

Image: Samsung

ပိုမိုအဆင့်မြင့်တင်ထားတဲ့ အမိုက်စား 13 MP Selfie ကင်မရာ ၊ ကြီးမားကျယ်ပြန့်တဲ့ ဘေးဘောင်မဲ့ 6.6” FHD+ ဖုန်းမျက်နှာပြင်၊ အချိန်ကြာရှည်အသုံးခံတဲ့ 5,000mAh ဘက်ထရီတို့ ပါဝင်လာတဲ့အပြင် Premium ဆန်ဆန် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့  Galaxy A14 စမတ်ဖုန်းတွေက ဈေးနှုန်းပိုမိုသက်သာပြီး လူငယ်တွေ သဘောကျနှစ်သက်မယ့် Silver, Black နဲ့ Dark Red အရောင် ၃ ရောင်နဲ့ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းတွေအနေနဲ့ကတော့

  • 6 / 128 GB အမျိုးအစား အတွက် မြန်မာငွေကျပ် ၆၂၅,၀၀၀
  • 4 / 128 GB အမျိုးအစား အတွက် မြန်မာငွေကျပ် ၅၇၉,၀၀၀
  • 4 / 64 GB အမျိုးအစားအတွက် မြန်မာ‌ငွေကျပ် ၅၃၅,၀၀၀

တို့နဲ့ အသီးသီး ဝယ်ယူသွားနိုင်မှာပါ။

Image: Samsung

ဝယ်ယူအားပေးတဲ့ Samsung ချစ်သူတွေ အတွက် Charger၊ ဖုန်းကာဗာနဲ့ နားကြပ်လက်ဆောင်တွေကို မေတ္တာလက်ဆောင် အဖြစ် ပေးအပ်သွားမှာ ဖြစ်တဲ့အပြင် ၊ ဝယ်ယူတဲ့နေ့ကနေ ၆ လအထိ Samsung Care+ Premium ဝန်ဆောင်မှု (ရှေ့မျက်နှာပြင် မတော်တဆ အက်ကွဲခြင်းအတွက် ပြန်လည်ပြုပြင်ရာမှာ ပစ္စည်းနဲ့လက်ခ ၅၀% သက်သာခွင့်) စတဲ့ အထူးအကျိုးခံစားခွင့် တွေကိုလည်း ပေးအပ်သွားမှာပါ။