အူရီဒူးမြန်မာမှ Internship Program ၂၀၂၃ အတွက် အလုပ်သင် လူငယ်များအား ကြိုဆို

အူရီဒူးမြန်မာမှ မကြာသေးမီက ၎င်း၏ရန်ကုန်နှင့် မန္တလေးရုံးများတွင် အလုပ်သင်များအား ကြိုဆိုခဲ့ပါသည်။ အူရီဒူးမြန်မာအနေနှင့် Internship Program ၂၀၂၃ ကို လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖြည့်ဆည်းပေးရန်နှင့် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော ဆက်သွယ်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ပြည်တွင်းမှ အလားအလာရှိသူများအား ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

Image: ooredoo

အူရီဒူးမြန်မာ၏ Internship Program ၂၀၂၃ သည် မြန်မာနိုင်ငံအနှံ့အပြားရှိ လူငယ်များစွာ၏ စိတ်ပါဝင်စားမှုကို လက်ခံရရှိခဲ့ပါသည်။ လျှောက်လွှာများကို ဇန်နဝါရီလ ၂၀၂၃ တွင် စတင်လက်ခံခဲ့ပြီး လျှောက်ထားမှုပေါင်း ၇၀၀ နီးပါး လက်ခံရရှိခဲ့သည်။ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် အညီ စိစစ်ရွေးချယ်ခြင်းနှင့် ကုမ္ပဏီအတွင်း ခန့်ထားနိုင်သည့် နေရာများပေါ်တွင် မူတည်ပြီး အူရီဒူးမှ ပထမအသုတ်အဖြစ် အလုပ်သင် ၃၈ ဦးကို လူ့စွမ်းအားအရင်းအမြစ်ဌာန၊ ဈေးကွက်ချဲ့ထွင်ရေး၊ BL & Analytics, B2B & Wholesales၊ ဒစ်ဂျဏ်တယ်၊ ဘဏ္ဍရေးနှင့် နည်းပညာဌာနများ အပါအဝင်အမျိုးမျိုးသော လုပ်ငန်းနယ်ပယ်များအတွက် ကြိုတင်ခန့်အပ်ခဲ့သည်။

အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Mr. Jeremiah Ratadhi က “ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ မျိုးဆက်သစ်တွေအတွက် ရင်းနှီးမြှုပ်နှံလိုပြီး Internship Program က အနာဂတ်မှာ ဆက်သွယ်ရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်နိုင်မယ့် မျိုးဆက်သစ်လူငယ်တွေကို ပြုစုပျိုးထောင်လေ့ကျင်ပေးနိုင်ဖို့ အူရီဒူးရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ အလုပ်သင်လူငယ်တွေကို အူရီဒူးရဲ့ ရန်ကုန်နဲ့မန္တလေးရုံးတွေမှာ ဝမ်းမြောက်စွာကြိုဆိုခဲ့ရာမှာ သူတို့ရဲ့ စိတ်အားထက်သန်မှုတွေနဲ့ ခွန်အားတွေကို တွေ့မြင်ရတာ ကျေနပ်အားရမိပါတယ်။ ဒီလူငယ်လေးတွေက အစီအစဉ်ကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ မိမိရဲ့ကိုယ်ပိုင်တိုးတက်မှုနဲ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ အကောင်းဆုံးအလေ့အကျင့်တွေကို လေ့လာသင်ယူနိုင်ခြင်းစတဲ့ အကျိုးကျေးဇူး မြောက်မြားစွာကို ရရှိမှာဖြစ်ပါတယ်။” ဟု ပြောကြားလိုက်သည်။

Image: ooredoo

သတ်မှတ်ချက်များနှင့်အညီ ပထမအဆင့်ရွေးချယ်မှုအပြီးတွင် အူရီဒူးမြန်မာမှ သက်ဆိုင်ရာလုပ်ငန်း ဌာနအလိုက်ရှင်းလင်းတင်ဆက်မှုများကိုစီစဉ်ဆောင်ရွက်ခဲ့တာကြောင့်ပထမအဆင့်ရွေးချယ်ခံရသူများသည် ဌာနအသီးသီး၏လုပ်ငန်းဆောင်ရွက်ပုံများကို လေ့လာခွင့်ရရှိခဲ့ကြပြီး မိမိတို့နှစ်သစ်ရာ ထိပ်တန်းဌာန ၃ ခုကို အဆိုပြုလျှောက်ထားနိုင်ခဲ့ကြပါသည်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရသူများအား ဌာနအသီးသီးမှ မန်နေဂျာများနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ကိုယ်စားလှယ်များနှင့်အတူ အင်တာဗျူးများဖြင့် စိစစ်သုံးသပ်ပြီးနောက် စိတ်ပါဝင်စားမှုများနှင့် သက်ဆိုင်ရာ အရည်အချင်းများကို လေ့လာသုံးသပ်ပြီးနောက် ရွေးချယ်ခဲ့ပါသည်။

Image: ooredoo

အူရီဒူးမြန်မာ၏  Internship Program သည် စိတ်အားထက်သန်သည့် လူငယ်များကို တန်ဖိုးရှိသည့် အလုပ်အကိုင်အတွေ့အကြုံများရရှိစေရန်၊ မိမိတို့၏ ကျွမ်းကျင်မှုနှင့်အရည်အချင်းများကို မြှင့်တင်ရန်နှင့် လုပ်ငန်းနယ်ပယ်တူများအကြား ဆက်သွယ်ချိတ်ဆက်မှုများရရှိရန် သင်တန်းကာလအတွင်းလစာထောက်ပံ့မှုများပါဝင်သည့် အစီအစဉ် ဖြစ်သည်။ ၎င်းအစီအစဥ်သည် လုပ်ငန်းတာ၀န်အမျိုးမျိုးတို့တွင်ဝင်ရောက်လုပ်ဆောင်ရင်း လေ့ကျင့်သင်ကြားခြင်းများ၊ စာသင်ခန်းပုံစံ လေ့ကျင့်သင်ကြားမှုများနှင့် အမျိုးမျိုးသော လုပ်ငန်းဌာနများမှ အူရီဒူးမြန်မာ၏ စီမံခန့်ခွဲမှုအဖွဲ့မှ လမ်းညွှန်ပြသပေးမှုများပါဝင်သည့်အတွက်  ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး အာကောင်းသည့် အသိပညာဗဟုသုတများကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။ အစီအစဥ်ကာလမှာ (၃) လကြာမြင့်မည်ဖြစ်ပြီး အစီအစဥ် ပြီးဆုံးသည့်အချိန်တွင် အလုပ်သင်အချို့ကို စိစစ်ရွေးချယ်ကာ အူရီဒူးမြန်မာ၌ အလုပ်ခန့်အပ်သွားမည် ဖြစ်ပါသည်။