(၃)ကြိမ်မြောက် UCSY IT CAMP 2017 ဇွန်လ(၁၄)ရက်တွင် ပြုလုပ်မည်

Image Source: https://www.facebook.com/ucsy.it.camp/

ပြည်တွင်းမှ IT ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နည်းပညာကျောင်းသား/သူများ ပါ၀င်ပြီး ခေတ်နှင့်အညီတိုးတက်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာများအား ဆွေနွေးဖလှယ်ကြမည့် တတိယအကြိမ်မြောက် UCSY IT CAMP 2017 ကို ဇွန်လ(၁၄)ရက် (ဗုဒ္ဓဟူးနေ့)၊ မနက်(၉)နာရီမှ ညနေ(၄:၃၀)နာရီအထိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(ရွှေပြည်သာ)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယခုဆွေးနွေးပွဲသို့ မည်သူမဆို တက်ရောက်နိုင်ပြီး ကံစမ်းမဲအစီအစဉ်များလည်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာများသို့ ၀င်ရောက်လေ့လာနိုင်ပါသည်။

UCSY IT-Camp Facebook Page

UCSY IT-Camp Website