TikTok မှ AI နည်းပညာ ပွင့်လင်းမြင်သာမှုနှင့် အသိပညာပေးမှု မြှင့်တင်ရေးအတွက် ကျွမ်းကျင်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်

TikTok မှ AI နည်းပညာ ပွင့်လင်းမြင်သာမှုနှင့် အသိပညာပေးမှု မြှင့်တင်ရေးအတွက် ကျွမ်းကျင်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ အခြားပလက်ဖောင်းများမှ တစ်ဆင့် AI နည်းပညာအသုံးပြု ဖန်တီးထားသောအကြောင်းအရာများ (AIGC) ကို TikTok တွင် ထားရှိသည့်အခါ အလိုအလျောက် သတ်မှတ်ခွဲခြားပေးမည်ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် Coalition for Content Provenance and Authenticity (C2PA) နှင့် လက်တွဲပူးပေါင်းလုပ်ဆောင်လျက်ရှိရာ Content Credentials နည်းပညာကို အသုံးပြုသည့် ပထမဆုံးသော ဗီဒီယိုမျှဝေခြင်းဆိုင်ရာ ပလက်ဖောင်းတစ်ခုအဖြစ် ရပ်တည်လာခဲ့ပြီဖြစ်ပါသည်။ TikTok ၏ လူမှုအသိုင်းအဝိုင်းအနေဖြင့် AIGC နှင့် အွန်လိုင်းပေါ်တွင် သတင်းအချက်အလက်မှားများဆိုင်ရာ ရှာဖွေအသိပညာမြှင့်တင်နိုင်ရန်အတွက် MediaWise နှင့် WITNESS စသည့် ကျွမ်းကျင်အဖွဲ့အစည်းများ၏ လမ်းညွှန်မှုဖြင့် ဖန်တီးထားသော မီဒီယာဆိုင်ရာ အသိပညာ မြှင့်တင်ပေးမည့် အရင်းအမြစ်သစ်များကိုလည်း မိတ်ဆက်သွားမည်ဖြစ်ပါသည်။

AI နည်းပညာ တိုးတက်လာသည်နှင့်အမျှ ပွင့်လင်းမြင်သာမှုရှိရန် တစိုက်မတ်မတ် ကြိုးပမ်းခြင်း

AI နည်းပညာသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အကြောင်းအရာများကို ဖန်တီးနိုင်စေသော်လည်း ကြည့်ရှုသူများအနေဖြင့် ၎င်းကို AI နည်းပညာဖြင့် ဖန်တီးထားကြောင်း မသိရှိခဲ့ပါက အသိရှုပ်ထွေး သို့မဟုတ် အမှတ်မှား လမ်းလွှဲစေနိုင်ပါသည်။ AI နည်းပညာအသုံးပြု ဖန်တီးထားသော အကြောင်းအရာဖြစ်ကြောင်း ခွဲခြားသတ်မှတ်ပေးခြင်းဖြင့် ယင်းကဲ့သို့သော ပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်ပြီး အကြောင်းအရာရိုက်ကူးဖန်တီးသူများကို TikTok AI Effect များဖြင့် ဖန်တီးထားသည့် AIGC အကြောင်းအရာခွဲခြားသတ်မှတ်မှုများ အသုံးပြုခိုင်းလျက်ရှိသည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ပြီးခဲ့သော ဆောင်းဦးရာသီမှ စပြီး အကြောင်းအရာဖန်တီးသူ ၃၇ သန်းကျော် အသုံးပြုခဲ့သော အလားတူ လုပ်ဆောင်ချက်တစ်ခုကိုလည်း TikTok က ဖန်တီးမိတ်ဆက်ထားပါသည်။

Image: TikTok

AIGC (AI ဖြင့် ဖန်တီးထားသည့် အကြောင်းအရာ ခွဲခြားသတ်မှတ်ပေးခြင်း) ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း

Coalition for Content Provenance and Authenticity (C2PA) နည်းပညာဖြင့် အခြားပလက်ဖောင်းများမှ ဖန်တီးထားသော AIGC များကို Content Credentials များမှ တစ်ဆင့် အလိုအလျောက် အကြောင်းအရာ ခွဲခြား သတ်မှတ်မှုကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။ Content Credential များသည် အကြောင်းအရာနှင့် သက်ဆိုင်သည့် Metadata များ ပါဝင် ပူးတွဲထားလေ့ရှိပြီး ၎င်းမှ တစ်ဆင့် AIGC များကို အကြောင်းအရာခွဲခြား သတ်မှတ် အညွှန်း တပ်နိုင်မည်ဖြစ်ပါသည်။ ထိုလုပ်ဆောင်ချက်များကို ပုံရိပ်များနှင့် ဗီဒီယိုများတွင် စတင် အသုံးပြုနိုင်ပြီဖြစ်ပြီး မကြာမီတွင် အသံသီးသန့်ဖြင့် ဖန်တီးထားသည့် အကြောင်းအရာများတွင်လည်း အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။

မကြာမီလများအတွင်း TikTok အကြောင်းအရာများကို ဒေါင်းလုတ်ဆွဲသည့်အခါ Content Credential များကိုပါ တစ်ခါတည်းပူးတွဲပါဝင်လာအောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် မည်သူမဆို TikTok တွင် ဖန်တီးထားသည့် AIGC များကို C2PA ၏ ခွဲခြားစစ်ဆေးသည့် လုပ်ဆောင်ချက်ကို အသုံးပြုကာ ၎င်းအကြောင်းအရာကို မည်သည့်အချိန်၊ မည်သည့် နေရာတွင် မည်ကဲ့သို့ ဖန်တီးထား၊ တည်းဖြတ်ထားကြောင်းကို သိသာထင်ရှားစွာ သိရှိနိုင်တော့မည်ဖြစ်သည်။ Content Credentials ကို အသုံးပြုနိုင်သည့် အခြားပလက်ဖောင်းများအနေဖြင့် အကြောင်းအရာခွဲခြား သတ်မှတ်အညွှန်းတပ်နိုင်မည်ဖြစ်ပါသည်။

ဆန်းသစ်သည့် အတွေ့အကြုံသစ်ဆိုင်ရာတွင် အသားကျစေရန် ကြိုးပမ်းအားထုတ်မှု

TikTok အနေဖြင့် Content Credentials အသုံးပြုမှုဆိုင်ရာ အားပေးမြှင့်တင်ရာတွင် Adobe မှ ဦးဆောင်သော Content Authenticity Initiative (CAI)အစီအစဥ်တွင် တက်ကြွစွာ ပါဝင်လျက်ရှိသည်။ ထို့အပြင် TikTok သည် Content Credentials ကို လက်တွေ့ကျင့်သုံးသည့် ပထမဆုံး ဗီဒီယိုမျှဝေမှုဆိုင်ရာ ပလက်ဖောင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် အကြောင်းအရာ ခွဲခြားသတ်မှတ်ရန် Content Credentials Metadata များ ပူးတွဲပါဝင်စေရန် လိုအပ်မည်ဖြစ်ကာ TikTok တွင် AIGC အလိုအလျောက် ခွဲခြားသတ်မှတ် အညွှန်းတပ်ခြင်း ရလဒ်များမှာ နည်းပါးနေဦးမည်ဖြစ်ပါသည်။ သို့ရာတွင် အခြားပလက်ဖောင်းများမှ လိုက်ပါလုပ်ဆောင်လာသည်နှင့်အမျှ ရေရှည်တွင် ဗီဒီယိုအကြောင်းအရာများကို ပိုမို များပြားစွာ ခွဲခြားသတ်မှတ် အညွှန်းတပ်ပေးနိုင်မည်ဖြစ်ပါသည်။

“ကမ္ဘာတစ်ဝန်းမှာရှိတဲ့ TikTok လူမှုအသိုင်းအဝိုင်းကြီးနဲ့ အကြောင်းအရာဖန်တီးသူတွေအတွက် C2PA နဲ့ CAI ကို မိတ်ဆက်ပေးခွင့်ရလို့ ဝမ်းသာပီတိဖြစ်မိတဲ့အပြင် ပိုမိုပွင့်လင်မြင်သာမှုနဲ့အတူ စစ်မှန်မှုကိုလဲ ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် အကြောင်းအရာမျိုးစုံကို စိတ်ကြိုက် ဖန်တီးနိုင်တဲ့ အခုလို အချိန်မျိုးမှာ အသုံးပြုသူတွေအနေနဲ့ အစစ်အမှန်တွေကို ပိုင်းခြားသိမြင်နိုင်စေဖို့ နည်းလမ်းတွေ ပံ့ပိုးဖို့ အင်မတန်လိုအပ်ပါတယ်။ ဒီနေ့ ကြေညာလိုက်တဲ့ သတင်းဟာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ပန်းတိုင်ရလဒ်ကို ရရှိနိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်” ဟု Adobe ၏ General Counsel and Chief Trust Officer ဖြစ်သူ Dana Rao က ပြောကြားခဲ့သည်။

မီဒီယာတတ်မြောက်မှုဆိုင်ရာ အသိပညာ မြှင့်တင်ပေးခြင်း

တတ်သိကျွမ်းကျင်သူများမှ AIGC အကြောင်းအရာ ခွဲခြား သတ်မှတ် အညွှန်းတပ်ခြင်းကို တာဝန်ယူမှုရှိသော အကြောင်းအရာဖန်တီးမှုဆိုင်ရာ ပံ့ပိုးမှု နည်းလမ်းအဖြစ် အသုံးပြုရန် အကြံပြုထားသော်လည်း တစ်ဖက်တွင် ကြည့်ရှုသူများအနေဖြင့် ၎င်း အကြောင်းအရာ သတ်မှတ်ခြင်းဆိုင်ရာ အသိပညာ အားနည်းပါက ရှုပ်ထွေးမှုများ ဖြစ်စေနိုင်ကြောင်း သတိပေးထားပါသည်။ ထို့ကြောင့် TikTok၏ လူမှုအသိုင်းအဝိုင်းအား AIGC နှင့် သတင်းမှားများကို ဝေဖန်ပိုင်းခြားနိုင်စေရန် ကူညီပေးနိုင်သည့် မီဒီယာ အသိပညာပေး မြှင့်တင်ရေး ကမ်ပိန်းများကို အကောင်အထည်ဖော်ရန် ကျွမ်းကျင်သူများနှင့် လက်တွဲလုပ်ဆောင်လျက်ရှိပါသည်။

Poynter Institute ၏ အစီအစဥ်တစ်ခုဖြစ်သည့် MediaWise နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် AIGC အကြောင်းအရာ ခွဲခြား သတ်မှတ်ခြင်းကဲ့သို့သော TikTok ၏ လုပ်ဆောင်ချက်များမှ အကြောင်းအရာကို ဆက်စပ်ဖော်ပြနိုင်ပုံကို ရှင်းလင်း မြင်သာစေရန် မီးမောင်းထိုး ရှင်းပြပေးမည့် ဗီဒီယို ၁၂ ခုကို တစ်နှစ်ပတ်လုံးအတွင်း ဖန်တီးထုတ်လွှင့်ပေးသွားမည် ဖြစ်ပါသည်။ WITNESS ၏ ကျွမ်းကျင်လမ်းညွှန်မှုဖြင့် ဖန်တီးရိုက်ကူးထားသော ဗီဒီယိုများနှင့်အတူ AI အကြောင်းအရာ သတ်မှတ်ခြင်းနှင့် AIGC တို့ကို အထင်အမြင်မလွှဲမှားစေရန် AIGC ဆိုင်ရာ အသိပညာများမြှင့်တင်ရန် ကမ်ပိန်း တစ်ခုကိုလည်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

“၂၀၁၉ ခုနှစ်တည်းက TikTok မှာ ကျွန်တော်တို့ရဲ့ လူငယ်ဗဟိုပြု အကြောင်းအရာစစ်ဆေးမှုဆိုင်ရာ ကွန်ရက် (Teen Fact-Checking Network) ကို ဖန်တီးထားပြီး ဆန်းသစ်တဲ့ မီဒီယာတတ်မြောက်မှုဆိုင်ရာ အသိပညာပေးဗီဒီယိုတွေကတစ်ဆင့် ပရိတ်သတ်တွေ အခိုင်အမာ တည်ဆောက်ထားပြီးပြီပဲဖြစ်ပါတယ်။ အခုနောက် ၅ နှစ်အကြာမှာတော့ အွန်လိုင်းပေါ်က လက်တွေ့မဆန်တဲ့အရာတွေကို အသုံးပြုသူတွေ ပိုင်းခြားစီစစ်နိုင်ဖို့ အားပေးမြှင့်တင်ခွင့်ထပ်ရတဲ့အတွက် အထူးပဲ စိတ်လှုပ်ရှားမိပါတယ်” ဟု MediaWise ၏ ဒါရိုက်တာဖြစ်သူ Alex Mahadevan က ပြောကြားခဲ့သည်။

Image: TikTok

အန္တရာယ်ရှိသည့် အကြောင်းအရာများကို အမြစ်ဖြတ် ရှင်းလင်းခြင်းဆိုင်ရာ ဆက်လက်ကြိုးပမ်းအားထုတ်မှု

လူအများစုအနေဖြင့် AI ဖြင့် ဖန်တီးထားသော အကြောင်းအရာများကို တာဝန်ခံမှုရှိရှိဖြင့် ကြည့်ရှုခံစားလိုသော်လည်း အခြားသူများကို ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားရန် AIGC ကို အသုံးပြုဖန်တီးသည့် အသုံးပြုသူများလည်း ရှိမည်ဖြစ်ပါသည်။ ထို အန္တရာယ် ဖြစ်နိုင်ခြေများကို TikTokအနေဖြင့် ကောင်းမွန်စွာ သိရှိနားလည်ထားသောကြောင့် အကြောင်းအရာ သတ်မှတ်ထားခြင်း ရှိရှိ၊ မရှိရှိ ကြည့်ရှုသူကို လမ်းလွှဲစေနိုင်သော AI ဖြင့် ဖန်တီးထားသည့် အကြောင်းအရာကို တင်းကြပ်စွာ တားမြစ်ထားသည့် မူဝါဒများကို ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲများတွင် AI ဖြင့်အသုံးပြုကာ လှည့်ဖျား မဲဆွယ်မှုများကို တိုက်ဖျက်ရန် ယခုနှစ် လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ AI နည်းပညာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ TikTok ၏ ကြိုတင် အရေးယူနိုင်မည့် လုပ်ဆောင်ချက်ပုံစံများကို အရှိန်မြှင့်တင်ခြင်း၊ ကျွမ်းကျင်သူများနှင့် တိုင်ပင်လုပ်ဆောင်ခြင်း၊ ပူးပေါင်း ရှာဖွေတွေ့ရှိထားသည့် ဖြေရှင်းချက်များအတွက် လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် AIGC ၏ ဘေးထွက်အန္တရာယ်ကို တိုက်ဖျက်ရာတွင် ဆက်လက် ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက TikTok၏ ပွင့်လင်းမြင်သာမှုစင်တာတွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။