မိုက်ခရို၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် Viber ၏ စွမ်းဆောင်ရည်များအကြောင်း

အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အကြားမှာ တည်ရှိတဲ့ မြန်မာနိုင်ငံက စွမ်းရည်မြင့်လူငယ်တွေ တိုးများလာမှု၊ သဘာဝနဲ့ တွင်းထွက် သယံဇာတပစ်ညည်းတွေ ပေါကြွယ်ဝမှုတို့ကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီတွေအတွက် အလားအလာကောင်းတဲ့ ဈေးကွက်တစ်ခုဖြစ်လာပါတယ်။
ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာရှိတဲ့ ၁၂၆,၂၃၇ ခုသော စီးပွားရေးလုပ်ငန်းတွေ တစ်နည်းအားဖြင့် ၉၉.၄% သော စီးပွားရေးလုပ်ငန်းတွေကို မိုက်ခရို၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်လို့ သတ်မှတ်လို့ရပါတယ်။ အကြမ်းဖျဉ်းအားဖြင့် မြန်မာနိုင်ငံရဲ့ မိုက်ခရို၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေကနေ အလုပ်အကိုင်အခွင့်အလမ်း ၅၀-၉၅ ရာခိုင်နှုန်း ပေးအပ်နေတာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ GDP ရဲ့ ၃၀-၃၅% မှာလည်း ပါဝင်လျက်ရှိပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေက မြန်မာ့စီးပွားရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့ ကဏ္ဍကပါဝင် နေတယ်လို့ အခိုင်အမာပြောဆိုနိုင်ပါတယ်။
ဒါပေမယ့် အများစုသော လုပ်ငန်းတွေက ဒီဂျစ်တယ်နဲ့ ဆက်သွယ်ရေးဆိုင်ရာ ကြားခံနယ်တွေကို အထိရောက်ဆုံးနှင့် အလုံခြုံဆုံး အသုံးပြုတာနဲ့ ပတ်သက်ပြီးတော့ ပိုမိုသိရှိနားလည်ကြဖို့လည်း လိုအပ်နေပါသေးတယ်။ ကပ်ရောဂါကူးစက်ပြန့်ပွားမှုတွေကြောင့် လုပ်ငန်းများစွာက စီးပွားရေး ဆက်လက်လည်ပတ်နိုင်စေဖို့အတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ်နဲ့ ခက်ခဲစွာ ရုန်းကန်ခဲ့ကြရပါတယ်။ ကုန်ပစ္စည်းစီမံခန့်ခွဲမှု၊ ထောက်ပံ့ပို့ဆောင်မှု၊ ငွေကြေးစီမံခန့်ခွဲမှု၊ ဝယ်ယူအသုံးပြုသူများနှင့် ဆက်သွယ်ပြောဆိုမှု စတဲ့ အဖက်ဖက်တွေမှာ ၎င်းတို့ရဲ့ လုပ်ငန်းဆောင်တာများ လည်ပတ်ရန်ထိန်းသိမ်းဖို့ အခက်အခဲများစွာနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနယ်ပယ်တွင်း အပြောင်းအလဲတွေနဲ့အတူ ဝယ်ယူသူတွေရဲ့ အလေ့အထတွေကလည်း ပြောင်းလဲလာကြပါတယ်။ Customer တွေအနေနဲ့ အပြင်ထွက်ပြီး တွေ့ဆုံဝယ်ယူတာတွေ ပြုလုပ်မယ့်အစား နေအိမ်ကနေပဲ လုပ်ဆောင်လိုလာတာတို့၊ ငွေကြေးကိုချင့်ချိန်ပြီး အရင်ကထက် ပိုမိုဂရုတစိုက်နဲ့ ရွေးချယ်ဝယ်ယူလာတာတို့တွေကို တွေ့ရှိလာရပါတယ်။ အင်တာနက်၊ လူမှုကွန်ယက်နဲ့ ecommerce တွေ ပိုမိုကျယ်ပြန့်စွာသုံးစွဲလာမှုတို့ကြောင့် ဝယ်ယူမှုပုံစံအနေနဲ့ဆိုရင် အရင်ကလို သမားရိုးကျဝယ်ယူမှုမျိုးထက် ဒီဂျစ်တယ် နည်းပညာသုံးကြားခံပစ္စည်းတွေ အသုံးပြုပြီး ဝယ်ယူရတာကို ပိုမိုနှစ်သက်လာကြပါတယ်။ အဓိကအားဖြင့် အကန့်အသတ်နဲ့ ငွေထုတ်ရခြင်းကြောင့် သုံးစွဲသူတွေလက်ထဲ ငွေသားအပိုမရှိကြတာကြောင့်လည်း ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို အသုံးပြုသူတွေအနေနဲ့ ပိုမိုအားထားလာကြရပါတယ်။

Photo Source shunelekzaw@mangomyanmargroup.com

မိုက်ခရို၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လက်ရှိဝယ်ယူအသုံးပြုနေသူတွေ၊ customer အသစ်တွေနဲ့ ဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေဖို့ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်က အခမဲ့နဲ့ အသုံးပြုရလွယ်ကူတဲ့ Viber Channels လိုမျိုးကို အသုံးပြုနိုင်ပါတယ်။ Viber Channel ကနေတစ်ဆင့ ပြည်တွင်း၊ ပြည်ပက ဝယ်ယူအသုံးပြုသူတွေနဲ့ ဆက်သွယ်ပြီး ကုန်ပစ္စည်းအကြောင်း ပြောဆိုတာကအစ ရောင်းချဝယ်ယူတာအဆုံး ပြုလုပ်နိုင်ပါတယ်။
ဒါတွေတင်မကသေးပါဘူး။ မိုက်ခရို၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေက customer တွေကို ပိုမိုကြောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ကိုယ်ပိုင် channel တွေလည်း ဖန်တီးပြီး လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုကို ဖန်တီးနိုင်ပါတယ်။ ဥပမာအားဖြင့် Viber Channel မှာဆိုရင် admin နဲ့ superadmins တွေကိုပဲ Channel ထဲမှာ post တင်ပြီး member တွေက comment မှာ ဝင်ရောက် ဆက်သွယ်ပြောဆိုတာမျိုးပါ။ ဒါပေမယ့် member တွေကို admin ကလွဲပြီး တစ်ခြားသူတွေက သိရှိနိုင်မှာမဟုတ်လို့ လုံခြုံစိတ်ချရပါတယ်။ ၈၅ ရာခိုင်နှုန်း သော customer တွေက messaging app တွေကနေ ဝင်ရောက်လာတဲ့ မက်ဆေ့ချ်တွေကို ဖတ်ပြီး ရွေးချယ်ဝယ်ယူအသုံးပြုစရာ အသစ်များကို ရှာဖွေလာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် အထူးအခွင့်အရေးတစ်ခုလည်း ဖြစ်လာပါတယ်။
မိုက်ခရို၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေက ဝယ်ယူအသုံးပြုသူတွေနဲ့ အွန်လိုင်းကနေ ဆက်ဆံတဲ့အခါမှာ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ရပါတယ်။ ကိုယ့်ရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ အကြောင်းကို Video call၊ GIFs နဲ့ ပုံတွေစတာတွေကို ဖန်တီးပြီး ဆက်သွယ်ပြောဆိုလို့လည်း ရပါတယ်။ ကုန်ပစ္စည်းအကြောင်းကို Video call ကနေ ရှင်းပြပြီး လက်တွေ့ရှင်းပြတဲ့ video ကို Viber Channel မှာ တင်ပေးလိုက်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ အထူးအခွင့်အရေး၊ လျှော့ဈေးနဲ့ အခြားသော ဝယ်ယူသူတွေအတွက် စီစဉ်ပေးထားတဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကိုလည်း Viber ရဲ့ လုပ်ဆောင်ချက်တွေနဲ့ customer တွေဆီကို ထိထိရောက်ရောက် အသိပေးနိုင်မှာဖြစ်ပါတယ်။