uabpay application တွင် Feature အသစ်များထပ်မံထည့်သွင်း

uab card များအသုံးပြုနေသည့် Customers များအတွက် uabpay app မှာပါဝင်လာသည့် Feature အသစ်ဖြင့် စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ ဘဏ်သို့သွားစရာမလို မိမိကိုယ်တိုင် uabpay ဖြင့် ချိတ်ဆက်ထားသည့် card များကို ကိုယ်တိုင် Self card block/unblock ပြုလုပ်နိုင်ပြီဖြစ်သည်။
လက်ရှိတွင် uabpay ဖြင့် ချိတ်ဆက်အသုံးပြုနေသည့် VISA Prepaid Card၊ VISA Gift Card၊ Credit Card ကဒ်များကို ကိုယ်တိုင် block/ unblock ပြုလုပ်လို့ရမည်ဖြစ်သည်။ Card ပြန်လည်အသုံးပြုနိုင်ရန်အတွက်လဲ ခလုတ်တချက်နှိပ်ပြီး ရိုးရှင်းစွာ ဆောင်ရွက်နိုင်မှာဖြစ်သည်။

Photo Source https://www.facebook.com/100932755031840/posts/538928687898909/

ထို့အပြင် card ရုတ်တရက် ပျောက်ဆုံး၊ ခိုးယူခြင်းခံခဲ့ရပါက ဘဏ်ခွဲ(သို့) call center ကို အကြောင်းကြားစရာမလိုဘဲ မိမိကိုယ်တိုင် လွယ်ကူလျှင်မြန်စွာ card ကို ပိတ်နိုင်ပြီဖြစ်သည်။
uabpay မှ customer များအတွက် ရိုးရှင်းလွယ်ကူသော Digital Banking စနစ်ကို အသုံးပြုနိုင်ရန်အတွက် အမြဲကြိုးစားလျက်ရှိသောကြောင့် နောက်ထပ် features အသစ်များကိုလည်း ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။
ယခု လက်ရှိတွင် uab App ကို version 2.0 အသစ်မှာ အသုံးပြုရ ပိုမိုအဆင်ပြေအောင်ထပ်မံဖြည့်သွင်းလိုက်တယ့် features အသစ်များကို လည်း uabpay facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။ ယခု version အသစ်သည် ချောမွေ့သွက်လတ်သည့် လုပ်ဆောင်မှုများဖြင့် ယခင်ထက် ပိုမို အဆင်ပြေစွာအသုံးပြုနိုင်ပြီဖြစ်သည်။
အသေးစိတ်သိရှိလိုသည်များကို uab contact center: 0 99 4000 5000 သို့စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။