စိတ်ကျန်းမာရေးပညာရှင်များ၏လမ်းညွှန်ချက်များ၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့်ပတ်သက်သည့် လေ့လာစရာများ၊ စိတ်ဓာတ်ကြံခိုင်မှုကို စစ်ဆေးနိုင်သည့် Call Me Today Application

Call Me Today သည် စိတ်ဖိစီးမှု သက်သာစေရန် ဖုန်းခေါ်ဆိုမှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် ပထမဆုံး အခမဲ့ နားဆင်နိုင်သော ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ မည်သူမဆို မိမိတို့၏ စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးကူညီမှုအတွက် ညနေ ၅ နာရီမှ ၁၁ နာရီအထိ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။

Photo Souce https://www.facebook.com/CallMeToday.Service/

App ၏ အားသာချက်များမှာ အင်တာနက်မလိုဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ဆွေးနွေးအဖြေရှာ ကူညီမှုများ ဆောင်ရွက်နေသည့် ကျွမ်းကျင်ပညာရှင်များ၊ စိတ်ကျန်းမာရေးပညာရှင်များ၏ လမ်းညွှန်ချက်များ၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့်ပတ် သက်သည့် လေ့လာစရာများ၊ စိတ်ဓာတ်ကြံခိုင်မှုများကို စစ်ဆေးနိုင်တာတွေအပြင် တတ်သိပညာရှင်တွေကိုပါ တိုက်ရိုက်ဆွေးနွေးနိုင်မည်ဖြစ်သည်။ အင်္ဂလိပ်၊မြန်မာ ဘာသာစကားနှစ်မျိုးနှင့် ဖော်ပြပေးထားသည်။
ဝန်ဆောင်မှု၏ ရည်ရွယ်ချက်ကလည်း စိတ်ဖိစီးမှုများသောပတ်ဝန်းကျင်မှ လျှော့ချနိုင်သည့်အပြင် စိတ်ဓာတ်ကျပြီး အထီးကျန် နေသူများအတွက် အဓိကရည်ရွယ်ခြင်းဖြစ်သည်။ Call Me Today ကို 2018 ခုနှစ် ဇွန်လမှ စတင်ခဲ့ ခြင်းဖြစ်သည်။
App ၏ လုံခြုံရေးအနေဖြင့် App သုံးစွဲသူများ၏ အချက်အလက်ကို သိမ်းဆည်းထားခြင်းမရှိပဲ လွတ်လပ်စွာအသုံးပြုနိုင်သည့် App တစ်ခုလည်းဖြစ်သည်။ အင်တာနက်သုံးဖို့အဆင်မပြေသည့် သူများအတွက် မိမိဖုန်းထဲမှ App file ကို Zapya နဲ့ဖြစ်စေ၊ bluetooth နှင့်ဖြစ်စေ share နိုင်မည်ဖြစ်သည်။
အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်မည်ဖြစ်သည်။
https://www.facebook.com/CallMeToday.Service/
အောက်ပါ Link မှာ ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
https://lookforthelight.org/downloadapk