နာမည်ကြီးသီချင်းများအလွယ်တကူဝင်ရောက်နားဆင်နိုင်ဖို့ အသစ်ထွက်ပေါ်လာတဲ့ Nway Oo Coffee Application အကြောင်း

လက်တလောမှာ အသစ်ထွက်ရှိလာတဲ့ music app တွေထဲက Nway Oo Coffee Application အကြောင်းကို မိတ်ဆက် ပေးချင်ပါတယ်။ Nway Oo Coffee Application ဟာ သီချင်းနားဆင်ရတာနှစ်သက်သူတွေအတွက် အသုံးဝင်လွန်းတဲ့ App တစ်ခုဖြစ်သလို သီချင်းတောင်းဆိုလို့ရတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ App အသစ်ဖြစ်တာကြောင့် သီချင်းစုံလင်သေးမှာမဟုတ်ပါဘူး။ page messenger ကနေ သီချင်း request လုပ်နိုင်သလို မြန်မာပြည်တွင်း အဆိုတော်များရဲ့ သီချင်းများကိုတော့ ခွင့်ပြုချက်ရမှ တင်ပေးနေတဲ့ App တစ်ခုလည်း ဖြစ်ပါ တယ်။ အသစ်ထွက်ရှိလာတဲ့ သီချင်းများကို ခွင့်ပြုချက်ယူပြီးမှတင်ပေးနေတဲ့ App တစ်ခုဖြစ်ပါတယ်။
Nway Oo Coffee App ထဲမှာပါတဲ့ click အကြောင်းကို ရှင်းပြပေးချင်ပါတယ်။ Home Page က tab လေးခုထဲက လက်ညိုးပုံလေးနဲ့ tab ကိုသွားပါ။ အဝိုင်းလည်နေရင် Click link တွေ loading လုပ်နေလို့ ခနစောင့်နေရပါမယ်။ Click ဆိုတဲ့ buttonတွေအများကြီးပေါ်လာမှာဖြစ်ပါတယ်။ Ads platform တွေက မြန်မာ location နဲ့ဆိုရင် click တစ်ခုကို 0.0002 USD ပဲ ပေးပါတယ်။ Click button တွေရဲ့ အပေါ်လေးမှာ Ads platform တစ်ခုချင်းစီရဲ့ အပေးများဆုံး location လေးတွေ ထည့်ပေးထားပါတယ်။ Vpn လေးနဲ့ USA ချိတ်ထားပြီး USA click တွေနှိပ် ပြီးရင် Germany ပြောင်းပြီးနှိပ်ရင် အရမ်းကိုထိထိရောက်ရောက်နဲ့ အချိန်ကုန်လူပင်ပန်းသက်သာစေမှာပါ။

Photo Source https://www.facebook.com/nocoffeeteam

Click button လေးကို နှိပ်လိုက်ပြီဆိုရင် ads ပြမဲ့ page ကို ရောက်သွားပါ့မယ်။ ဒီpage ရဲ့ အောက်ခြေနားမှာ အနီရောင် ဘားတန်းလေး တွေ့ပါလိမ့်မယ်။ အနီရောင်က ads loading ကို ပြနေတာ ဖြစ်ပါတယ်။ အနီရောင်လေးပြည့်သွားတဲ့ထိစောင့်ပေးပါ ။ ဒီအထိရောက် click ပထမဆင့် အောင်မြင်ပါပြီဖြစ်ပါတယ်။
Ads loading ပြီးတာနဲ့ point တစ်point ရပါပြီ။ အသုံးပြုသူအနေနဲ့ ပေါ်လာတဲ့ ads မှာ ဆက်ပြီး click နေလည်း ရပါသေးတယ်။ဒါပေမဲ့ Point ကတော့ တစ်ခုပဲ တက်မှာဖြစ်ပါတယ်။
ထိပ်ဆုံး Home Page က သီချင်းလေးတွေရဲ့ ညာဘက်ထိပ်ထောင့်မှာ ပါတဲ့ (အားလုံး) ဆိုတဲ့နေရာလေးတွေကို နှိပ်ရင် တင်ပေးထားတဲ့ သီချင်းလေးတွေနဲ့ Album လေးတွေ ကို မြင်တွေ့ရမှာဖြစ်ပြီး အဲ့ page ရဲ့ ညာဘက်ထိပ်ထောင့်မှာ Search bar ရှိပါတယ်။ အဲ့ကနေ သီချင်းလေးတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ မရှာချင်ဘူး random ကျလာတာလေးတွေဘဲ တန်းစီအထက်အောက်ဆွဲကြည့်ချင်ရင်လည်း ရပါသေးတယ်။
အောက်ပါ Liink မှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/nocoffeeteam