ဆန်းသစ်သောဒီဇိုင်း စုံလင်သောလုပ်ဆောင်ချက်များနှင့် မြန်မာနိုင်ငံတွင်းဝင်ရောက်လာသော Vivo S1 Pro

သုံးစွဲသူများ၏ လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန်အတွက် နည်းပညာမြင့်မားမှု၊ ဒီဇိုင်းဆန်းသစ်မှုတို့ဖြင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေသော ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီဖြစ်သည့် Vivo သည်နာမည်ကျော် S Series ၏ နောက်ဆုံး မျိုးဆက်သစ် Vivo S1 Pro ကို ၂၀၁၉ ဒီဇင်ဘာလ ၂၄ ရက်နေ့က Myanmar Plaza (ပရိုမိုးရှင်း ဧရိယာ) တွင် မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့သည်။

Vivo အနေဖြင့် Vivo S1 နှင့်မတူ မတူကွဲပြားတဲ့ လူနေမှုပုံစံများ၊ လူအများ၏ ဖက်ရှင်စတိုင်လ်များကို အမိအရ ရိုက်ကူးမှတ်တမ်းတင်ပေးနိုင်မည့် စတိုင်လ်ကျလှပပြီး စွမ်းရည်မြင့်သည့် စမတ်ဖုနး်တစ်ခုအဖြစ် Vivo S1 Pro ကိုဖန်တီးထားသည်။ “Upgrade Your Style” ဆိုသည့် ဆောင်ပုဒ်အတိုင်း ခေတ်ရေစီးကြောင်းနှင့် အညီ တက်ကြွလမ်းဆန်းနေသော လူငယ်များရဲ့ ဖက်ရှင်ပုံရိပ်များကို ပိုမိုမြင့်တင်ပေးနိုင်ရန် လုပ်ဆောင်ထားသည်။

Photo Source – https://www.facebook.com/vivomobileMM/

Vivo S1 Pro တွင် ကြည်လင်ပြတ်သားသော ပုံရိပ်များထွက်ရှိစေရန် ၆.၃၈ လက်မအရွယ် Full HD+ Super AMOLED မျက်နှာပြင်တပ်ဆင်ထားပြီး မျက်နှာပြင်အောက်တွင် အဆင့်မြင့်ဆုံးသ‌ော လက်ဗွေလုံခြုံရေးစနစ်ကို ထည့်သွင်းတပ်ဆင်ထားသည်။ Operation System အဖြစ် Android 9 Pie နှင့် Vivo ၏သီးသန့်ထုတ်လုပ်ထညားသည့် Interface Funtouch OS 9.2 တို့ကို အသုံးပြုထားသည်။ ဖုန်းအရွယ်အစားမှာ 15.25 mm x 75.19 mm x 8.68 mm ဖြစ်ပြီး အလေးချိန်အားဖြင့် 186.7 g ရှိသည်။

Vivo S1Pro ၏ နောက်ကျောပြင် ကင်မရာကို စိန်ပွင့်ပုံစံကဲ့သို့ တမူထူးခြားစွာ ဖန်တီးပုံဖော်ထားပြီဂ AI စနစ်သုံး 48MP (f/1.8) ပင်မကင်မရာ၊ 8 MP (f/2.2) မြင်ကွင်းကျယ်ကင်မရာ၊ 2 MP (f/2.4) Macro ကင်မရာနှင့် 2 MP(f/2.4) Depth Sensor ကင်မရာ (၄) ခုတပ်ဆင်ထားသော ကြောင့် အမှတ်တရပုံရိပ်များကို အကောင်းဆုံးရိုက်ကူးရယူနိုင်သည်။ ဖက်ရှင်နှင့် စတိုင်လ်ကို အလေးထားသော လူငယ်များ စိတ်ကြိုက်တွေ့စေရန် Vivo ၏ Signature Photography နည်းပညာနှင့် အတူစွမ်းရည်မြင့် ဆော်ဖ်လဲလ် များထည့်သွင်းပေးထားသည်။ ရှေ့ဖက်တွင် 32 MP AI Selfie ကင်မရာနှင့် AI Beauty Mode တပ်ဆင်ထားသဖြင့် နေ့စဉ်ဖက်ရှင်နှင့် စတိုင်လ်တို့ကို Vivo S1 Pro ဖြင့် အကောင်းဆုံး မှတ်တမ်းတင်နိုင်သည်။ 

Photo Source – https://www.facebook.com/vivomobileMM/

Vivo S1 Pro စမတ်ဖုန်းကို Multitasking နှင့် Gaming လုပ်ဆောင်ချက်များ၊ လျှင်မြန်စွာ ဆောင်ရွက်စေရန် စွမ်းရည်မြင့် Snapdragon 665 ပရော်ဆက်ဆာနှင့်အတူ 8GB Ram နှင့် 128GB ROM တို့တပ်ဆင်ထားသည်။ ထို့အပြင် Multi Turbo စနစ်ပါရှိသောကြောင့် အထူးကောင်းမွန်သည့် ဂိမ်းကစားမှု အတွေ့အကြုံကို ရရှိခံစားနိုင်မည်ဖြစ်သည်။ Vivo Charger နည်းပညာပါရှိသဖြင့် ဂိမ်းကစားချိန်အတွင်း ပျော်ရွှင်တက်ကြွမှုကို အပြည့်အဝယူဆောင်ပေးနိုင်ပြီး အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အကာအကွယ်ပေးထားနိုင်မည်ဖြစ်သည်။ ဘတ်ထရီမှာ 4500mAh ပါရှိပြီး Dual-Engine Fast Charging နည်းပညာကို အသုံးပြုထားခြင်းကြောင့် လျှင်မြန်စွာ အားသွင်းနိုင်မည် ဖြစ်သည်။

Photo Souce – Myanmar Tech Press

“ဒီနေ့ မိတ်ဆက်ပေးလိုက်တဲ့ Vivo S1 Proကတော့ “Upgrade Your Style” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ခေတ်ဆန်ပြီး ဖက်ရှင်အပေါ် စိတ်အားထက်သန်မှဒရှိတဲ့ ဆိုရှယ်မီဒီယာခေတ်ကြီးမှာ နေထိုင်နေကြတဲ့ လူငယ်တွေရဲ့ စတိုင်လ်ကို မြှင့်တင်ပေးနိုင်ဖို့ အဓိကရည်ရွယ်ထားပါတယ်။ Vivo ဟာသုံးစွဲသူတွေအတွက် နည်းပညာပိုင်း မြင့်မားမှုနဲ့ ပုံစံဒီဇိုင်း ဆန်းသစ်မှုတို့ကို အမြဲတမ်းဦးစားပေးဆောင်ရွက်နေပြီး S1Pro ဟာလည်း Style ကို ကိုယ်စားပြုတဲ့ Vivo S series စမတ်ဖုန်းတွေက ခေတ်ရေစီးကြောင်းကို ဦးဆောင်နိုင်ကြောင်း မှတ်ကျော်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။” ဟု Vivo Myanmar ၏ Product Manager ဖြစ်သူ Mr. Kelvin ကပြောကြားခဲ့ပါသည်။

Vivo S1 Pro စမတ်ဖုန်းကို သစ်လွင်တောက်ပသည့် Mystic Black နှင့် Dreamy White အရောင် ၂မျိုးဖြင့် လာမည့် ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး ၄၂၉,၈၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်း စတင်ရောင်းချပေးမည်ဖြစ်သည်။ ကြိုတင်အော်ဒါ များကိုလည်း ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ မှာယူနိုင်ပြီး ကြိုတင်ကာလအတွင်း မှာယူသူများကို မေတ္တာလက်ဆောင်အနေဖြင့် လည်ပင်းအနှိပ်စက်များ လက်ဆောင်ပေးသွားမည် ဖြစ်သည်။