Discount တွေနဲ့ ဝယ်ယူသူတိုင်း စိတ်တိုင်းကျစေတဲ့ Alpine Shop Website

နှစ်သစ်မှာ လိုချင်တဲ့ပစ္စည်းတွေကို လွယ်လွယ်ကူကူဝယ်ယူနိုင်ပြီး လက်ဆောင်ပစ္စည်းတွေရနိုင်တဲ့အခွင့်အရေးတွေကလည်း အများကြီးရှိတတ်ကြပါတယ်။ မိမိအတွက်အသုံးလိုတဲ့ပစ္စည်းတွေကို လူကိုယ်တိုင်သွားဝယ်စရာမလိုဘဲ ရွေးချယ်ဝယ်ယူ နိုင်ပြီး လက်ဆောင်ပစ္စည်းတွေနဲ့အတူ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့အစီအစဉ်ဆိုရင်တော့ လူတိုင်းက အနည်းနဲ့အများ ဆိုသလို စိတ်ဝင်စားကြတာအမှန်ပါပဲ။
အွန်လိုင်းဈေးဝယ် Platform တွေများစွာထဲမှာ ပစ္စည်းအမျိုးအစားစုံလင်ပြီး ရွေးချယ်ဝယ်ယူဖို့အဆင်ပြေတဲ့အထဲမှာ Alpine Shop Website ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အိမ်မှာဝယ်စရာရှိတာတွေကို စူပါမားကတ်တွေ၊ ဈေးဆိုင်တွေအထိ တကူးတကသွားဝယ်စရာမလိုတော့အောင် Alpine Shop ကနေ လိုအပ်တာတွေ အကုန်ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ ဖုန်းလေးကနေ တစ်ချက်နှိပ်လိုက်ရုံနဲ့ ဝယ်စရာရှိတာတွေအကုန် အိမ်တံခါးဝအရောက် လာပို့ပေးတဲ့အပြင် အချိန်ကုန်သက်သာစေတာ အမှန်လည်းဖြစ်ပါတယ်။ တနင်္လာမှစနေထိ အခုမှာရင် နောက်တစ်နေ့ပို့ပေးတဲ့အပြင် အဆင်ပြေတဲ့အချိန်၊ ရက်ကိုလည်းရွေးပြီး လာပို့ခိုင်းလို့ ရတဲ့ အတွက် ဝယ်ယူသူအနေန့လည်းများစွာ အဆင်ပြေစေပါတယ်။

Photo Source – https://www.facebook.com/alpineshop.com.mm/

Alpine Shop Website လေးကတော့ လိုချင်တဲ့ပစ္စည်းတွေကိုစုံစုံလင်လင် ရွေးချယ်ဝယ်ယူနိုင်ပြီး ထူးခြားပြီး အရမ်းတန်တဲ့ ပရိုးမိုးရှင်း အစီအစဉ်လေးတစ်ခု ဇန်နဝါရီလ ၅ ရက်နေ့အထိပြုလုပ်ပေးမှာလည်းဖြစ်ပါတယ်။ Alpine Shop မှာ ခရစ်စမတ်နဲ့ နယူးရီးယား ဒစ်စကောင့်တွေအပြင် ကျပ်ငါးသောင်းဖိုးနဲ့ အထက်ဝယ်ယူမှုတိုင်းအတွက် ကျပ်နှစ်သောင်းဖိုးတန် လက် ဆောင်ပစ္စည်းတွေ ရရှိမှာလည်းဖြစ်ပါတယ်။ဒါ့အပြင် Alpineshop.com.mm ရဲ့ Flash Sale အစီအစဉ်အရ ဇန်နဝါရီ ၃ ရက်နေ့မှာ Samsung ဖုန်း တွေကို ၂၅ ရာခိုင် နှုန်းထိ Discount ချ ရောင်းချပေးမှာဖြစ်တဲ့အတွက် alpineshop Website မှာစောင့်ကြည့်နိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/alpineshop.com.mm/

လက်ဆောင်ထုပ်တစ်ခုစီမှာ ဝိုင်တစ်ပုလင်း၊ Green Hills Coffee ကော်ဖီမစ် အထုပ်ကြီးတစ်ထုပ်စီနဲ့အတူ တစ်ခြားပစ္စည်းတွေပါ ပါမှာပါ။ တစ်ခါဝယ်တိုင်း မတူတဲ့ လက်ဆောင်ထုပ်လေးတွေ ရမယ့်အပြင် သပ်ရပ်လှပစွာထုပ်ပိုးထား တာမို့ အားလုံးအကြိုက်တွေ့စေမှာလည်ဖြစ်ပါတယ်။
Alpineshop Website မှာရောင်းချတဲ့ပစ္စည်းတွေကတော့ ဝိုင်၊ ဘီယာ၊ တီးမစ်များ၊ ပဲနို့များ၊ မုယောနဲ့အအေးအမျိုးမျိုး၊ အချိုရည်များ၊ အသီးဖျော်ရည်များ၊ အားဖြည့်အချိုရည်များ၊ ကော်ဖီများ၊ ရေဓာတ်နဲ့ အဟာရဖြည့်သောက်စရာများ၊ သောက်ရေသန့်များ၊ နို့ဆီ၊ နို့စိမ်းများ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အထူးပရိုမိုးရှင်းပစ္စည်းများ၊ တီဗွီအပါအဝင်ဖျော်ဖြေရေး ဆိုင်ရာပစ္စည်းများ၊ ဖုန်းနဲ့ဆက်စပ်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ဆီ၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ဆော့စ်များ၊ မုန့်ပဲသ ရေစာများ၊ ခေါက်ဆွဲအမျိုးမျိုး၊ တစ်ရှူးအမျိုးမျိုး၊ ပိုးသတ်ဆေးနဲ့မြေသြဇာများ၊ အဝတ်လျှော်ဆပ်ပြာများ၊ အိမ်သန့်ရှင်းရေး သုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်၊ စက်ဘီးများ၊ ခံတွင်းသန့်ရှင်းရေးပစ္စည်းများ၊ ဆံကေသာနဲ့သက်ဆိုင်တဲ့ပစ္စည်းများ၊ ဆပ်ပြာနဲ့တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးနဲ့ကျန်းမာရေးသုံးပစ္စည်းများ အပါအဝင် အခြားဝန် ဆောင်မှုများအနေနဲ့ ဖုန်းငွေဖြည့်ကတ်များ၊ ငွေလွှဲပြောင်းမှုများ ပါဝင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/alpineshop.com.mm/

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တွေမှာ အထိဝယ်ယူလို့အဆင်ပြေသလို ကျပ်တစ်သောင်းဖိုးအထက်ဝယ်ယူပါကလည်း အိမ်တိုင်ရာ အခမဲ့ပို့ဆောင်ပေးသွားမှာလည်း ဖြစ်ပါတယ်။
အောက်ပါ Link များမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.alpineshop.com.mm/
https://www.facebook.com/alpineshop.com.mm/