OPPO ၊ PUBG MOBILE King of The Hill ဒုတိယအကြိမ်မြောက် Offline ဂိမ်းပြိုင်ပွဲကျင်းပ

PUBG MOBILE မှ မြန်မာနိုင်ငံတွင်းရှိ လူငယ်များ၏ Esports ဂိမ်းစွမ်းရည်များကို သိရှိခဲ့ပြီးနောက် မြန်မာကစားသမား များအတွက် OPPO | PUBG MOBILE KING OF THE HILL Offline ဂိမ်းပြိုင်ပွဲကြီးကို ဒုတိယအကြိမ်မြောက်အဖြစ် ရန်ကုန်မြို့ ရှိ Myanmar Plaza Promotion Area တွင် နေ့လယ် ၁၁ နာရီမှ ည ၇ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုပြိုင်ပွဲကို OPPO Myanmar မှ Title Sponsor အဖြစ် ပါဝင်ကူညီပေးထားပြီး ပရော်ဖက်ရှင်နယ် ကစားသမားများ၊ PUBG MOBILE ဂိမ်းကိုစိတ်ဝင်စားသူများနှင့် ဝါသနာရှင်များ အများအပြား လာရောက် အားပေးခဲ့ကြသည်။ OPPO ၊ PUBG MOBILE King of The Hill ပြိုင်ပွဲသည် နိုင်ငံအတွင်းရှိ Esports ဝါသနာရှင်များအတွက် ဆီးဂိမ်းကဲ့သို့သော နိုင်ငံတကာအဆင့် ပြိုင်ပွဲများအထိ သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကူညီပံ့ပိုးပေးသည့် ခြေလှမ်းတစ်ခုအဖြစ်သော်လည်းကောင်း၊ ဒေသတွင်းနှင့် အခြားနိုင်ငံများတွင် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်နှင့်အညီ မြန်မာနိုင်ငံ၏ Esports ကဏ္ဍယခုထက် ပိုမိုဖွံ့ဖြိုးတိုး တက်လာစေရန်သော်လည်းကောင်း ရည်ရွယ်ပြီး PUBG MOBILE မှ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/PUBGMOBILE.MM.OFFICIAL

ထိုဂိမ်းပြိုင်ပွဲတွင် တစ်ဦးချင်းစီ Solo Mode ဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး ကြိုတင်စာရင်းပေးစရာမလိုဘဲ ပြိုင်ပွဲသို့တိုက်ရိုက်လာရောက် စာရင်းပေးသွင်း ကစားနိုင်ရန်စီစဉ်ပေးထားခြင်းလည်းဖြစ်သည်။ ပွဲစဉ် စုစုပေါင်း ၅ ပွဲ ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ်တစ်ခုချင်းစီအတွက် Chicken Dinner ပိုင်ရှင်တစ်ဦးနှင့် Kill အများဆုံး ရရှိသူတစ်ဦးစီ ထွက်ပေါ်ခဲ့ကာ Chicken Dinner ပိုင်ရှင်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀၊ Kill အများဆုံး ရရှိသူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁ဝဝ စီ ရရှိခဲ့ကြကြောင်းလည်းသိရသည်။ ထို့အပြင် အခြား in-game item များ၊ merchandised ပစ္စည်းများကိုလည်း အမှတ်တရ လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး OPPO booth တွင်လည်း အခြားဂိမ်းများ ကစားခဲ့ကြသည်။

Photo Source – https://www.facebook.com/PUBGMOBILE.MM.OFFICIAL

“ကျွန်တော်တို့ PUBG က မြန်မာကစားသမားတွေကို တန်ဖိုးထားသလို လေးစားပါတယ်။ မနှစ်ကလည်း ပွဲတွေလုပ်ခဲ့တယ်။ ရလဒ်တွေရော ကစားသမားတွေရဲ့ စွမ်းရည်ကရော အရမ်းအလားအလာရှိတာကို တွေ့ခဲ့ရတဲ့အတွက် ကျွန်တော်တို့ အရမ်းအား ရပါတယ်။ မြန်မာနိုင်ငံ Esports ကဏ္ဍက ဘယ်သူမဆို (ကစားသမားတွေ၊ အားပေးတဲ့ ပရိတ်သတ်တွေ၊ မိတ်ဖက်အဖွဲ့ အစည်းတွေ၊ ပြိုင်ပွဲစီစဉ်ကျင်းပသူတွေ) အားလုံးအတွက် အဆင့်အတန်းမြင့်မားပြီး ပျော်ဖို့လည်းကောင်း စနစ်လည်းကျတဲ့ အသိုက်အဝန်းတစ်ခု ဖန်တီးပေးချင်တာ မြန်မာနိုင်ငံအတွက် PUBG MOBILE ရဲ့ ရည်မှန်းချက်ပါပဲ။ အခုလိုမျိုးပဲ နောက်ထပ် လည်း စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခွင့်အရေးအသစ်တွေကို မြန်မာနိုင်ငံအတွက် ဖန်တီးပေးနိုင်ဖို့ ကြိုးစားသွားဦးမှာပါ” ဟု PUBG MOBILE ၏ Business Development Manager ဖြစ်သူ Aman Kumar က ပြောကြားသည်။

Photo Source – https://www.facebook.com/PUBGMOBILE.MM.OFFICIAL

OPPO Myanmar မှ PUBG MOBILE King of The Hill ပြိုင်ပွဲကို ပံ့ပိုးကူညီပေးထားသည့် OPPO A9 2020 စမတ်ဖုန်းသည် PUBG ကဲ့သို့ဂိမ်းများကို ကြိုက်နှစ်သက်သူများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် စမတ်ဖုန်းတစ်မျိုးဖြစ်ပြီး ဂိမ်းကစားရာတွင် ချောမွေ့စေရန်အတွက် RAM 8GB၊ ဂိမ်းကစားချိန်တွင် အတွေ့အကြုံကောင်းများကို ရရှိစေရန်အတွက် Frame Boost နှင့် Touch Boost engine တို့ပါဝင်သော Game Boost 2.0၊ ဂိမ်းကစားပွဲများတွင် စိတ်လှုပ်ရှားဖွယ်ရာအသံများကို ဘက်ပေါင်းစုံမှ ခံစားနိုင်မည့် Dolby Atmos® sound effect များအပြင် PUBG ကဲ့သို့မိုဘိုင်းဂိမ်းများကစားရာတွင် ဂိမ်းပွဲများကို များနိုင်သမျှ များများ ဆက်တိုက်ကစားနိုင်ရန်အတွက် 5,000 mAh Battery ကိုလည်း ထည့်သွင်းပေးထားခြင်းလည်းဖြစ်သည်။

ပြိုင်ပွဲနှင့်ပတ်သက်သော အသေးစိတ်သတင်းအချက်အလတ်များကို သိရှိလိုပါက မြန်မာနိုင်ငံ၏ PUBG MOBILE Official Facebook Page များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/PUBGMOBILE.MM.OFFICIAL
https://www.facebook.com/oppomyanmar/