ကင်မရာပိုင်းအကောင်းဆုံးနဲ့ပွဲထွက်လာခဲ့တဲ့ Vivo V21e စမတ်ဖုန်း၏ အရည်အသွေးများ

Vivo ရဲ့မြန်မာပြည်မှာ နောက်ဆုံးထွက် စမတ်ဖုန်းတွေထဲမှာ vivo v21e စမတ်ဖုန်းလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကင်မရာအဆင့်အတန်းကလည်း မြင့်မားသလို ကောင်းမွန်တဲ့အရည်အသွေးတွေကို သုံးစွဲသူများအနေနဲ့ သိသင့်ပါတယ်။
44MP Ultra HD Selfies. Auto-Focus (AF) ပါဝင်တဲ့ 44MP ultra HD ကင်မရာဟာ အခိုက်အတန့်တိုင်းကို ကြည်လင်ပြတ်သားစွာ ဖမ်းယူရိုက်ကူးပေးနိုင်မှာပါ။ မြင်ကွင်းချုံ့ပြီးနောက်မှာတောင် မင်သက်လောက်တဲ့ အသေးစိတ်ကျကျ လှပမှုတွေကြောင့် အံ့သြသင့်နေမှာပါ၊ pixel လေးတစ်ခုစီမှာ အလှတရားကို ရှာဖွေနိုင်ပါတယ်။
ရှေ့ကင်မရာ AF ဟာဆိုရင်တော့ ၁၅ စင်တီမီတာ အကွာကနေ အဆုံးမရှိ ရှင်းလင်းကြည်တောက်ပနေအောင် ဆုံချက်ချိန် ပေးနိုင်လို့ ဘယ်အကွာအဝေးက ရိုက်ရိုက် ကြည်လင်တောက်ပလွန်းတဲ့ ဆယ်ဖီအလှပုံတွေကို ရရှိစေမှာပါ။ မျက်လုံး နောက်ကို ရွေ့လျားလိုက်ပါရိုက်ကူးပေးနိုင်လို့ လှုပ်ရှားနေတာပဲဖြစ်ဖြစ်၊ ငြိမ်သက်နေတာပဲဖြစ်ဖြစ် ဘောင်ရဲ့ အလယ်ဗဟို တည့်တည့်မှာ သင့်ကို ထင်ရှားစွာ ရှိနေစေမှာ ဖြစ်ပါတယ်။
ဘယ်နေရာကိုပဲ ဗဟိုဆုံချက်ထားပါစေ ဟန်ချက်ညီညီ ကွက်တိဖြစ်နေအောင် လုပ်ဆောင်ပေးပါတယ်။ အသစ်အဆင့်မြှင့်တင်ထားတဲ့ Super Night Selfie ဟာ multi-frame optimization နဲ့ multi-level exposure ကို ပေါင်းစပ်ထားလို့ ညရဲ့ အနုစိတ်အလှတရားကို ပြန်လည်ခံစားရရှိစေမှာ ဖြစ်ပါတယ်။ ခမ်းနားလွန်းပါတယ်ဆိုတဲ့ ညတစ် ညထက် သင်က ပိုမိုတောက်ပနေမှာပါ။

Photo Source https://www.vivo.com/mm/products/v21e

ဒါတင်မကသေးဘဲ Night Portrait ဟာ အရည်အသွေးမြင့် အနုပညာလက်ရာတွေ ဖန်တီးပြုလုပ်နိုင်ဖို့ AI ကိုအသုံးပြုထားပါတယ်။ အဲ့ဒါကပဲ Super Night Selfie နဲ့ multi-frame noise reduction တွေရဲ့ အလွှာတွေကို ချိတ်ဆက်ပေးထားပြီး သင် တစ်ယောက်တည်းတင်မကဘဲ ညအခိုက်အတန့်တွေကိုပါ ထွန်းလင်းတောက်ပသွားစေမှာပါ။
ရှေ့ကင်မရာနဲ့ နောက်ကင်မရာကို တစ်ချိန်တည်းဖွင့်ပြီး ကိုယ်တွေ့ခံစားနေရတဲ့ သင့်ပတ်ဝန်းကျင်က ကမ္ဘာကြီးကို အမိအရ ရိုက်ကူးနိုင်မှာပါ။ ဆယ်ဖီဗီဒီယိုတွေ ဖန်တီးရိုက်ကူးတဲ့အခါ Steadiface Selfie Video ဟာ မျက်နှာလေးကို ဘောင်ထဲမှာ ငြိမ်သက် နေစေပြီး အချိန်တိုင်းမှာ ကြည်လင်လှပတဲ့ ရလဒ်ကို ရရှိစေမှာ ဖြစ်ပါတယ်။
လုံးဝအသစ်ဖြစ်တဲ့ Portrait light effect က ကိုယ်ပိုင် ခပ်မိုက်မိုက် စတိုင်တွေကို ဖန်တီးဖို့ အခွင့်အရေးတစ်ခုပေးလိုက်တာပါပဲ။ ခြားနားသိသာပြီး စစ်မှန်တဲ့ ဆိုတာကိုဖော်ပြဖို့ သင့်မျက်နှာလေးပေါ်က သေးငယ်တဲ့ မှည့်တစ်ပေါက်လို တစ်ကိုယ်ရေအသေးစိတ်လေးတွေကို ပိုမိုထိန်းသိမ်းနိုင်ပါတယ်။
V21e ရဲ့ ယေဘုယျအထူဟာ အစားမထိုးခင်က အရင်ပစ္စည်းနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ၆ ရာခိုင်နှုန်း လျော့နည်းသွားပြီး ရလဒ်အနေနဲ့ ပိုမို အံ့သြသွားရလောက်အောင် ပါးလွှာတဲ့ ၇.၃၈ မီလီမီတာ ဒီဇိုင်း ဖြစ်သွားပါတယ်။ နူးညံ့ပြီး ပေါ့ပါးတဲ့ ကျောက်စရစ်ခဲအသွင်ဆောင်တဲ့ လုံးချောချောဘောင်တစ်ခုနဲ့ ပေါင်းစပ်ထားလို့ သက်သောင့်သက်သာရှိပြီး စိတ်ငြိမ်းအေးတဲ့ ကိုင်ဆောင်မှု အတွေ့အကြုံကို တစ်နေ့တာလုံး ခံစားရရှိစေမှာပါ။.
၆.၄၄ လက်မ အရွယ် AMOLED မျက်နှာပြင်ဟာ FHD+2400*1080 အရည်အသွေးမြင့် ရုပ်ထွက်ကြည်လင်မှုကို ပေးစွမ်းနိုင်ပြီး စစ်မှန်တဲ့ အရောင်တွေကို ခမ်းနားစွာ ပြသပေးရင်း သင့်မျက်လုံးများကိုလည်း ဂရုစိုက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်ဦးဆောင် ဒီဇိုင်နာတွေဟာ သဘာဝတရားနဲ့ဘဝကနေ ဉာဏ်ကွန့်မြူးပြီး အသက်ရှူမှားလောက်တဲ့ အရောင်သစ် နှစ်မျိုးကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။
Dual Tone Step ဒီဇိုင်းဟာ ဖုန်းရဲ့အရောင်စီမံချက်တွေကို ပါးနပ်စွာ ပဲ့တင်ထပ်စေပြီး အများနဲ့မတူ သိသိသာသာ တစ်မူတိုးထွက်ထင်ရှားနေမှာပါ။ ဒါက သင့်ရဲ့ ကိုယ်ပိုင်လို့ခေါ်လို့ရတဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခုပါပဲ။ ပထမဆုံးနဲ့ ထိပ်ဆုံးအဆင့်က အမဲရောင်ဖြစ်ပြီး ကင်မရာတွေ ပါဝင်ပါတယ်။ ဒုတိယတစ်ဆင့်ကတော့ အလှဆင်တဲ့ ကွင်းတစ်ခုဖြစ်ပြီးကာဗာနဲ့ တစ်ရောင်တည်းပင် ဖြစ်ပါတယ်။ တတိယအဆင့်ကတော့ ဘက်ထရီ အဖုံးပါပဲ။

Photo Source https://www.vivo.com/mm/products/v21e

AG (anti-glare) ဖန်သားမျက်နှာပြင်က နူးညံ့သိမ်မွေ့ပြီး ပရီမီယမ်ဆန်တဲ့ ထိတွေ့မှုကို ခံစားရစေပြီး ဖုန်းမျက်နှာပြင်ပေါ်မှာ လက်ဗွေရာတွေ ကျန်ခဲ့မှာကို စိတ်ပူစရာမလိုတော့လို့ နှစ်လိုဖွယ်ဖြစ်နေမှာအမှန်ပါပဲ။အရည်အသွေးမြင့် 64MP HD ပင်မကင်မရာက အနီးကပ်ဆွဲကြည့်တာရော၊ ပုံကြီးချဲ့ကြည့်ဖို့ပါ ထိုက်တန်လောက်တဲ့ အခိုက်အတန့်တိုင်းနဲ့အတူ သင်မြင်တွေ့နေတဲ့ ကမ္ဘာကြီးကို ရှင်းလင်းစွာ ရိုက်ကူးပေးမှာပါ။ အထူးမြင်ကွင်းကျယ် 8MP ကင်မရာ ကမျှော်လင့်ချက်တွေကို ပိုမို ပေးစွမ်းနိုင်ပါတယ်။ ၁၂၀ ဒီဂရီ အကျယ်ရှုထောင့်နဲ့အတူ တစ်ချက်ထိလိုက်ရုံနဲ့ အလှတရားတွေကို ပိုမိုတွေ့မြင်ခံစားယူဆောင်လိုက်ပါ။ 2MP macro ကင်မရာ ဆိုတာက မမြင်နိုင်တဲ့ အနီးအနားက အံ့သြဖွယ်ရာလေးတွေကို ၄ စင်တီမီတာကနေ အနီးကပ် မြင်တွေ့ရတာကို ဆိုလိုတာဖြစ်ပြီး သင့်မျက်လုံးနဲ့ မြင်တွေ့သမျှ အရာအားလုံးရဲ့ အနေအထားကို ချက်ချင်း ဖွင့်ချလှစ်ဟပြသပေးထားပါတယ်။
အထူးမြင်ကွင်းကျယ် ညမြင်ကွင်းတစ်ခုနဲ့ ကျယ်ပြောလှတဲ့ ညရဲ့ အလှကို ဖမ်းယူလိုက်ပါ။ ခန့်ညားပြီး ဆွတ်ပျံ့ဖွယ်ကောင်းတဲ့ ညကိုသီးသန့်ဖော်ကြူးပြသထားတဲ့ ဓာတ်ပုံတွေအတွက်လည်း အလှဆုံးဖြစ်မှာပါ။ သက်ဝင်လှုပ်ရှားနေတဲ့ မြို့ပြမီးရောင်တွေထဲကို ထွန်းလင်းတောက်ပမှုလေး ထည့်သွင်းလိုက်ပါ။
ထပ်တိုးထားတဲ့ RAM နည်းပညာ ထောက်ပံ့ပေးထားတဲ့ သင့်ရဲ့ 8GB RAM က အပို Memory 3GB ဆိုတာကို နှိပ်ပြီး 8GB + 3GB ရဲ့အတွေ့အကြုံကိုစွမ်းဆောင်ပေးနိုင်ပါတယ်။ ပိုမို သိမ်းဆည်းပါ၊ ပိုပြီးလွတ်လွတ်လပ်လပ်ပေါ့။ 1TB ထိ ထပ်တိုးလို့ရတဲ့ 128GBROM က သင့်ဖုန်းထဲမှာ ထားချင်တဲ့ ဂိမ်းတွေ၊ ဇာတ်လမ်းတွေ၊ ဓာတ်ပုံတွေနဲ့ သီချင်းတွေအားလုံးကို လုံးဝ(လုံးဝ)သိမ်းထားပေးနိုင်မှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ 4000mAh ဘက္ထရီကို 33W အမြန်အားသွင်းစနစ်နဲ့ ပေါင်းစပ်ထားလို့ မိနစ် ၃၀ အတွင်းမှာ ၆၆% အထိ ပြန်လည်အားဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘက္ထရီကြောင့်ဖြစ်တဲ့ စိတ်သောကတွေကို နှုတ်ဆက်ပြီး နောက်ထပ်ဘယ်တော့မှလည်း ဖြစ်စေတော့မှာမဟုတ်ပါဘူး။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.vivo.com/mm/products/v21e