ISOCELL Plus 2G နည်းပညာဖြင့် ရေပန်းအစားဆုံးနဲ့ အရောင်းရဆုံးစမတ်ဖုန်းတစ်ခုဖြစ်တဲ့ Vivo V21 ၏ လုပ်ဆောင်ချက်များအကြောင်း

မကြာသေးခင်အချိန်ကမှ ထွက်ရှိလာခဲ့ပြီး နည်းပညာအရည်အသွေးမြင့်မားမှုကြောင့် ရေပန်းစားရောင်းအားကောင်းခဲ့တဲ့ vivo v21 စမတ်ဖုန်းရဲ့ အသေးစိတ်လုပ်ဆောင်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။ 44MP Ultra Definition Front Camera မျက်တောင်လေးများကိုပင် ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ပြီး ဆယ်ဖီ အလှပုံလေးတွေမှာ အသေးစိတ်ကျမှု တွေက တော့ တကယ့်ကို အံ့သြမင်သက်ရလောက်အောင်ပါပဲ။ စွဲဆောင်မှုရှိလွန်းတဲ့ အလှအပအားသာချက်လေးတွေကလည်း ချုံ့ချဲ့ကြည့်တာနဲ့ ထင်သာမြင်သာ ရှိနေမှာပါ။
ဘယ်လိုပုံစံ၊ ဘယ်လိုအကွာအဝေးကမဆို Auto Focus နှင့်ဆို အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံရမှာ အသေအချာပါပဲ။ ရှေ့ကင်မရာရှိ ထူးခြားသော Dual Selfie Spotlight က အလင်းရောင်အားနည်းသော အခြေအနေမျိုးတွင် ရိုက်ယူထား သော ဆယ်ဖီများကို အဆင့်မြှင့်ရန် အထူးသီးသန့်ပြုလုပ်ထားပါတယ်။ ထပ်မံထည့်သွင်းပေးထားသော glow အလင်း ရောင်ကလည်း မျက်နှာလေးကို ပိုမိုရှင်းလင်းတောက်ပစေပြီး ပို၍ ဆွဲဆောင်မှုရှိအောင် ပံ့ပိုးပေးပါတယ်။
Dual Selfie Spotlight ဟာ အမှောင်ထူထူအချိန်တွေမှာ ဆယ်ဖီဗီဒီယိုတွေ ရိုက်ကူးဖို့အတွက် သင်လိုအပ်နေတဲ့ အလင်း ရောင်တစ်ခုလည်းဖြစ်ပါတယ်။ ဈေးကွက်ကိုဦးဆောင်နေတဲ့ ISOCELL Plus 2G နည်းပညာကလည်း အလင်းသိပ်သည်းမှု၏ ကန့်သတ်ချက်များကို တွန်းအားဖြစ်စေပါတယ်။

Photo Source https://web.facebook.com/vivomobileMM?_rdc=1&_rdr

AI Night Portrait algorithm က ညအချိန်အခါမှာ ပတ်ဝန်းကျင်ရဲ့ အာရုံစူးစိုက်မှုကို ရရှိစေပါတယ်။ OIS Super Night Selfie နှင့် multi-frame denoising တို့က ကြည်လင်ပြတ်သားမှုရှိသော အလင်းအမှောင် မှန်ကန်တိကျမှုကို ထူးခြားစွာ ဖမ်းယူရိုက်ကူးပေးနိုင်ပြီး ညသဘာဝအလှကို အသေးစိတ်ကျကျ ထင်းလင်းတောက်ပစေမှာြ်ဖစ်ပါတယ်။
အလားတူပင် ကင်မရာမှန်ဘီလူးပေါ်တွင် အသုံးပြုသော OIS နည်းပညာနှင့် EIS algorithm က ဆယ်ဖီဗီဒီယိုများကို ယုံကြည်မှုအပြည့်နဲ့ လှပခန့်ညားနေစေမှာဖြစ်ပါတယ်။
Vivo V21 စမတ်ဖုန်းဟာ 2.5D မျက်နှာပြင်အကွေးများဖြင့် V21 သည် ၇.၂၉ မီလီမီတာ အထူသာရှိပါတယ်။ ဘေးဘောင်တွင် ရိုးရှင်းဖြောင့်တန်းသော လိုင်းများပါရှိပါတယ်။ အဲ့ဒါကလည်း အနုပညာစက်မှုဒီဇိုင်း၏ စံပြအတိုင်းဖြစ်ပါ တယ်။
AG Matte Glass ကာဗာ ကအသုံးပြုသူရဲ့ လက်ချောင်းများကို သက်တောင့်သက်သာဖြစ်စေသည့်ဇိမ်ခံပစ္စည်းတစ်ခုဖြစ်ပါ တယ်။ အဲ့ဒါက ခြစ်ရာများကို ခံနိုင်ရည်ရှိခြင်း၊ လျှောကျခြင်းများကို ကာကွယ်ခြင်းအပြင် လက်ဗွေများဖြင့်လည်း အလွယ် တကူ လက်ရာထင်မှာမဟုတ်ပါဘူး။
အံ့သြဖွယ်ကောင်းသည့် 64MP နှင့် OIS တပ်ဆင်ထားသော အဓိကအနောက်ဘက်ကင်မရာသည် အကောင်းဆုံး ရိုက်ကူးမှုအတွေ့အကြုံများအတွက် သေချာသော ဧရိယာနေရာတစ်ခုဖြစ်ပြီး ပြီးပြည့်စုံစွာ လှပသော ပုံရိပ်များကို နေ့နေ့၊ ညည အလွယ်တကူ ရိုက်ကူးနိုင်စေမှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/vivomobileMM?_rdc=1&_rdr

၆.၄၄ လက်မ E3 AMOLED မျက်နှာပြင်တွင် FHD + resolution နှင့် 100% P3 အရောင်အကျယ်သည် မတူကွဲပြား ထူးခြားသောအရောင်များကို ထောက်ပံ့ပေးနိုင်ပါသေးတယ်။ SGS Eye Care Display Certification က မျက်လုံးများအား အပြာရောင်အလင်း၏ ထိခိုက်ပျက်စီးမှုမှလည်း လျှော့ချပေးစေပါတယ်။ ဒါ့အပြင် မြင့်မားသော refresh နှုန်း 90 Hz နှုန်းဖြင့် မျက်နှာပြင်သည် ချောမွေ့သောအတွေ့အကြုံကို ပေးစွမ်းပေးနိုင်ပြီး အနှောက်အယှက်ကင်းသော မြင်ကွင်းခံစားမှုရသကို လည်း ရရှိစေမှာဖြစ်ပါတယ်။
7nm octa-core MTK 800U ပရိုဆက်ဆာသည် အမြန်နှုန်း 2.4 GHz အထိ အလုပ်လုပ်ပေးနိုင်ပါတယ်။ အက်ပလီကေး ရှင်းများကို စက္ကန့်ပိုင်းအတွင်း ဖွင့်သကဲ့သို့ ထူးခြားစွာ ချောမွေ့သောအတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.vivo.com/mm/products/v21