မြန်မာပြည်တွင်းမှာ နောက်ဆုံးမိတ်ဆက်ထားတဲ့ OPPO F19 Pro စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်များအကြောင်း

မြန်မာပြည်တွင်းမှာ နောက်ဆုံးမိတ်ဆက်ထားသော OPPO 19 Pro စမတ်ဖုန်းဟာ လူကြိုက်များပြီး စွမ်းဆောင်ရည်မြင့် ဖုန်းအမျိုးအစားတစ်ခုထဲမှာ အပါအဝင်ဖြစ်သည်။ OPPO F19 Pro ကို ရွေးချယ်ချင်စရာ အကြောင်းအရင်း ၄ ခု ရှိသည်။
(၁) အားသွင်းချိန်တိုသောကြောင့် ဖုန်းကို ပိုမိုအချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါသည်။ အချိန် ၅ မိနစ်ကြာ အားသွင်းရုံဖြင့် You Tube ဗီဒီယိုများကို ၂.၉ နာရီကြာ ကြည့်ရှုနိုင်မည်ဖြစ်သည်။
(၂) အရောင်များကို အသုံးပြု၍ ဆန်းသစ်သော အလှဓါတ်ပုံရိုက်ကူးခြင်းကို ဗီဒီယိုအနေဖြင့်လည်း ရိုက်ကူးနိုင်ပြီဖြစ်သည်။
(၃) ပုံရိပ်ကိုနှစ်ဘက်မြင်ပုံစံဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။ ဖုန်းမျက်နှာပြင်ရှေ့နောက် နှစ်ဘက်စလုံးမှ မြင်ကွင်းများကို တပြိုင်နက် ရိုက်ကူးမှတ်တမ်းတင်နိုင်သည်။
(၄) စနစ်၏ လုပ်ဆောင်ချက်များအား ကောင်းမွန်အောင် ချိန်ညှိခြင်း၊ ကြာရှည်ခံအောင် တည်ဆောက်ထားခြင်း၊ အချိန်ကြာမြင့်စွာ အသုံးပြုသည့်တိုင် လျင်မြန်သော စွမ်းဆောင်ရည်ကို ရရှိနိုင်သည်။

Photo Source https://www.oppo.com/mm/smartphones/series-f/f19-pro/

OPPO F19 Pro စမတ်ဖုန်းသည် ဗီဒီယိုရိုက်ကူးရာတွင် AI စနစ်သုံးဆော့ဖ်ဝဲကို အသုံးပြု၍ နောက်ခံအား အဖြူအမဲ ဖြစ်အောင် ပြောင်းလဲပေးကာ ဗီဒီယိုရိုက်ကူးသူ၏ ပုံရိပ်အား အရောင်တောက်ပစိုပြေအောင် ဖြည့်ပေးခြင်းဖြင့် ပုံရိပ်အား ပိုမိုထင်ရှားပေါ်လွင်စေပါသည်။
ပုံရိပ်များအား ရှုထောင့် နှစ်ဘက်စလုံးမှ တပြိုင်နက် ရိုက်ကူးခြင်း၊ ရှေ့ကင်မရာနှင့် နောက်ကင်မရာအား တပြိုင်နက်ရိုက်ကူး ကာ ဖုန်းမျက်နှာပြင်ပေါ်တွင် ခွဲ၍ တပြိုင်နက်ပြသပေးခြင်း၊ ရှေ့ကြည့်နောက်ဝါး အလျင်အမြန်လုပ်ဆောင်နိုင်ခြင်း၊ Tap တစ်ချက်တည်းဖြင့် လှပသော အလှဗီဒီယိုများ ရိုက်ကူးခြင်း၊ ရိုက်ကူးလိုသော အဓိကအရာကို ပေါ်လွင်ထင်ရှားစေရန် နောက်ခံကိုဝါးပေးရာတွင် ဆန်းသစ်တောက်ပသောပုံစံဖြစ်အောင် လုပ်ဆောင်ပေးပါသည်။
ညချမ်းအချိန်အခါ၏ မြို့ပြအလှကို မှတ်တမ်းတင်နိုင်ရန် မတူညီသော mode သုံးမျိုးဖြင့် ရိုက်ကူးနိုင်ခြင်း၊ ရှင်းလင်းစုံလင်အောင်ရိုက်ကူးခြင်း (Cosmopolitan)၊ မီးအလင်းရောင်များကို ကြွအောင်ရိုက်ကူးခြင်း (Astral)၊ အရောင်များကို တောက်ပစိုပြေအောင်ရိုက်ကူးခြင်း (Dazzle) စတဲ့အချက်တွေကလည်း သုံးစွဲသူစိတ်ဝင်စားမှုကို ပိုမိုရရှိစေ ခြင်းလည်းဖြစ်သည်။
အထူ 7.8mm နှင့် အလေးချိန် 172g ရှိပါသည်။² F19 Pro သည် အလွန်ပါးလွှာသောကြောင့် တနေကုန် ကိုင်ဆောင်ထားရအဆင်ပြေကာ သက်သောင့်သက်သာရှိစေသည်။ ချောမွေ့ပြီး ကွဲပြားခြားနားသည့် ဒီဇိုင်းရရှိအောင် ရိုးရှင်းသော အရောင်များကို အသုံးပြု၍ အစိတ်အပိုင်းတစ်ခုပေါ်တွင် ကင်မရာ ၄ ခုကို အဆင်ပြေအောင် ထည့်သွင်းထုတ် လုပ်ထားသည်။ HD ဗီဒီယိုများကို ကောင်းမွန်စွာကြည့်ရှုနိုင်အောင် ပိုမိုကျယ်ပြန့်သော မျက်နှာပြင်နှင့် ဖုန်းကိုယ်ထည်အချိုး 90.8% ရှိသော³ Super AMOLED မျက်နှာပြင်ကို အသုံးပြုထားပြီး In-Display Fingerprint မှာ 3.0 ဖြစ်သည်။

Photo Source https://www.oppo.com/mm/smartphones/series-f/f19-pro/

ဘက်ထရီကြာရှည်ခံစေရန် ညအချိန်တွင် Super Nighttime Standby ကို အသင့်ထားရှိခြင်းဖြင့် အားနည်းသည့်အချိန်တွင်ပင် ဖုန်းကို ဆက်လက်အလုပ်လုပ်နေမည်ဖြစ်သည်။ ၅ မိနစ်အားသွင်း ရုံနှင့် ၃.၂ နာရီကြာ စကားပြောနိုင်ခြင်း၊ ၅ မိနစ်အားသွင်း၁.၀ နာရီကြာ အင်စတာဂရမ်အသုံးပြုနိုင်မည်ဖြစ်သည်။
ဆော့ဖ်ဝဲစွမ်းရည်နှင့် ကိုက်ညီမှုရှိသော ဟာ့ဒ်ဝဲစွမ်းရည်၊ ဂိမ်းကစားသည့် mode ကို ချိန်ညှိထားရုံဖြင့် သတိပေးစာတိုများကို နှောင့်ယှက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါသည်။ ထို့အပြင် စနစ်၏ လုပ်ဆောင်ချက်များအား ကောင်းမွန်အောင်ချိန်ညှိခြင်း၊ ဖုန်းနှေးကွေးခြင်းကို လျော့ချပေးခြင်း၊ အချိန်ကြာမြင့်စွာ ဖုန်းအသုံးပြုနိုင်ခြင်း စသည့်အချက် များအပြင် SPO ၏ အကူအညီဖြင့် အချိန်ကြာမြင့်စွာ ဖုန်းအသုံးပြုခြင်းကြောင့် ဖုန်းနှေးကွေးခြင်းကို လျှော့ချပေးနိုင်သည်။
မျက်နှာပြင်တစ်ခုပေါ်တွင် အပလီကေးရှင်းများစွာ အသုံးပြုခြင်း၊ အမြန်အဆန် Folder ဖွဲ့ပေးခြင်း၊ တစ်ချက်ဖိဆွဲရုံဖြင့် အပလီကေးရှင်းများကို ပေါင်းစည်းပေးခြင်း၊ OPPO Lens အသုံးပြု၍ လက်သုံးချောင်းဖြင့် ဘာသာပြန်ပေးခြင်း၊ ဆွဲပွတ်ရုံဖြင့် Web ပေါ်မှ စာသားများအား အချိန်နှင့်တပြေးညီ ဘာသာပြန်ပေးနိုင်ခြင်း စသည့်လုပ်ဆောင်ချက်ပေါင်းများစွာကို ပေးနိုင် သော စမတ်ဖုန်းတစ်လုံးဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.oppo.com/mm/smartphones/series-f/f19-pro/