Vivo စမတ်ဖုန်းချစ်သူတွေအတွက် ရွေးချယ်စရာ vivo Y15C စမတ်ဖုန်း

Vivo ရဲ့ ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေတော်တော်များများဟာ ကင်မရာကို ဦးစားပေးထုတ်လုပ်ထားကြတာဆိုပေမယ့် ဘက်ထရီပိုင်းဆိုင်ရာကို ဆန်းစစ်ကြည့်တဲ့အခါ မှာလည်း အရည်အသွေးမြင့်မားတာကို တွေ့ရှိရပါတယ်။ စမတ်ဖုန်း တစ်လုံးဝယ်ယူမယ်ဆိုရင်လည်း အရောင်ပိုင်းဆိုင်ရာလှပသေသပ်မှု၊ ဖုန်းတစ်လုံးရဲ့ အရေးအကြီးအခန်းကဏ္ဍမှာ ပါဝင်တဲ့ Charging စနစ်တွေကိုလည်း ရွေးချယ်ဝယ်ယူသင့်ပါတယ်။
အခုနောက်ပိုင်းထွက်ရှိထားတဲ့ ဖုန်းတွေထဲမှာ Vivo Y15C စမတ်ဖုန်းဟာလည်း အရည်အသွေးကောင်းမွန်ပြီးဈေးနှုန်းသက် သာစေတဲ့ စမတ်ဖုန်းတစ်လုံးလို့လည်းဆိုနိုင်ပါတယ်။ Vivo Y15C စမတ်ဖုန်းဟာ ကြီးမားသော စွမ်းဆောင်ရည်ရှိသည့် 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး အားအပြည့်သွင်းထားရုံဖြင့် အွန်လိုင်း HD ရုပ်ရှင်ကြည့်ရှုခြင်းတို့ကို ၁၇ နာရီကျော်ကြာပြုနိုင်ပါတယ်။ အားအပြည့်သွင်းထားပြီး ဂိမ်းကစားခြင်းကိုတော့ ၈ နာရီကျော်ကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် power bankကို အားသွင်းရင် အသုံးပြုနိုင်သော 5V/1A Reverse Charging စနစ်ပါဝင်ပါတယ်။
Vivo Y15C စမတ်ဖုန်းမှာ 6.51-inch Halo FullView™ နဲ့ Display with HD+ (1600×720) resolution ပါဝင်တဲ့အတွက် ဗီဒီယိုများ လက်တွေ့ဆန်သော အမြင်များဖြင့် ခံစားနိုင်မှာဖြစ်ပါတယ်။ မျက်လုံးကို ထိခိုက်စေသော Blue Light အတွက် Eye Protection Mode ပါဝင်သောကြောင့် မျက်လုံးထိခိုက်မှု လျှော့ချပေးပြီး အမြင် ကြည်လင်စေပါတယ်။

Photo Source https://www.facebook.com/vivomobileMM/

Vivo ရဲ့ Side-Mounted Fingerprint Scanner ဒီဇိုင်းက Power Button နဲ့ Fingerprint Scanner ကို အချိတ်အဆက်လုပ်ပေးသောကြောင့် Display ကို Turn on ပြီး တစ်ပြိုင်နက် ဖုန်းကို unlock လုပ်ပေးနိုင်ပါတယ်။ SIM နှစ် ကတ်အသုံးပြုနိုင်ပြီး Memory တိုးချဲ့ခြင်းကို 1 TB အထိ လုပ်ဆောင်နိုင်ပါသေးတယ်။
3D Back Cover နဲ့ ပြုလုပ်ထားပြီး 8.28mm ပါးလွှာတဲ့ Body အဖြစ် အသွင်ဆောင်ထားသောကြောင့် ကိုယ်တွယ်အသုံးပြုရ ပေါ့ပါးစေပါတယ်။ Wave Green နဲ့ Mystic Blue ဆိုတဲ့အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။
Vivo Y15C စမတ်ဖုန်းရဲ့ AI Dual Camera သည် နေ့စဉ်ဘဝ ရိုက်ကူးရေး၊ Panorama အပါအဝင် Face Beauty ၊ ဓာတ်ပုံ၊ ဗီဒီယို၊ Live Photo၊ Time-Lapse၊ Pro Mode နှင့် Document များအတွက် ကျယ်ပြန့်သော လုပ်ဆောင်ချက်များဖြင့် ပံ့ပိုးပေးထားပါသေးတယ်။ 13MP ကျောဘက် ပင်မကင်မရာလည်းပါဝင်ပါတယ်။ နောက်ထပ်ပါဝင်တဲ့ 2MP Super Macro Camera က သေးငယ်သော ပစ္စည်းများကို ရိုက်ကူးတဲ့အခါ အင်မတန်ကောင်းမွန်ပါတယ်။
ဈေးနှုန်းကတော့ မြန်မာကျပ်ငွေ 299800 ကျပ်ပဲဖြစ်ပါ တယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/vivomobileMM/