OPPO မှ Grab နှင့် Codashop တို့ဖြင့် ပူးပေါင်းပြီး Raffle Lucky Draw Promotion အစီအစဉ်များ စတင်မိတ်ဆက်

OPPO မှ Grab တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ Promo Code အဖြစ် “OPPOF21PRO” ကိုအသုံးပြုသည့် Customer များအနေဖြင့် OPPO စမတ်ဖုန်းများ ကံထူးရှင်ဖြစ်နိုင်မည့်အစီအစဉ်နှင့် Codashop တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့ အထိ ဝယ်ယူသည့် Customer များအနေဖြင့် OPPO စမတ်ဖုန်းများ ကံထူးရှင်ဖြစ်နိုင်မည့်အစီအစဉ်များကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
OPPO နှင့် Grab တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ Grab Application မှ GrabTaxi စီးနှင်းသည့်အခါ၊ GrabFood သို့မဟုတ် Mart မှ ဝယ်ယူသည့်အခါ သတ်မှတ်ကာလအတွင်း Promo Code အဖြစ် “OPPOF21PRO” ဟု ရိုက်နှိပ်ထည့်သွင်း အသုံးပြုပါက OPPO F21 Pro (၂) လုံး၊ OPPO A76 (၂) လုံး၊ 100,000 ကျပ်တန် GrabFood ဘောက်ချာ (၁) စောင်တို့ အသီးသီး ပါဝင်ကံထူးနိုင်မည့် အစီအစဉ်တစ်ခုကို စတင်မိတ် ဆက်လိုက်ခြင်းဖြစ်သည်။

Photo Source https://www.facebook.com/OPPOMyanmar/?ref=page_internal

၎င်းအပြင် GrabDriver များ အတွက်လည်း သတ်မှတ်ကာလအတွင်း OPPO F21 Pro (၁) လုံး၊ OPPO A76 (၁) လုံး နှင့် စက်သုံးဆီဘောက်ချာများတို့ကို ကံထူးရှင်များ ရွေးချယ် ပေးအပ်သွားမည်ဖြစ်သည်။
ထို့ပြင် OPPO နှင့် မြန်မာနိုင်ငံတွင် ကမ္ဘာကျော် ဂိမ်းများနှင့် Online Entertainment App များ၏ Credits များကို လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်သည့် Codashop Myanmar တို့ ပူးပေါင်း၍ Raffle Lucky Draw Promotion အထူး လက်ဆောင် အစီအစဉ်တစ်ခုကိုလည်း ထပ်မံမိတ်ဆက်ထားသည်။
Codashop တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ သတ်မှတ်ထားသော ဂိမ်းများနှင့် Online Entertainment များအတွက် အနည်းဆုံး (၅၀၀၀) ကျပ်ဖိုး ဝယ်ယူသူများထဲမှ ကံထူးရှင် ရွေးချယ်ပြီး OPPO F21 Pro (၃) လုံး၊ OPPO Enco Buds (၃) ခု၊ (၁) သောင်း ကျပ်တန် Codashop Gift Vouchers (၁၀) စောင်တို့ကို အသီးသီး ရွေးချယ် ပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါ အထူးအစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://bit.ly/3PgfEEm
https://bit.ly/3IxZdkG