HUAWEI nova Y90 အား ၄၃၉,၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတွင် စတင်ဝယ်ယူရရှိနိုင်

Huawei မှ 6.7 လက်မ HUAWEI Edgeless FullView Display ဖြင့် သေသပ်သောဒီဇိုင်းနှင့် လှပသောပုံရိပ်များကို ဖန်တီးပေးနိုင်ပြီး စမတ်ဖုန်းများအကြား မြင့်မားသော နည်းပညာနှင့်အတူ စတိုင်ကျလှပသော HUAWEI nova Y90 အား ၄၃၉,၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။
HUAWEI nova Y90 တွင်ကြည်လင်ပြတ်သားသည့် ရုပ်ကြွပုံများကို ကြည့်ရှုနိုင်မည့် 6.7 လက်မရှိသည့် HUAWEI Edgeless FullView Display၊ 5000 mAh ဘက်ထရီ၊ 40W HUAWEI SuperCharge အပြင် 128GB storage စသည့်အံ့သြဖွယ်ကောင်းသည့် Features များပါဝင်သည်။
HUAWEI nova Y90 တွင် ရုပ်ထွက်အရည်အသွေးပိုင်းနှင့်ပတ်သက်ပြီး အဆင့်မြင်တင်ထားပြီး အနောက်ဘက်တွင် Super Night Mode၊ Front/ Rear Dual-View ဗီဒီယို၊ AI Snapshot စသည့် ခေတ်မှီဆန်းသစ်သော Features များကို အထောက်အပံ့ပေးသည့် 50MP AI Triple Camera ပါဝင်သည်။ Operating system အနေဖြင့် EMUI 12 အားအသုံးပြုထားသည့်အတွက် အသုံးပြုရာတွင် အဆင်ပြေချောမွေ့သော အတွေ့အကြုံများကို ရရှိမည်ဖြစ်သည်။
HUAWEI nova Y90 ၏ မျက်နှာပြင်သည် 6.7 လက်မရှိသော HUAWEI Edgeless FullView Display ဖြစ်ပြီး 90 Hz Refresh Rate ကိုအထောက်အပံ့ပေးထားသည်။ Touch Sampling Rate မှာ 270Hz ရှိသည့်အတွက် မိုဘိုင်းဂိမ်းကစားရာနှင့် နေ့စဉ်အသုံးပြုရာတွင် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ မျက်နှာပြင်ရှိ ဘေး‌ဘောင်များမှာ အလွန်ကျဉ်းမြောင်းပြီး 1.05mm သာရှိသည်။ Screen-to-body ratio မှာ 94 ရာခိုင်နှုန်းရှိသည့် အတွက် ရုပ်ထွက်ကြွပြီး ကြီးမားကျယ်ပြန့်သော မျက်နှာပြင်နှင့်ကြည့်ရှုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/huaweimobile/

ပိုမိုကောင်းမွန်သော အသုံးပြုမှုအတွေ့အကြုံများကို ခံစားရစေရန် HUAWEI nova Y90 တွင် မျက်နှာပြင်အလင်းအမှောင်အားထိန်းချုပ်နိုင်ခြင်း၊ မျက်လုံးထိခိုက်မှုမှ ကာကွယ်ရန် Eye Comfort Mode ထည့်သွင်းပေးထားခြင်း၊ စာဖတ်ရာတွင်အဆင်ပြေစေရန် e-book mode စသည်တို့ကို ထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူများအနေဖြင့် အကောင်းဆုံးအတွေ့အကြုံများကို ခံစားရမည်ဖြစ်သည်။
HUAWEI nova Y90 သည် အ‌ရှေ့အနောက် Dual-view Video ကိုအထောက်အပံ့ပေးပြီး တစ်ချိန်တည်းတွင် အရှေ့နှင့်အနောက်ရှိ ဗီဒီယို နှစ်ခုလုံးကို ပြသပေးသည်။ ဗီဒီယိုများရိုက်ကူးရာတွင်လည်း အရှေ့အနောက် မြင်ကွင်းနှစ်ခုလုံးအား တစ်ပြိုင်နက်ပြသနိုင်သည့်အပြင် မြင်ကွင်းတစ်ခုနှင့်တစ်ခုအား အထစ်အငေါ့မရှိ ရွေ့ပြောင်း ပြသနိုင်သည်။ ထို့ပြင် Built-in ပါဝင်သည့် Application မှ Templates များကို အသုံးပြု၍လည်း ဗီဒီယိုများကို ဖန်တီးနိုင်သည်။
HUAWEI nova Y90 တွင် 50MP Main Camera ပါဝင်ပြီး Super Night Mode Function ပါဝင်သည့်အတွက် ညဘက်ဓါတ်ပုံများရိုက်ကူးရာတွင် ပိုမိုကြည်လင် ပြတ်သားပြီး အသေးစိတ်ကျသောပုံများကိုရရှိစေမည်ဖြစ်သည်။ Super Night Mode နှင့်ရိုက်ကူးရာတွင် AI multi-Frame noise reduction algorithm မှ noise များကိုလျော့ချပေးပြီး Stability ထိန်းညှိပေးကာ Professional ဓါတ်ပုံဆရာများကဲ့သို့ ကြည်လင်ကောင်းမွန်သည့် ပုံရိပ်များကိုရိုက်ကူးနိုင်မည်ဖြစ်သည်။ HUAWEI nova Y90 တွင် AI Snapshot Function ပါဝင်သည့်အတွက် ရွေ့လျားနေသော အရာဝတ္ထုများအား ဖမ်းယူနိုင်ကာပြတ်သားသော ပုံရိပ်များကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်အောင်တီထွင်ထားသော Algorithm မှ shutter speed ကိုထိန်းညှိပေးကာ လှုပ်ရှားမှုမြန်ဆန်ပြီး ရွေ့လျားနေသောအရာများကိုလည်း ဖမ်းယူရိုက် ကူးနိုင်မည်ဖြစ်သည်။
HUAWEI nova Y90 တွင် High-Res 50MP Main Camera ပါဝင်သည့်အတွက် ကြည်လင်ပြီး အသေးစိတ်ကျသည့်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ 2MP Depth Camera မှ ရိုက်ကူးထားသည့်ဓါတ်ပုံများကို အလွှာခွဲပေးပြီး အဓိကရိုက်လိုသည့် အရာအား ရုပ်လုံးကြွအောင် ကူညီပေးသည်။ ထို့ပြင် 2MP Macro Camera မှ အနုစိတ်ပုံရိပ်များကို ရိုက်ကူးပေးနိုင်သည်။ 8MP ရှိသော အ‌ရှေ့ကင်မရာမှ Portrait နှင့် Bokeh Effect ကိုအထောက်အပံ့ပေးပြီး နောက်ခံမြင်ကွင်းကို ဝါးပေးကာ လှပသော Selfie ပုံများကိုရိုက်ကူးပေးနိုင်မည်ဖြစ်သည်။ Huawei Beauty Mode 5.1 မှ ပိုမိုချောမွေ့သော အသားအရည်နှင့်အလင်းရောင် အားကောင်းသောပုံရိပ်များကို ရရှိစေမည်ဖြစ် သည်။ AI Algorithm မှ ဓါတ်ပုံရိုက်ရာတွင် ပိုမိုကြည့်ကောင်းသော အသားအရည် ရရှိစေရန်ကူညီပေးမည်ဖြစ်သည်။
HUAWEI nova Y90 တွင် ကြီးမားသော 5000 mAh (typical value) ဘက်ထရီပါဝင်သည့်အတွက် ခရီးသွားခြင်း၊ အိမ်တွင်ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ ဖုန်းပြောခြင်းစသည်တို့ပြုလုပ်ရာတွင် ဘက်ထရီအားကုန်မှာစိုးရိမ်စရာမလိုဘဲ စိတ်အေးချမ်းစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/huaweimobile/

HUAWEI nova Y90 တွင် 40W Pyramid Structure HUAWEI SuperCharge ထည့်သွင်းပေးထားသည့်အတွက် ၁၀မိနစ် အားသွင်းရုံဖြင့် ၂.၃ နာရီကြာ ဂိမ်းကစားနိုင်မည်ဖြစ်သည်။ ထို့ပြင် Battery Health Assistant Function ပါဝင်သည့်အတွက် Battery Health အခြေအနေကို အလိုအလျောက်သိရှိပြီးအသိပေးသည့်စနစ်မှတစ်ဆင့် အသုံးပြုသူမှ ဘက်ထရီအား အချိန်မှီ ပြုပြင်နိုင်မည်ဖြစ်သည်။ အားသွင်းရာတွင် မြန်ဆန်ပြီး လုံခြုံစိတ်ချစေရန် Fast Charging Protection အလွှာ ၈ ခု၊ Charging Protection အလွှာ ၁၃ ခုနှင့် USB Port အပူချိန်လွန်ကဲခြင်းမှ ကာကွယ်ပေးသည့် အလွှာတစ်ခုထည့်သွင်းထားသည်။ ထို့ပြင် 128GB Storage ပါဝင်သည့်အတွက်လည်း ကြိုက်နှစ်သက်ရာ Applicationများ၊ ဂိမ်းများ၊ အလုပ်နှင့် လေ့လာသင်ယူရာတွင် လိုအပ်သော ဖိုင်များအား စိတ်ကြိုက်သွင်းနိုင်မည်ဖြစ်သည်။ ခြုံငုံကြည့်ရလျင် HUAWEI nova Y90 သည် ဒီဇိုင်း၊ ဟာ့ဒ်ဝဲမှအစသေသပ်လှပပြီး လူငယ်များအတွက် ဆန်းသစ်သော နည်းပညာများအပါအဝင် ဈေးနှုန်းသင့်တင့်သောဖုန်းတစ်လုံးဖြစ်သည်။
HUAWEI nova Y90 ကို RAM 8 GB + 128 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Crystal Blue (အပြာ‌ရောင်)၊ Emerald Green (အစိမ်းရောင်) နှင့် Midnight Black (အနက်ရောင်)တို့အား မြန်မာနိုင်ငံတွင် ဝယ်ယူရရှိမှာ ဖြစ်သည်။ တန်ဖိုးအားဖြင့် မြန်မာကျပ် ၄၃၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ အောက်ပါ Link တွင်ဝင်ရောက်ကြည့် ရှုနိုင်ပါသည်။
https://www.facebook.com/huaweimobile/