OPPO မှ Million Winners Monsoon Promotion အထူးအစီအစဉ်များကို မိတ်ဆက်

OPPO မှ ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း မည်သည့် OPPO စမတ်ဖုန်းကိုမဆို ဝယ်ယူသူများအနေဖြင့် သန်းဆု ကံထူးရှင် ဖြစ်နိုင်မည့် Million Winners Monsoon Promotion အထူးအစီအစဉ်နှင့် F21 Pro၊ A76၊ A55၊ A16k တို့ကို ဝယ်ယူသူများအတွက် အထူးလက်ဆောင်များ ရရှိနိုင်သည့်အစီအစဉ်တစ်ခုကို မိတ်ဆက်လိုက် ပြီဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံဈေးကွက်အတွင်းရှိ မည်သည့် OPPO စမတ်ဖုန်းကိုမဆို ဝယ်ယူသည့် Customer များအတွက် သတ်မှတ်ကာလ အတွင်း အပတ်စဉ်တိုင်း ဆုငွေ ၁ သန်း ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးအပြင် တခြား ဆုလက်ဆောင်များ ကံထူးနိုင်မည့် အစီအစဉ် တစ်ခုကို OPPO Myanmar Facebook Page မှ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး ပထမဆု ၁ သန်း ကျပ် (၉ ဆု)၊ ဒုတိယဆု OPPO Watch (41mm) ဆု (၁၅ ဆု)၊ တတိယဆု OPPO Band ဆု (၃၀ ဆု) တို့ကို ကံထူးနိုင်မည်ဖြစ်သည်။
အဆိုပါ ဆုလက်ဆောင်များကို သတ်မှတ်ကာလအတွင်း အပတ်စဉ် ၃ ပတ်ခွဲကာ OPPO Myanmar Facebook Page မှ ကံထူးရှင်များ ရွေးချယ်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ပထမ အပတ်၊ ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ဒုတိယ အပတ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ တတိယအပတ်တို့တွင် အပတ်စဉ်တိုင်း ပထမဆု ၃ ဆု၊ ဒုတိယဆု ၅ ဆု၊ တတိယဆု ၁၀ ဆု တို့ကို ဆုလက်ဆောင်များ အနေဖြင့် OPPO မှ ပေးအပ်သွားမည်လည်းဖြစ်သည်။

Photo Source https://www.facebook.com/OPPOMyanmar/posts/2264693100355232

အဆိုပါ ဆုလက်ဆောင်များကို မိမိတို့ ဖုန်းဝယ်ယူသည့် ရက်အပေါ် မူတည်ပြီး OPPO Myanmar Facebook Page ရှိ သက်ဆိုင်ရာ အပတ်စဉ်တွင်သာ ပါဝင်ကံထူးနိုင်မည်ဖြစ်သည်။
ထို့အပြင် OPPO မှ Customer များအတွက် မြန်မာနိုင်ငံ ဈေးကွက်အတွင်း တင်သွင်းဖြန့်ချိထားသော F21 Pro၊ A76၊ A55၊ A16k တို့ကို သတ်မှတ်ကာလအတွင်း ဝယ်ယူမည်ဆိုပါက လျှော့ဈေးနှင့် လက်ဆောင်များ ပေးအပ်သွားမည့် နောက်ထပ် အထူးအစီအစဉ်တစ်ခုကိုလည်း ထပ်မံမိတ်ဆက်ထားသည်။
3D Sleek Design နှင့် ပေါ့ပါးပြီး Screen Size ကြီးမားသော OPPO A16k (4GB RAM+64GB ROM) ကို ဝယ်ယူမည် ဆိုပါက ၁ သောင်းကျပ် ဈေးလျှော့ပေးသွားမည် ဖြစ်ပြီး ၂၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကာ OPPO F21 Pro နှင့် OPPO Enco Buds တို့ကို တွဲဖက် ဝယ်ယူမည် ဆိုပါက ၁ သောင်း ကျပ် ဈေးလျှော့ပေးသွားမည်ဖြစ်သည်။
ဒါ့အပြင် OPPO F21 Pro ကို ၆၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူမည်ဆိုပါက Smart Wireless Desktop Speakers လက်ဆောင်ရရှိမည်ဖြစ်သည်။ OPPO A76 ကို ၄၇၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူမည်ဆိုပါက ဘေးတစောင်း လွယ်အိတ် လက်ဆောင်ရရှိမည်ဖြစ်သည်။ OPPO A55 ကို ၄၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူမည်ဆိုပါက အိတ်ဆောင်ပန်ကာကို လက်ဆောင်ရရှိမည်ဖြစ်သည်။
အဆိုပါ အထူးအစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက OPPO Myanmar ၏ Official Facebook Page https://www.facebook.com/OPPOMyanmar/posts/2264693100355232 တွင် ဝင်ရောက် လေ့လာနိုင်သည်။