မြန်မာနိုင်ငံရဲ့ ရေကြောင်းပို့ဆောင်ရေးတစ်ခုဖြစ်တဲ့ Yangon Water Bus

Image Source: http://www.yangonwaterbus.com

ရန်ကုန်မြို့နေအများပြည်သူများ မြို့တွင်း မြို့ပြင် ခရီးသွာရေးအဆင်ပြေချောမွေ့စေရန်အတွက် နှင့် ယာဉ်ကြောကြပ်တည်းမှုပြသာနာများကို ဖြေရှင်းနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် နှင့်Tint Tint Myanmar ကုမ္ပဏီ တို့ပူးပေါင်းပြီး ရန်ကုန်မြို့မြစ်ကြောင်းအတွင်းသွားရန် အတွက် Yangon Water Bus ကို အောက်တိုဘာလ ၇ ရက်နေ့တွင်စတင်အကောင်းအထည်ဖော်ပြေးဆွဲခဲ့ပါတယ်။ Yangon Water Bus ကို ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှ အင်းစိန်အောင်ဇေယျတံတားသို့ယနေ့ (အောက်တိုဘာ ၇ရက်) တွင် စတင်ပြေးဆွဲပြီဖြစ်ပြီး ခရီးစဉ်တစ်ကြောင်းလျှင် ၃၀၀ ကျပ် သတ်မှတ်ထားသည်ဟု Yangon Water Bus လုပ်ငန်းပိုင်ရှင် ကပြောပါတယ်။ ခရီးစဉ်ကို လူဦးရေ ၂၄၀ ဆံ့သည့် သငေ်္ဘာသုံးစီး ၊ လူဦးရေ ၆၀ ဆံ့ သငေ်္ဘာသုံးစီ ၊ လူဦးရေ ၁၂၀ ဆံ့ သငေ်္ဘာခုနစ်စီး စုစုပေါင်း Water Bus ၁၃ စီးဖြင့် စတင်ပြေးဆွဲမည်ဖြစ်ပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပြေးဆွဲမည်ဖြစ်ကာ ခရီးစဉ်စဆုံး ၅၀၀ ကျပ်ဖြစ်သည်။

Image Source: http://www.yangonwaterbus.com

သငေ်္ဘာတွေအားလုံးမှာ GPS စနစ် တပ်ဆင်ထားပြီး လုံခြုံရေ၀န်ထမ်းတွေလည်း ပါ၀င်မှာဖြစ်လို့ လုံခြုံရေးးအပိုင်းမှာလည်း စိတ်ချရမှာဖြစ်ပါတယ်။ လူကြောင့် စက်ကြောင့် ရာသီဥတုကြောင့် ဖြစ်ပေါ်လာလျင် အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်လို့ရအောင် ထိန်းချုပ်စင်တာ တစ်ခုကိုထားရှိပြီး နည်းပညာတွေကိုတော့ ဟန်ဂေရီနိုင်ငံမှ ကုမ္ပဏီ နဲ့ဆက်သွယ်ပြီးး ရယူထားတာဖြစ်ပါတယ်။ Yangon Water Bus ၏ ကပ္ပတိန်များမှာလဲ ပထမတန်းရေယာဉ်အုပ်စု လက်မှတ် ရရှိပြီးသူများဖြစ်ပြီး မြစ်ကြောင်းသွားလာမှု ရေယာဉ်အုပ် အတွေ့အကြုံအနည်းဆုံး ၁၀နှစ်ရှိသူများလည်းဖြစ်ပါတယ်။ Yangon Water Bus စီးနင်းသူများအဆင်ပြေစေရန် Anypay Card (ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ယာဉ်စီးခ ပေးချေခြင်း) စနစ်ဖြင့်စီးနင်းရမည်ဖြစ်ပြီး ကဒ်ကိုအခမဲ့ရရှိမည် ဖြစ်ကာ ၅၀၀ ကျပ်မှစတင်၍ ငွေဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။

Image Source: http://www.yangonwaterbus.com

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က “ ဘတ်စ်ကားက ယာဉ်ကြောကြပ်တည်းမှုတွေကို တော်တော်လေးရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ရေကြောင်းလမ်းကနေ သွားမယ်ဆိုရင် ယာဉ်ကြောကြပ်တည်းမှု တစ်စုံတစ်ရာ သက်သာနိုင်စရာရှိပါတယ်။ သွားလာသူတွေလည်းမီးပွိုင့်တွေ ၊ ယာဉ်ကြောကြပ်တာတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ် ” ဟုဖွင့်ပွဲအခမ်းအနားတွင်ပြောကြားထားပါတယ်။ သငေ်္ဘာပေါ်တွင် ခရီးသွား ပြည်သူများ အဆင်ပြေစေရန် ထမင်းဘူးတစ်ဘူး လျှင် ၄၀၀ ကျပ် ၊ လက်ဖက်ရည် ၊ ကော်ဖီတစ်ခွတ်လျှင် ၁၅၀ ကျပ်ဖြင့် ရောင်းချပြီး ပြင်ပဈေးသည်များကို သငေ်္ဘာပေါ်သို့တက်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်းကို်လည်း Yangon Water Bus တာ၀န်ရှိသူတစ်ဦးမှ ပြောကြားပါတယ်။
Image Source: http://www.yangonwaterbus.com

ဂျပန်နိုင်ငံ Fukuoka မြို့တော်၀န် ဆိုရီရှီယိုကာကာရှီးမားသည်လည်း နို၀င်ဘာလ ၂ရက်နေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်အချိန်က ဗိုလ်တထောင်ဆိပ်ကမ်းမှ Yangon Water Bus နှစ်ထပ်သငေ်္ဘာဖြင့် လိုက်ပါစီးနင်းလေ့လာခဲ့ပြီး ဂျပန်မြို့တော်၀န်နှင့်အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ကော်မတီ၀င်နှစ်ဦး နှင့် Yangon Water Bus မှတာ၀န်ရှိသူများကအတူလိုက်ပါလာခဲ့ကြပါတယ်။ လက်ရှိအချိန်တွင် ဗိုလ်တစ်ထောင်ဆိပ်ကမ်း- နန်းသီတာဆိပ်ကမ်း- ကြည့်မြင်တိုင်ဆိပ်ကမ်း – လှိုင်ဆိပ်ကမ်း- ပန်းလှိုင်ဆိပ်ကမ်း- အင်းစိန်အောင်ဇေယျတံတားတို့သို့ပြေးဆွဲနေပြီး ယင်းခရီးစဉ်ကို လှိုင်သာယာအထိ တိုးချဲ့ပြေးဆွဲမှာဖြစ်ပါတယ်။
Image Source: http://www.yangonwaterbus.com

ထို့်အပြင်ညောင်တန်းဆိပ်ကမ်းမှမြောက်ဒဂုံဆိပ်ကမ်း၊ Star City နှင့် သန်လျင်မြို့ကိုလည်း လမ်းကြောင်းသစ်တိုးချဲ့မည်ဟုလည်း ကုမ္ပဏီက ဆိုထားပါတယ်။ သငေ်္ဘာထွက်ခွာခိျန်၊ ဆိုက်ရောက်ချိန်နှင့် အစီးရေများကို ပြည်သူလူထု အလွယ်တကူ သိရှိနိုင်စေရန် ဆိပ်ကမ်းများတွင်လည်း ကပ်ထားပေးပါတယ်။ မြစ်ကြောင်းတစ်လျှောက်တွင်ပတ်၀န်းကျင်ထိန်းသိမ်းရေး နှင့် Yangon Water Bus အတွက်လိုအပ်သည့်ဇီ၀စက်သုံးဆီများရရှိနိုင်ရန် သြစတြေးလျနိုင်ငံမှ စိုက်ပျိုရေးပညာရှင်များနှင့်ပူးပေါင်း ကာ ငါးနှစ်စီမံချက်ဖြင့် ဇီ၀စက် သုံးဆီ ထုတ်လုပ်နိုင်သည့်အပင်များ စိုက်ပျိုးမည်ဟုလည်း ကုမ္ပဏီ ကဆိုထားပါတယ်။ ယင်းစီမံချက် ကိုမြစ်ကြောင်းတစ်လျှောက်ရှိတောင်သူများ နှင့်ပူပေါင်း၍လာမည့်၂နှစ်အတွင်းအပင်များစိုက်ပျိုးမှာဖြစ်ပါတယ်။

Image Source: http://www.yangonwaterbus.com

လက်ရှိတွင်သငေ်္ဘာစီးသူများ ကိုသငေ်္ဘာစီးနင်းခကို AnyPay ကဒ်စနစ်အပြင် လက်မှတ်စနစ်ကိုလည်းထည့်သွင်းရောင်းချပေးနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ ပထမ အဆင့်အနေဖြင့် ဗိုလ်တစ်ထောင်- အင်းစိန် Yangon Water Bus ခရီးစဉ်ကိုပြေးဆွဲလျက်ရှိပြီး တစ်လအတွင်း မြောက်ဒဂုံ-ညောင်တန်းခရီးစဉ်အတွက် ဆိပ်ကမ်းဆောက်လုပ်ရေးလုပ်ငန်းများကိုလုပ်ဆောင်သွားမည်ဖြစ်ကာ တတိယအဆင့်အနေဖြင့် သန်လျင် Star City ခရီးစဉ်အတွက် ဆိပ်ကမ်းတည်ဆောကရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။

Image Source: http://www.yangonwaterbus.com

မတ်လ ၁၇ ရက်နေ့ နှင့် ၁၈ရက်နေ့များမှစတင်၍ အပတ်စဉ် သံလျင် ကျောက်တန်း ရေလည် ဘုရားဖူးခရီးစဉ်တွေကို တစ်ဦးလျှင် ၆ထောင် ကျပ် ဖြင့် Water Bus ပြေးဆွဲပေးမည်ဖြစ်ကြောင်း Tint Tint Myanmar ကုမ္ပဏီ မှ သိရှိရပါတယ်။ သံလျင်ကျောက်တန်းရေလယ်ဘုရားဖူးခရီးစဉ်ကို ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှတစ်ဆင့် မနက် ၆ နာရီခွဲတွင် ထွက်ခွာမည် ဖြစ်ရာ လမ်းခရီးတွင် ထမင်းဘူး၊ ကော်ဖီ၊ ရေသန့် များသုံးဆောင်နိုင်မည်ဖြစ်ပြီး အစိုးရရုံးပိတ်ရက် စနေ ၊ တနင်္ဂနွေ နေ့များတွင် အပတ်စဉ်ထွက်ခွာပေးမှာဖြစ်ပြီး လမ်းတွင် ထမင်းဘူး နှင့် ကော်ဖီ တို့ကို အခမဲ့သုံးဆောင်လို့ရမှာဖြစ်ပါတယ်။ အဆိုပါ သန်လျင် ကျောက်တန်း ရေလည်ဘုရားဖူးခရီးစဉ်ကိုလိုက်ပါစီးနင်းမည့် ခရီးသည်များကြိုတင်လက်မှတ်၀ယ်ယူလိုသူများ အနေဖြင့် အင်းစိန် နှင့် ဗိုလ်တထောင် ဆိပ်ကမ်း များတွင် သောကြာနေ့တိုင် ၀ယ်ယူနိုင်ပြီးကြိုတင် Booking လုပ်ယူနိုင်ကြောင်းသိရှိရပါတယ်။ Facebook Messenger မှကြိုတင် Booking ၀ယ်ယူနိုင်ရာ စီးနင်းမည့် နေ့တွင်လည်းဗိုလ်တစ်ထောင်ဆိပ်ကမ်း Water Bus Jetty တွင်၀ယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းသတင်းပေးတင် ဆက်လိုက်ရပါတယ်။