မြန်မာနိုင်ငံအတွင်း အဆင်ပြေစွာသွားလာနိုင်ရန် ကူညီပေးနိုင်မယ့် အကောင်းဆုံး “PolarStar X GPS with Black Box”

Image Source: http://www.technomation.asia/polarstar

မြန်မာနိုင်ငံတွင် ယခုအချိန်အခါသည် ခရီးသွားလာမှုအများဆုံးအချိန်ရာသီဖြစ်ပါတယ်။ ခရီးသွားလာရာတွင် အချို့မှာ ခရီးသွား၀န်ဆောင်မှုဖြင့် သွားလာကြပြီး တချို့မှာ မိသားစုလိုက်ကိုယ်ပိုင်ကားများဖြစ်သွားလာကြပါတယ်။ မိမိ ကိုယ်ပိုင်ကားဖြင့်သွားလာရာတွင် မိမိတို့အရပ်ဒေသမဟုတ်တဲ့ တခြားနေရာများသို့သွားလာရသဖြင့် ကားလမ်းကြောင်းများ၊ စာသောက်ဆိုင်များ၊ ဟိုတယ်များကို မသိရှိလျှင်ဖြင့်အခက်အခဲရှိနိုင်ပါတယ်။ သို့ပါ၍ ဒီအခတ်အခဲများကို ကူညီဖြေရှင်းပေးမယ့် မြန်မာတစ်နိုင်ငံလုံးရဲ့ ဟိုင်းေ၀းလမ်း တွေနဲ့ မြို့ကြီးတွေရဲ့ လမ်းအသေးစိတ်တွေအပြင် စားသောက်ဆိုင်များ ၊ ကော်ဖီဆိုင်များ ၊ ဟိုတယ် ၊ ဆေးရုံ ဆေးခန်း ၊ ဘုရား ၊ ဓါတ်ဆီဆိုင် ၊ ဘဏ် ၊ ၂၄ နာရီစတိုး ၊ စူပါမားကက်ဒ် စတဲ့နေရာတွေပါ ပြည့်ပြည့်စုံစုံပါတဲ့ PolarStar X GPS with Block Box ကတော့ လမ်းပြကြယ်လေးတစ်ခုဖြစ်ပါတယ်။ PolarStar X မှာ GPS အပြင် Black Box ပါ၀င်တဲ့အတွက် သင့်ကားထဲမှာ အမြဲရှိထား ၊ ဆောင်ထားသင့်တဲ့ ပစ္စည်းကောင်းတခုလ့ိုဆိုလျှင်မမှားနိုင်ပါ။ PolarStar X ကို ထုတ်လုပ်ရောင်းချတာကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာ ၊ အင်္ဂလိပ် ဘာသာ နှစ်မျိုးဖြင့်သုံးစွဲနိုင်ပြီး GPS Navigator နဲ့ ခြေရာခံစနစ် GPS Tracker တွေကို ထုတ်လုပ်တဲ့ Technomation Co.,Ltd ဖြစ်ပါတယ်။


Image Source: http://www.technomation.asia/polarstar

PolarStar X GPS ကို သုံးစွဲနိုင်သည့်မြို့များကတော့ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ တောင်ကြီး ၊ ပြည် ၊ ပဲခူး ၊ မကွေး ၊ ပုဂံ ၊ ပြင်ဦးလွင် ၊ မော်လမြိုင် ၊ သထုံ ၊ ဘားအံ ၊ ပုသိမ် ၊ စစ်ကိုင်း ၊ ရွှေဘို ၊ မြင်းခြံ ၊ ပခုက္ကူ ၊ မြစ်ကြီးနား ၊ ထား၀ယ် စတဲ့မြိုကြီး အပြင် မြန်မာ တစ်နိုင်ငံလုံး Highway လမ်းတွေရော ခရီးအလည် အပတ် သွားလို့ရနိုင်မယ့် Tour Place တွေပါထည့်ပေးထားလို့ ခရီးတွေထွက်ရင်းပဲဖြစ်ဖြစ် လမ်းမကျွမ်းကျင်လို့ပဲဖြစ်ဖြစ် အရမ်းအသုံး၀င်တဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ မြို့ကြီးများ အတွက် လမ်းသွယ်က အစ မြေပုံ ကို Offline အနေဖြင့် အသေးစိတ်ပါ၀င်ပြီး တစ်နိုင်ငံလုံး High Way လမ်းများလည်း ပါ၀င်ပါတယ်။မိမိ သွားလို သော လမ်းနာမည် ကိုလည်း အလွယ်တကူ ရိုက်ထည့်ပြီး ရှာဖွေနိုင်ပြီး ၄င်း နေရာသို့လမ်းကြောင်း ဆွဲခိုင်းကာ ညွန်ပြသည့် အတိုင်းသွားနိုင်လာနိုင်ပြီး လမ်းကြောင်း ဆွဲဲထားစဉ်အချိန်တွင်လည်း အသံစနစ်ဖြင့် ပြောကြားပေးပါတယ်။

Image Source: http://www.technomation.asia/polarstar

PolarStar X သုံးစွဲသူတိုင်း အတွက်အဆင်ပြေစေရန် 2D ၊ 3D View ပါ ကြည့်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။ အထင်ကရအဆောက်အဦးများကိုလဲ 3D Design များဖြင့် ရေးဆွဲပေးထားပါတယ်။ နောက်တစ်ခုကတော့ Black Box လည်းပါသောကြောင့် မိမိသွားနေတဲ့ လမ်းတလျှောက်ကို မှတ်တမ်းတင်ထားတဲ့အတွက် မတော်တဆတခုခုဖြစ်ခဲ့လျှင် အငြင်းပွားနေစရာမလိုပဲ Video Recording ကနေပြန်ကြည့်လို့ရနိုင်ပါတယ်။ PolarStar X GPS ကို တပ်ဆင်မယ်ဆိုရင်တော့ မိမိရဲ့ ကားအတွင်းရှိ Cigarette Lighter(ဆေးလိပ်မီးညှိသောအပေါက်) တွင်လွယ်ကူစွာတပ်ဆင်အသုံးပြုနိုင်ပါတယ်။
PolarStar X GPS with Black Box မှာပါ၀င်တဲ့ Tech Specs ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

Professional DVR 

Image Source: http://www.technomation.asia/polarstar

PolarStar X တွင်ပါ၀င်တဲ့ DVR Camera က Wide Angel ကို 145° အထိမြင်နိုင်ပြီး ကားရဲ့ ဘယ်ဖက်ထောင့် မှ ညာဖက်ထောင့် မြင်ကွင်းအားလုံးကိုရိုက်ကူးသိမ်းဆည်းထားနိုင်ခြင်း ၊ နေ့ရောညပါ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတွေကိုသိမ်းဆည်းထားနိုင်ဖို့ 170mm အကျယ်ရှိတဲ့ Pro DVR Lens နဲ့ Sensor ကိုတပ်ဆင်ထားခြင်း ၊ Recording Video ကို HD quality နဲ့သိမ်းဆည်းထားပေးနိုင်ပြီး ၊ Quad-Core Processor ပါ၀င်တဲ့အတွက်ကြောင့် H264 Encoding ကို Double Pass နဲ့ အသုံးပြုထားပြီး Memory 16 GB ကို ၁၂နာရီမှ ၁၆နာရီ အထိ အရည်အသွေးမကျပဲဆက်တိုက်သိမ်းဆည်းပေးနိုင်ပါတယ်။

World Class Navigation


Image Source: http://www.technomation.asia/polarstar

PolarStar X မှာမိမိသွားချင်တဲ့နေရာတွေကိုရွေးချယ်လိုက်တာနဲ့တစ်ပြိုင်နက် ဘယ်လမ်းကသွားရမယ်ကို Intelligent Routing ကတွက်ချက်ပေးပါတယ်။ တွက်ချက်တဲ့နေရာမှာလည်း ယခင်ခေတ်က GPS တွေလိုမဟုတ်တော့ပဲ မြန်မာပြည်ရဲ့ အနေအထားကိုပါတစ်ခါတည်းထည့်သွင်းစဉ်းစားပြီးတွက်ချက်ပေးနိုင်ပါတယ်။ မိမိ သွားချင်တဲ့ နေရာကိုသတ်မှတ်ပြီးသွားပါက မြေပုံပေါ်တွင်သွားရမယ့်လမ်းကြောင်း အစိမ်းရောင်လေးပေါ်လာပြီဆိုရင်တော့ ရောက်နေတဲ့နေရာမှစတင်ပြီး အဲ့ဒီလမ်းကြောင်းအစိမ်းလေးအတိုင်း ကွေ့စရာရှိရင်ဘဲဖြစ်ဖြစ် လမ်းဆုံရှိရင်ဘဲဖြစ်ဖြစ် တစ်ဆင့်ချင်းစီကို Turn by Turn အတိုင်းလိုက်လံလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။ အကယ်၍ လမ်းကြောင်းအတိုင်းမသွားမိလို့ဘဲဖြစ်ဖြစ် ကိုယ်ကပိုမြန်တဲ့လမ်းကိုသိလို့ဘဲဖြစ်ဖြစ် လုံး၀စိတ်ပူစရာမလိုပါဘူး Intelligent Routing က သူ့အလိုအလျာက်လမ်းကိုပြန်လည်တွက်ချက်ပေးပါတယ်။

ကွေ့ရမှာပဲဖြစ်ဖြစ် တည့်တည့်သွားရမှာပဲဖြစ်ဖြစ် မြန်မာလိုရော အင်္ဂလိပ်လိုပါ အသံနဲ့လမ်းညွှန်ပေးနိုင်မယ့် Voice Guidance လဲပါ၀င်ပါတယ်။ ကားလမ်းတွေအရမ်းရှုပ်နေတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ အမြန်နှုန်းမြင့်မြင့်နဲ့ သွားနေတဲ့အချိန်မှာပဲဖြစ်ဖြစ် GPS Screen ကိုလှမ်းကြည့်တာမျိုး လက်နဲ့တို့တာမျိုးလုပ်တာက ယာဉ်အန္တရာယ်ဖြစ်နိုင်တာကြောင့်အသံကိုနားထောင်တာနဲ့လိုရာခရီးကို အန္တရာယ်ကင်းစွာရောက်ရှိနိုင်မှာဖြစ်ပါတယ်။ မြို့တွင်းမှာ 3D View နဲ့အသုံးပြုအသုံးပြုရတာအကောင်းဆုံးလို့ဆိုနိုင်ပေမဲ့ ခရီးရှည်သွားလာချင်ရင်တော့ 3D View သက်သက်ဆိုလမ်းမကြီးတစ်လမ်းထဲပေါ်တာကြောင့် 2D View ကိုပြောင်းပြီး ချုံ့ကြည့်လေ့ရှိကြပါတယ်။ မြို့ထဲကထွက်လိုက်တာနဲ့မိမိသွားနေတဲ့ High Way လမ်းမှာ အကွေ့တွေ၊ တံတားတွေကို 3D View နဲ့ပြပေးပြီး ကျန်တဲ့တစ်ခြမ်းကိုတော့မြန်မာနိုင်ငံမြေပုံနဲ့ မြို့တွေရဲ့တည်နေရာကို 2D View နဲ့ပြပေးနိုင်တဲ့ Split Screen လည်းပါ၀င်ပါတယ်။

Multimedia Ready

Image Source: http://www.technomation.asia/polarstar

PolarStar X ကိုအဓိက မောင်းနှင်ပေးတဲ့ Operation System ကတော့ Android ပဲဖြစ်ပါတယ်။ ဒါကြောင့် Android စနစ်မှာသုံးလို့ရနိုင်တဲ့ ဂိမ်းတွေ ကစားနိုင်သလို မိမိအတွက်အသုံး၀င်မယ့် app တွေလဲသုံးနိုင်ပြီး Car Diagnosis လုပ်တဲ့ app တွေကိုလည်း အကုန်လုံးအသုံးပြုနိုင်ပါတယ်။ Music Player ပါ၀င်တာကြောင့် အသင့်ရှိပြီးသား SD Card ထဲကိုပဲဖြစ်ဖြစ် Built-in Memory ထဲကိုပဲဖြစ်ဖြစ် မိမိနားထောင်ချင်တဲ့သီချင်းတွေကိုကူးထည့်ပြီးနားထောင်နိုင်သလို၊ MX Video Player ကို Built-in ထည့်ပေးထားတဲ့အတွက် ကြိုက်နှစ်သက်ရာ Video Format ကို စက်ထဲထည့်ပြီးဖွင့်ကြည့်နိုင်ပါတယ်။ သီချင်းတွေ Video တွေကိုဖွင့်ရင် အသံထွက်ကောင်းဖို့အတွက်မိမိရဲ့ကား Radio ကနေပြန်ဖမ်းပြီးဖွင့်လို့ရနိုင်မယ့် FM Transmitter လည်းပါ၀င်ပါတယ်။

PolarStar Link App

Image Source: http://www.technomation.asia/polarstar

မိမိသွားလိုတဲ့နေရာတွေကို PolarStar Link App ကနေတဆင့် Facebook Check in နေရာတွေ Google Place တွေ Open Street Map တွေကို ရှာဖွေနိုင်ပြီး လမ်းကြောင်းလှမ်းဆွဲခိုင်းနိုင်ပြီး မိမိဖုန်းကိုပို့လိုက်တဲ့ Shared Place တွေကိုလဲ တိုက်ရိုက်ဖွင့်ပြီး PolarStar ဆီကိုလှမ်းပို့ပေးနိုင်တဲ့ Search Everything function လည်းပါ၀င်ပါတယ်။ထို့အပြင် PolarStar X နဲ့ရိုက်ကူးထားတဲ့ Photos & Videos တွေကို PolarStar Link App မှတစ်ဆင့် ရှာဖွေကြည့်ပြီး Facebook ပေါ်တင်တာပဲဖြစ်ဖြစ် Viber ကနေ ရဲစခန်းကိုတိုင်ဖို့ပဲဖြစ်ဖြစ် ကွန်ပျူတာနဲချိတ်စရာမလိုတော့ဘဲ အားလုံးလုပ်ဆောင်နိုင်ပါတယ်။

Image Source: http://www.technomation.asia/polarstar

Specifications
• OS: Android 4.4.2
• CPU: MTK8127 1.3 Ghz Quad-Core
• GPU: Mali 450
• Screen: 7’’ 800*432 Anti-Glare Capacitive Touchscreen
• Memory: 512MB DDR3
• Internal Storage: 8GB or 16GB (AVIN Model)
• SD Storage: 16GB or 32GB
• Camera: 145° Wide, 170mm Len, 1080 Full HD
• FM Transmitter
• WiFi: a/b/g/n
• Bluetooth: 4.0
• Accelerometer
• GNSS: 3D GPS
• Battery: 800mAh
တို့ပါ၀င်ပါတယ်။ PolarStar X GPS with Black Box ကိုတပ်ဆင်သုံးစွဲခြင်းကြောင့်မြန်မာပြည်သူပြည်သားများ အချိန်ကုန်သက်သာ ဘေးအန္တရာယ်ကင်းရှင်းပြီးလိုရာခရီးကို ချောမွေ့စွာရောက်ရှိနိုင်မှာဧကန်မလွဲဖြစ်ကြောင်းသတင်းပေးတင်ဆက်လိုက်ရပါတယ်။