ငွေလွှဲခြင်း ငွေပေးချေ ခြင်း နဲ့သက်ဆိုင်သော ၀န်ဆောင်မှုများအတွက် Ooredoo Myanmar ရဲ့ “ M-Pitesan” Mobile Application

Image Source: http://ooredoo.com.mm/mm

ငွေလွှဲခြင်း ငွေပေးချေ ခြင်း နဲ့သက်ဆိုင်သော ၀န်ဆောင်မှုများကို Ooredoo Myanmar ရဲ့ “ M-Pitesan” Mobile App ဖြင့်စတင်အသုံးပြုနိုင်ပါပြီ။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ Ooredoo Myanmar မှ ငွေလွှဲခြင်း ၊ ငွေလက်ခံခြင်း ၊ ငွေပေးချေခြင်း များကို အူရီဒူးဖုန်းနံပါတ်ကို အသုံးပြုပြီး နေရာမရွေး ၊ အချိန်မရွေး ချက်ချင်းမြန်မြန် ငွေလွဲှ ၊ ငွေထုတ်နိုင်ပါပြီ။
M- ပိုက်ဆံ၀န်ဆောင်မှုကို ၂၀၁၇ စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီး M- ပိုက်ဆံ၀န်ဆောင်မှုများကို မိုဘိုင်းဖုန်းအသုံးပြုသူ မည်သူမဆို အသုံးပြုနိုင်ပြီး အူရီဒူးမိုဘိုင်းဖုန်းနံပါတ်ကို အသုံးပြုပြီး M- ပိုက်ဆံတွင် စာရင်းသွင်းပြီးသည်နှင့် တစ်ပြိုင်နက် မိမိ ကိုယ်ပိုင် မိုဘိုင်းပိုက်ဆံအိတ် ကို ဖန်တီးပြီး M- ပိုက်ဆံ၀န်ဆောင်မှုကို စတင်အသုံးပြုနိုင်ပါပြီ။ ဒါမှမဟုတ် မိုဘိုင်းဖုန်းသုံးစွဲသူ မည်သူမဆို အူရီဒူး၏ M- ပိုက်ဆံကိုယ်စားလှယ်ဆိုင်သို့ သွားရောက်ပြီး ငွေလွှဲခြင်းကို ဆောင်ရွက်နိုင်ပါတယ်။စာရင်းသွင်းရန် M- ပိုက်ဆံ Application ကို Google Play နှင့် Apple Store တို့မှ Download ရယူနိုင်ပြီး သို့မဟုတ် USSD Code *999# ကိုခေါ်ဆိုပြီးလည်းစာရင်းသွင်းနိုင်ပါတယ်။

Image Source: http://ooredoo.com.mm/mm

လက်ရှိ ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး ၊ ပဲခူး နှင့် တောင်ကြီး မြို့ တို့မှာ ရှိတဲ့ အူရီဒူး M- ပိုက်ဆံ ကိုယ်စားလှယ်ပေါင် ၂၅၀၀ ကျော် အထိ ရှိနေပြီဖြစ်သလို မကြာခင်မှာကျေးလက်နဲ့ မြန်မာပြည်အနှံ့အပြားမှ ကိုယ်စားလှယ်ပေါင်း ၈၀၀၀ အထိ ထပ်တိုးသွားမယ်လို့သိရှိရပါတယ်။
M- ပိုက်ဆံ Wallet ဆိုတာ မိမိ တို့နေ့စဉ်ကိုယ်နဲ့မကွာ သယ်ဆောင်သွားတက်တဲ့ လက်ကိုင်အိတ်ကဲ့သို့ အသုံးပြုနိုင်တဲ့ မိုးဘိုင်းဒစ်ဂျစ်တယ် ပိုက်ဆံအိတ် တစ်ခုဖြစ်ပါတယ်။ M- ပိုက်ဆံမှာ စာရင်းသွင်းလိုက်ယုံနဲ့ တစ်ပြိုင်နက် မိုဘိုင်း ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် ကိုစတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ M- ပိုက်ဆံတွင် မိမိ၏ လုပ်ဆောင်မှုများ အားလုံးကို ကိုယ်ပိုင် လျှို့၀ှက် PIN နံပါတ်ဖြင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ M- ပိုက်ဆံ၀န်ဆောင်မှုများကို သင်နှင့် နီးစပ်ရာ မည်သည့် M- ပိုက်ဆံကိုယ်စားလှယ်တွင်မဆို ရယူနိုင်ပါတယ်။
M-ပိုက်ဆံအကောင့်ကိုငွေဖြည့်သွင်းရန်နီးစပ်ရာ M- ပိုက်ဆံကိုယ်စားလှယ်ထံသို့သွားရောက်ပြီး မိိမိ မိုဘိုင်းဖုန်းနှင့်တကွ NRC ကဒ်ကိုပါ တစ်ပါတည်းယူဆောင်သွားပြီ ငွေဖြည့်သွင်းခြင်းကိုလုပ်ဆောင်နိုင်ပါတယ်။ M- ပိုက်ဆံ Application ပေါ်မှ “ကိုယ်စားလှယ်ရှာဖွေရန်” ကို အသုံးပြု၍ သော်လည်းကောင်း ၊ USSD Code *999# ကိုခေါ်ဆိုပြီးရှာဖွေနိုင်ပါတယ်။

Image Source: http://ooredoo.com.mm/mm

M- ပိုက်ဆံ နဲ့ဖုန်းငွေဖြည့်ပြီး ငွေဖြည့်လက်ဆောင် ၂ ဆ ကိုလဲရယူနိုင်မှာဖြစ်ပါတယ်။ အူရီဒူး အသုံးပြုသူများအတွက် အူရီဒူးရဲ့ M- ပိုက်ဆံံကို အသုံးပြုပြီး သူငယ်ချင်းများ ၊ မိသားစု၀င်များ နှင့် မိမိ ချစ်သူခင်သူများ ၏ ဖုန်းများကို ဖုန်းငွေဖြည့်သွင်းပါက ထည့်သွင်းသည့် ဖုန်းငွေ ရဲ့ ၂ ဆ ကို ငွေဖြည့် လက်ဆောင်ကို ရရှိမှာဖြစ်ပါတယ်။ ရရှိလာမယ့် ငွေဖြည့်လက်ဆောင်ကို အူရီဒူး ရဲ့ သုံးသလောက်ပေးအစီစဉ် ၊ အူရီဒူး အချင်းချင်း ဖုန်းခေါ်ဆိုမှုနဲ့ မတ်စေ့ပေးပို့ခြင်းတို့ကို ၃ ရက် အတွင်း အသုံးပြုနိုင်မှာဖြစ်ပြီး ၄င်းအစီစဉ်ကို အချိန်အကန့်အသတ်တစ်ခုအထိသာ ရရှိနိုင်မှာဖြစ်ပါတယ်။

Image Source: http://ooredoo.com.mm/mm

ဒါကြောင့်မို့ နီးစပ်ရာ M- ပိုက်ဆံကိုယ်စားလှယ်များထံံသွားရောက်၍ သော်လည်းကောင်း မိမိ ၏ CB မိုလိုင်းဘဏ်အကောင့်ဖြင့် ချိတ်ဆက်၍ သော် လည်းကောင်း M- ပိုက်ဆံအကောင့်ထဲသို့ ငွေဖြည့်သွင်းနိုင်ပါတယ်။
အပတ်စဉ် သုံးစွဲသူ ကံထူးရှင် အယောက် ၅၀ ကိုငွေသားကံစမ်းမဲ အစီစဉ်ကို M- ပိုက်ဆံ ကိုယ်စားလှယ်မှတဆင့် ငွေလွှဲပြီး ပါ၀င်ကံစမ်းနိုင်ပါတယ်။ အပတ်စဉ်သုံးစွဲသူ ကံထူးရှင် အယောက် ၅၀ နှင့်ကိုယ်စားလှယ် ကံထူးရှင်အယောက် ၅၀ တို့ကို ၅၀,၀၀၀ ကျပ်အထိရရှိနိုင်မယ့် ငွေသားကံစမ်းမဲဖောက် ပေးလျှက်ရှိပါတယ်။ ကံစမ်းမဲကာလကိုတော့ကန့်သတ်ထားပါတယ်။

Image Source: http://ooredoo.com.mm/mm

M- ပိုက်ဆံ ကိုသုံးပြီး Shop.com.mm မှာလည်း အွန်လိုင်းရှော့ပင်းလုပ်လို့ရပါပြီ။ M- ပိုက်ဆံသုံးစွဲသူများ အနေဖြင့် M- ပိုက်ဆံကို အသုံးပြုခြင်းအတွက် ထပ်တိုးအကျိုးရလဒ်ကို ရရှိနိုင်တော့မည်ဖြစ်ပါတယ်။ M- ပိုက်ဆံ သုံးစွဲသူများအားလုံးအနေဖြင့် shop.com.mm ၀ဘ်ဆိုက်တွင် ပစ္စည်းများ၀ယ်ယူသည့်အခါ ဒီဂျစ်တယ် စနစ် ဖြင့်ငွေပေးချေနိုင်မည်ဖြစ်သည်။ ၄င်းသည် မြန်မာပြည်သူလူထုအား အွန်လိုင်းဖြင့် ဈေး၀ယ်ခြင်းနှင့် အွန်လိုင်းငွေပေးချေမှု စနစ်တို့နှင့် ရင်းနှှီးကျွမ်း၀င် မှုရှိစေရန် စတင်မိတ်ဆက်လိုက်ခြင်းဖြစ်ပါတယ်။ M- ပိုက်ဆံသုံးစွဲသူများ အနေဖြင့် shop.com.mm ၀ဘ်ဆိုက်တွင် ဈေး၀ယ်သည့်အခါ ကျပ် ၅ သိန်းအထိ ပေးချေနိုင်ပြီး ဈေး၀ယ်သူများအနေဖြင့် ဈေး၀ယ်သည့်လှည်းထဲတွင် ၀ယ်ယူလိုသည့်ပစ္စည်းများကို ထည့်သွင်းပြီးနောက် ငွေပေးချေမှုအတည်ပြုရန်အတွက် “Cash On Delivery” ကိုရွေးချယ်ရမည်မှာဖြစ်ပါတယ်။ ပစ္စည်းများကို လက်ခံသည့်အချိန်တွင် M- ပိုက်ဆံ Application ကိုအသုံးပြုပြီး ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူများ ငွေပေးချေရန် အတွက် လုပ်ဆောင်ရမည်မှာကတောက “Buy Goods” ခလုတ်ကို ရွေးချယ်ပြီး shop.com.mm ကိုဒ်ကို ရိုက်ထည့်ရန် (သို့မဟုတ်) QR Code Scanner မှ တစ်ဆင့် ကုဒ်ကို ဖတ်ရန်ဖြစ်ပါတယ်။ ထို့နောက် သုံးစွဲသူများ အနေဖြင့် အသေးစိတ်ပြေစာနှင့်အတူ အတည်ပြုချက်ကို SMS မှတဆင့်လက်ခရရှိမှာဖြစ်ပါတယ်။

ငွေစာရင်းအမျိုးအစား နေ့စဉ် ငွေလွှဲပြောင်းပမာဏ သတ်မှတ်ချက် လစဉ် ငွေလွှဲပြောင်းပမာဏ သတ်မှတ်ချက် အများဆုံး ငွေလက်ကျန်ပမာဏ သတ်မှတ်ချက်
သုံးစွဲသူ အဆင့် ၁ ၅၀,၀၀၀ ကျပ် ၁၂.၅ သိန်း ကျပ် ၂ သိန်း ကျပ်
သုံးစွဲသူ အဆင့် ၂ ၅၀၀,၀၀၀ ကျပ် ၁၂၅ သိန်း ကျပ် ၁၀ သိန်း ကျပ်
လုပ်ငန်းရှင်အဆင့်သုံးစွဲသူ ၁၀ သိန်း ကျပ် ၂၅၀ သိန်း ကျပ် ၁၀၀ သိန်း ကျပ်

၀န်ဆောင်ခနှုန်းထားများကို အောက်ပါ လင့်တွင်ဆက်လက်၀င်ရောက်ကြည့်ရှုနိုင်ပါတယ်
http://ooredoo.com.mm/mm/Personal/Services/M-Pitesan/Fees.aspx
M- ပိုက်ဆံ ကိုသုံးချင်းအားဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများမှာ သင့်ကိုယ်ပိုင် ပိုက်ဆံအိတ်ကဲ့သို့ ကိုယ်နှင့်မကွာ အလွယ်တကူ သယ်ဆောင်သွားနိုင်သည့် Mobile ပိုက်ဆံအိတ် ဖြစ်ပါတယ်။ M- ပိုက်ဆံ ကို အသုံးပြုပြီး မြန်မာနိုင်ငံ အနှံ့ အပြားသို့ အချိန်မရွေး ၊ နေရာမရွေး ချက်ချင်းဆိုသလို ငွေလွှဲနိုင်၊ ငွေပေးချေနိုင် နိုင်ပြီဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။