အသုံးပြုပြီးသား ပစ္စည်းများကို စနစ်တကျစွန့်ပစ်ကြပါစို့ (RECYGLO)

ကျွန်တော်က ရန်ကုန်မှတစ်ပါး မြန်မာနိုင်ငံရဲ့အကြောင်းကို သိပ်မသိပါဘူး။ ရန်ကုန်မှာရှိတဲ့ လမ်းတွေတိုင်းမှာ အမှိုက်တွေကို စွန့်ပစ်နေကြပါတယ်။ သန့်ရှင်းတဲ့လမ်းတွေလို့ ပြောလို့မရပါဘူး။ ဆိုးဝါးတဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ မိုးရာသီရောက်လာပီဆိုရင် မိုးရေနဲ့အတူ မျှောပါလာတဲ့အမှိုက်တွေက ရေမြောင်းတွေကိုပိတ်ဆို့နေခြင်းက ရေကြီးခြင်းရဲ့အကြောင်းအရင်းဖြစ်ပါတယ်။ အဲ့ဒီမှိုက် ပြဿနာရဲ့အဖြေနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းဟာ RECYGLO ဖြစ်ပါတယ်။
RECYGLO ဆိုတာ အသုံးပြုပြီးသား ပလပ်စတစ်ဘူးတွေ စည်သွပ်ဗူးတွေဝယ်တာဖြစ်တယ်။ စွန့်ပစ်ပစ္စည်း ဝယ်ယူသူတွေကိုရောင်းချတဲ့ ရိုးရှင်းတဲ့ စီးပွားရေးပုံစံတစ်ခုဖြစ်ပါတယ်။ RECYGLO ရဲ့ဝက်ဆိိုိဒ်မှတစ်ဆင့် ဆက်သွယ်စုံစမ်းမယ်ဆိုရင် စွန့်ပစ်ပစ္စည်းတွေကို လာရောက်ဝယ်ယူပါလိမ့်မယ်။ စွန့်ပြစ်ပစ္စည်းတွေကို ဝယ်ယူသူတွေဆီ သယ်ဆောင်သွားရတာကို အဆင်မပြေတဲ့သူတွေ၊ စွန့်ပြစ်ပစ္စည်းတွေအများအပြား သယ်ဆောင်သွားရတဲ့သူတွေအတွက်တော့ အဆင်ပြေတဲ့ ဝန်ဆောင်မှူပဲဖြစ်ပါတယ်။

စွန့်ပြစ်ပစ္စည်းတွေကို လာရောက်ဝယ်ယူတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ ပမာဏ မရှိဘူးလို့ထင်ပါတယ်။ အသေးစိတ်မသိပေမယ့် စိတ်ဝင်စားတဲ့သူတွေအနေနဲ့က RECYGLO ရဲ့ ဝက်ဆိုဒ်တွေ RECYGLOရဲ့ ဖေ့စဘုတ်သတင်း စာမျာက်နှာတွေကတစ်ဆင့် စုံစမ်းနိုင်ပါတယ်။

ခုအချိန်မှာ ရန်ကုန်ဧရိယာရဲ့ အစိတ်အပိုင်းတစ်ခုမှာပဲဖြစ်နေပေမယ့် အနာဂတ်မှာတော့ ဝန်ဆောင်မှူပေးတဲ့နေရာတွေ တိုးပွားအောင်လုပ်မယ့် အစဉ်အစဉ်ပဲဖြစ်ပါတယ်။ (RECYGLO ရဲ့ မူရင်းအမည်က RECYCLE+GLOBLE ဖြစ်တာကြောင့် တစ်ကမ္ဘာလုံးကို ပျံ့နှံ့စေဖို့ဖြစ်ပါတယ်)။ ဒါ့အပြင် အနာဂတ်မှာ UBER လိုမျိူး၊ သတ်မှတ်ထားတဲ့နေရာမှာ စွန့်ပြစ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ဖို့ ဖုန်းအပီလီကေးရှင်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်အစဉ်အစဉ်တွေပဲဖြစ်ပါတယ်။

စွန့်ပြစ်ပစ္စည်းတွေကို အပြောင်းအလဲအနေနဲ့ မြန်မာပြည်က စည်းကမ်းမဲ့ အမှိုက်စွန့်ပြစ်မှူတွေကို အသိပညာပေးမှူတွေတိုးမြင့်လုပ်ဆောင်မယ်ဆိုရင် လှပသောမြို့တစ်မြို့ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။ အဲ့လိုဖြစ်လာနိုင်အောင် ဒီဝန်ဆောင်မှူကို အာပေးချင်ပါတယ်။ အဲ့ဒီဝန်ဆောင်မှူကို မြင့်တင်မယ်ဆိုရင် အနာဂတ်ရဲ့ ဖွံ့ဖြိုးတက်မှူတွေကို ပျော်ရွင်စွာခံကြပါစို့။