ပထမဆုံးအကြိမ် အမေရိကန်-မြန်မာ ကုန်စည်ပြပွဲ

Image Source: https://hiveminer.com/Tags/musclecars,sp

မြန်မာနိုင်ငံနဲ့ အခြားသောနိုင်ငံတွေ ပူးပေါင်းပြီး ကုန်စည်ပြပွဲတွေ မကြာခဏ လုပ်လေ့ရှိပေမယ့် ကမ္ဘာ့စီးပွားရေး အင်အားကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့တော့ အခုအခါမှပဲ ပထမဆုံးအကြိမ် ပူးပေါင်းကုန်စည်ပြပွဲကြီးကို ပြုလုပ်ခဲ့တာပါ။ မြန်မာနိင်ငံနဲ့ ပူးပေါင်းကုန်စည်ပြပွဲတွေ အများဆုံး ပြုလုပ်ထားတဲ့ နိုင်ငံကတေ့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာလုပ်လိုက်၊ နေပြည်တော်မှာလုပ်လိုက်၊ မန္တလေးမှာလုပ်လိုက်နဲ့ မကြာခဏ ဆိုသလိုပါပဲ။
ပထမဆုံးအကြိမ် အမေရိကန်-မြန်မာ ကုန်စည်ပြပွဲကို ဇွန်လ(၂)ရက်နေ့ကနေ (၄)ရက်နေ့အထိ ရန်ကုန်မြို့ ဦးဝိဇာရလမ်းမှာရှိတဲ့ တပ်မတော့ခန်းမမှာ (၃)ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီကုန်စည်ပြပွဲကြီး ဖြစ်မြောက်ရေးအတွက် Ford ကားကုမ္ပဏီ(Capital Automative Co., Ltd) က Main Sponsor အဖြစ် ကူညီပံ့ပိုးပေးခဲ့ပြီး Gandamar Office Solutions နဲ့ All Nippons Airways(ANA) တို့ကလည်း Gold Sponsor အနေနဲ့ ပါ၀င်အားဖြည့်ပေးခဲ့ပါတယ်။ စီစဉ်ဆောင်ရွက်ပေးတာကတော့ Myanmar Promotional Services Co., Ltd ပါ။
ဒီကုန်စည်ပြပွဲကြီးမှာ –
-Capital Automotive Ltd
– All Nippons Airways
– Gandamar Office Solutions
– Nano Skin
– Shwe Taw Win
– USA store
– Caterpillar
– Spraying Systems
– Green Dynamite
– VIP Myanmar
– Pan Thu Co.,Ltd
– San Lwin Trading
– Myanmar Hendrix
– Lin Mahar Myanmar
– VIMAL Co.,Ltd
– Aung Thein Than Co.,Ltd
– Amigos International Co.,Ltd
– Myanmar Arts And Crafts Association
– Ministry Of Commerce ( Myantrade ) တို့အပြင် အခြားသော ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီများစွာတို့ကလည်း ပြခန်းပေါင်းတစ်ရာကျော်နဲ့ ပူးပေါင်းပါဝင် ပြသခဲ့ကြပါတယ်။ အရည်းအသွေးမြင့် ကုန်စဉ်များကိုလည်း တန်ဖိုးလျော့ချပြီး ရောင်းချပေးခဲ့ကြပါတယ်။ ပြပွဲသို့လာရောက်လေ့လာ သူတွေအတွက်လည်း အထူးအစဉ်လေးတွေ ပြုလူပ်ပေးခဲ့ပါသေးတယ်။
ဒီကုန်စည်ပြပွဲမှာ အမေရိကန်ကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေနဲ့ မြန်မာနိုင်ငံထုတ် ကုန်ပစ္စည်းအမျိုးအစား စုံစုံလင်လင်ကို ခင်းကျင်းပြသခဲ့ကြပါတယ်။ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းထုတ် ပိုးထည်၊ ယွန်းထည်နဲ့ ကြွေထည်ပစ္စည်းတွေကအစ ပါ၀င်ခဲ့ပါတယ်။ အမေရိကန်ထုတ် ပစ္စည်းတွေထဲမှာတော့ အလှကုန်၊ လူသုံးကုန်ပစ္စည်းတွေပါ၀င်ခဲ့သလို အဓိကဦးစားပေး ခင်းကျင်းပြသထားတာကတော့ ကမ္ဘာ့နာမည်ကြီး Ford ကားတွေပဲဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ Ford ကားတွေက နာမည်ကြီးဆိုသလို စျေးကလည်းကြီးပါတယ်။ ပြပွဲမှာ အရောင်းအ၀ယ် ဖြစ်၊မဖြစ်ဆိုတာတော့ မသိခဲ့ရပါဘူး။
လာရောက်လေ့လာကြတဲ့ ဧသည်တွေကလည်း ကုန်ပစ္စည်းပြခန်းတိုင်းရဲ့ ပြသထားမှုတွေနဲ့ ၀န်ထမ်းတွေရဲ့ ကုန်ပစ္စည်းတွေအကြောင်း ရှင်းလင်းမိတ်ဆက်ပေးမှုတွေကို စိတ်၀င်တစား ရှိနေကြတာကို တွေ့ခဲ့ရပါတယ်။
တန်ဖိုးနည်းနဲ့ အသင့်အတင့်ရှိတဲ့ ကုန်ပစ္စည်းတွေ အရောင်းအ၀ယ်ဖြစ်တာ တွေ့ရပေမယ့် ဒီကုန်စည်ပြပွဲရဲ့ မင်းသားကြီးတွေဖြစ်တဲ့ Ford ကားတွေကတော့ အရောင်းအ၀ယ်ဖြစ်တာ မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် လေ့လာကြည့်ရှုသူတွေနဲ့တော့ Show Room တစ်ခုလုံး ပွဲကျခဲ့ပါတယ်။
ဒီကုန်စည်ပြပွဲရဲ့ ကုန်ပစ္စည်းတွေနဲ့ ပြပွဲအဆင်အပြင်တွေက ခန်းခန်းနားနားရှိတယ်ဆိုပေမယ့် ကြောငြာမှုအပိုင်း အားနည်းချက်ရှိခဲ့တယ်လို့ ထင်ရပါတယ်။ လာရောက်လေ့လာမှု နည်းပါးခဲ့တယ်လို့ပြောရပါမယ်။ သာမန်အားဖြင့် ဆိုရင်တော့ ဒီလိုပွဲကြီးမျိုးမှာ ခုထက်မက လေ့လာသူတွေ ပိုမိုရောက်ရှိခဲ့ကြတာ အမြဲတမ်းလိုလိုပါပဲ။ တိုးမပေါက်အောင်ကို ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒီခေတ်ကလည်း ကုန်ပစ္စည်းဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လူသိဖို့အတွက် ကြောငြာကဏ္ဍက အရေးအကြီးဆုံးဆိုတော့ ကုန်ပစ္စည်းတွေကို လူသိအောင်ကြောငြာမယ့် ပွဲမျိုးဆိုရင်တောင်မှ အဲဒီပွဲကိုလူတွေလာရောက်ဖို့အတွက် အရင်ဆုံးကြောငြာထားဖို့တော့ လိုပါတယ်။ မဟုတ်လို့ရှိရင် လူမသိ၊ သူမသိ ပွဲလုပ်လိုက်ရတာမျိုး ဖြစ်သွားပါလိမ့်မယ်။ နောက်ထပ်လည်း ဒီလိုနိုင်ငံတကာ ကုန်စည်ပြပွဲတွေရှိလာခဲ့ရင် ကြိုတင်အသိပေးတင်ဆက်ပေးပါ့မယ်။