နေပြည်တော်မှာ ဒုတိယအကြိမ်ပြုလုပ်မယ့် နိုင်ငံတကာနည်းပညာပြပွဲကြီး

မြန်မာပြည်ရဲ့ နည်းပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ စက်မှု၀န်ကြီးဌာနက ကြီးမှုးပြီး Myanmar Promotional Services (MPS) Co., Ltd ကစီစဉ်ကျင်းပမယ့် နိုင်ငံတကာနည်းပညာပြပွဲကြီးကို လာမယ့်သြဂုတ်လ(၂၅)ရက်နေ့ကနေ (၂၇)ရက်နေ့အထိ နေပြည်တော်၊ MICC-2 မှာ (၃)ရက်ကြာပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။ ဒီနိုင်ငံတကာ နည်းပညာပြပွဲကတော့ နေပြည်တော်မှာ ပြုလုပ်တာ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ် စက်တင်ဘာလ(၆) ရက်နေ့ကနေ (၉)ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကိုလည်း Myanmar Promotional Services (MPS) Co., Ltd ကပဲ စီစဉ်ခဲ့တာပါ။
ရန်ကုန်မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ဒီလိုနိုင်ငံတကာ နည်းပညာပြပွဲကြီးတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။ ဇန်နဝါရီလ(၂၇)ရက်ကနေ (၂၉)ရက်နေ့အထိ ဦးဝိဇာရလမ်းမှာရှိတဲ့ တပ်မတော်ခန်းမမှာ ပြုလုပ်ခဲ့တာပါ။ ဒီပြပွဲမှာ နိုင်ငံတကာနဲ့ ပြည်တွင်းက နည်းပညာများနဲ့ နည်းပညာထုတ်ကုန်တွေ၊ စက်မှု၀န်ကြီးဌာန လက်အောက်က စက်မှုအကြီ:စား(၁၊၂၊၃)၊ စက်မှုကြီးကြပ်နဲ့ မြန်မာ့ဆေးဝါးဌာနတို့ရဲ့ ထုတ်ကုန်တွေ ခင်းကျင်းပြသခဲ့တဲ့အပြင် နည်းပညာဆိုင်ရာ ပြိုင်ပွဲတစ်ခုကိုလည်း ထည့်သွင်းပြုလုပ်ပေးခဲ့ပါသေးတယ်။ အခုလိုနိုင်ငံတကာနဲ့ ပြည်တွင်းကနည်းပညာတွေနဲ့ ထုတ်ကုန်တွေ ခင်းကျင်းပြသတဲ့ ပွဲမျိုးမှာ ဒီလိုနည်းပညာဆိုင်ရာ ပြိုင်ပွဲထည့်းသွင်းပေးခဲ့တာကတော့ ပိုပြီးတော့ ပြည့်စုံသွားတယ်လို့ တင်ပါတယ်။ ပြည်တွင်းပြည်ပက နည်းပညာကုမ္ပဏီတွေ၊ နည်းပညာနယ်ပယ်က အတတ်ပညာရှင်၊ အသိပညာရှင်တွေနဲ့ နည်းပညာစိတ်၀င်စားသူတွေ ရှေ့မောက်မှာ မိမိတို့ရဲ့ လေ့လာရှာဖွေတွေ့ရှိထားတဲ့ နည်းပညာတွေကို ပြသယှဉ်ပြိုင်ခွင့် ရတဲ့အတွက် လူငယ်နည်းပညာသမားတွေအတွက် အလွန်ပဲအကျိုးရှိမယ်ဆိုတာ ယုံကြည်ပါတယ်။ အရည်အချင်းပေါ်မူတည်ပြီး ရှေ့ဆက်မယ့် ခရီးအတွက်လည်း အခွင့်အလမ်းတွေ၊ ထောက်ပံ့မှုတွေ ရသွားနိုင်ပါတယ်။
ဒီလိုနိုင်ငံတကာအဆင့် နည်းပညာဆိုင်ရာ ပြပွဲကြီးတွေပြုလုပ်ပေးတာကတော့ ပြည်တွင်းနည်းပညာကဏ္ဍအတွက် တော်တော်အကျိုးရှိစေပါလိမ့်မယ်။ နည်းပညာအသစ်တွေ၊ ထုတ်ကုန်အသစ်တွေ ပေါ်ထွက်လာမယ်။ ပြီးတော့ လေ့လာလိုက်စားတဲ့ ကျောင်းသားလူငယ်တွေအတွက်လည်း အမြင်ကျယ်စေတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း ဒီလိုနည်းပညာဆိုင်ရာတွေ တစ်စုတစ်စည်းတည်း ပါ၀င်လာကြမယ့် ပြပွဲကြီးကို စိတ်ပါ၀င်စားသူများစွာ လာရောက်လေ့လာကြမယ့်အတွက် မိမိတို့ကုန်ပစ္စည်းတွေကို ခင်းကျင်းပြသပြီး မိတ်ဆက်ရုံနဲ့ တစ်နေရာတည်းကနေ တစ်ပြည်လုံးသို့ စျေးကွက်ချဲ့ထွင်ပြီးသား ဖြစ်သွားပါတယ်။
ရှေ့လအတွင်း နေပြည်တော် MICC-2 မှာ ဒုတိယအကြိမ် ပြုလုပ်မယ့် နိုင်ငံတကာ နည်းပညာပြပွဲကြီးမှာလည်း နိုင်ငံတကာနဲ့ ပြည်တွင်းက နည်းပညာများနဲ့ ထုတ်ကုန်တွေ ပါ၀င်ပြသသွားမယ့်အပြင် နည်းပညာဆိုင်ရာ ပြိုင်ပွဲတစ်ခုကိုပါ ထည့်သွင်းပေးသွားမှာပါ။ယခင်ပြပွဲတွေနည်းတူ စက်မှု၀န်ကြီးဌာနလက်အောက်က စက်မှုအကြီးစား(၁၊၂၊၃)နဲ့ မြန်မာ့ဆေးဝါးလုပ်ငန်း DISI၊ SME စတဲ့ဌာနတွေရဲ့ ထုတ်ကုန်တွေကိုပါ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ နည်းပညာတွေနဲ့ ကုန်ပစ္စည်းတွေ ပါ၀င်ခင်းကျင်းပြသလိုတဲ့ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေ အနေနဲ့ ဖုန်း- 09-788000966၊ 09-43096666၊ 01 -513903၊ Email; mpsexhibition@gmail.com၊ zarnimgmg@gmail.com၊ thankyawhtwe1990@gmail.com နဲ့ No.(22/24),Corner of Shin Saw Pu & Baho Rd,Ahlone Township, Yangon, Myanmar Promotional Services Co.,Ltd သို့ ဆက်သွယ်နိုင်ပါတယ်။

ဒါကြောင့် ဒီပြပွဲမှာပါ၀င်လိုတဲ့ ပြည်တွင်းပြည်ပက နည်းပညာကုမ္ပဏီတွေ၊ ပညာရှင်တွေ၊ ပြိုင်ပွဲပါ၀င်ယှဉ်ပြိုင်လိုတဲ့ ပြည်တွင်းက နည်းပညာရှင်တွေနဲ့ စိတ်ပါ၀င်စားတဲ့ မိဘပြည်သူတွေနဲ့ နည်းပညာကျောင်းသားလူငယ်တွေအဖို့ လက်လွတ်မခံသင့်တဲ့ ပွဲတစ်ပွဲဖြစ်မယ်လို့ယူဆပြီး ညွန်ပေးလိုက်ပါတယ်။

Myanmar Promotional Services Co., Ltd Facebook Page

Myanmar Promotional Services Co., Ltd Website