UBERရဲ့တစ်ဦးချင်းစီအတွက် PROMOTION

Uber မှာဆိုလျှင် Promotion များရှိပြီး ထိုPromotion တွေကိုအသုံးပြုလျှင် ကျသင့်ငွေထက် သက်သက်သာသာဖြင့် Uber ကိုအသုံးပြုလို့ရမှာပါ။
ပထမအကြိမ်တုန်းကဆိုလျှင် 5000kyats off ဆိုတဲ့ promotion လည်းရှိပြီး ၁ပတ်စီတိုင်းမှာ 50%off, 40%off, 30%off, 1500kyats discount , 1300kyats discount, 1000kyats discount ဆိုပြီးpromotion တွေရှိတဲ့အတွက် ကျွန်တော်လည်းUber ကိုဘဲသုံးပြီး ယခုအချိန်ထိအသုံးပြုလာခဲ့တဲ့ Promotion discount တွေကိုပေါင်းတွက်ကြည့်လိုက်မယ်ဆိုလျှင် သောင်းနှင့်ချည်ပြီးသက်သာတာတွေ့ရတဲ့အတွက် တကယ်ကို အဆင်ပြေပါတယ်။
သို့သော်လည်း အပတ်စဉ် promotion က ၄ရက်၈လ မှာကုန်ဆုံးသွားတဲ့အတွက် အခုဆိုလျှင် ပထမအကြိမ်ရဲ့ promotion ဘဲရှိပါတော့တယ်။

မြန်မာနိုင်ငံမှာရှိတဲ့ မိတ်ဆွေတစ်ယောက်ကအခြားနိုင်ငံကို ၂ပတ်၃ပတ်လောက်သွားပြီးပြန်ရောက်လာတဲ့အခါ ဒီလိုမျိုး Uber Promotion ရဲ့ SMS ကရောက်လာပါတယ်။

Image Source: http://minshou.net/?p=9284

ဒီ promotion ကတော့ မြန်မာနိုင်ငံမှာအချိန်ကြာမရှိခဲ့တဲ့အတွက် ပေးတဲ့ promotion လို့ထင်ရပါတယ်။
ကျွန်တော့်စီမှာတော့အဲ့လို SMS ကရောက်မလာတဲ့အတွက် အဲ့လို promotion ရှိမှန်းမသိလိုက်ပါဘူး။

Uber ရဲ့ promotionကတော့ တစ်ယောက်ချင်းစီရဲ့ အသုံးပြုသည့်အရေအတွက်ပေါ်မူတည်ပြီး သက်မှတ်ချက်တော့ရှိလောက်တယ်ဆိုပြီးတွေးမိလိုက်တယ်။တကယ်လည်းကိုယ့် ဖုန်းနဲ့အဲ့ဒီ့ Promtion code ကိုထည့်ကြည့်လိုက်တယ်။
ထိုအခါ သေချာပေါက် error ထွက်လာတယ်။ Error message ကတော့မှားနေတယ်။

သို့သော် Promotion code ကိုထည့်ကြည့်နောက်တစ်နေ့မှာ Uber နဲ့ Taxi ခေါ်မယ်လို့တွေးရင်း Uber App ကိုဖွင့်၍ ကိုယ်သုံးလို့ရမယ့် Promotion ကိုကြည့်လိုက်တဲ့အခါ မနေ့ကကျွန်တော့် မိတ်ဆွေစီရောက်နေတဲ့ တစ်ဦးချင်းစီ Promotion ရဲ့ “MISSYOU2” ကိုတွေ့လိုက်ရပါတယ်။

သုံးလို့ရမရကိုစိတ်ပူပြီး လောလောဆယ်တော့သုံးကြည့်ရအောင်လို့တွေးရင်း Uber နဲ့ Taxi ကိုခေါ်ပြီး ကျသင့်ငွေနေရာကိုသွားကြည့်လိုက်တဲ့အခါ Promotion ကိုပါထည့်တွက်ထားတဲ့ ဈေ း ဖြစ်နေတာတွေ့လိုက်ရပါတယ်။


2000kyats discount လုပ်ထားပါတယ်။
ဒီဟာကတော့ Uber ရဲ့ Bug လို့တော့ထင်မိပါတယ်။
ဒီဆောင်းပါးကိုဖက်ကြည့်တဲ့မိတ်ဆွေတို့လည်းဒီလို Promotion ကိုစမ်းလုပ်ကြည့်လျှင်ပြဿနာတက်မှာ စိုးရိမ်မိသည်အတွက် Promotion ကာလကုန်ဆုံးသွားသည့်အချိန်မှ ဒီဆောင်းပါးကိုတင်လို့ရအောင်ထားထားပါတယ်။
အခြား တစ်ဦးတည်းအတွက် Promotion ရောက်လာတဲ့မိတ်ဆွေများရှိခဲ့လျှင် ထို Promotion ကို အခြားလူလည်းသုံးလို့ရလားမရဘူးလားဆိုတာကို စမ်းသက်ကြည့်ချင်တဲ့အတွက် ကျွန်တော်တို့ကိုဆက်သွယ်စေချင်ပါတယ်။