ရန်ကုန်ရဲ့GEEKSတွေ အတူတကွပူးပေါင်းလေ့လာခြင်း ”GEEKS YANGON MONTHLY MEETUP”

Geeks Yangon လို့ခေါ်တဲ့ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုက တစ်လတစ်ကြိမ် “Geeks Yangon Monthly Meetup”ဆိုတဲ့နာမည်နဲ့ နည်းပညာတွေကို စုပေါင်းတွေ့ဆုံပြီးလေ့လာခဲ့ကြပါတယ်။ ၂၀၁ရခုနှစ် ဇွန်လ ၂ရက်နေ့မှာ ကျင်ပခဲ့တဲ့တွေ့ဆုံးပွဲကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ တက်ရောက်လာသူ အများအပြားကတော့ အနောက်တိုင်းသားတွေနဲ့ မြန်မာတွေအပြင် တစ်ခြားအာရှနိုင်ငံကလူတွေကတော့ လူနည်းစုသာ တက်ရောက်ခဲ့ကြပါတယ်။

ပထမဦးဆုံးအနေနဲ့ကတော့ Mr.Jason Brown က “Setting Up Your Development Enviroment”ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်လေ့လာကြပါတယ်။ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုတက်မှူတွေနဲ့ ပတ်သက်ပီး ဥပမာတွေအနေနှင့် Docker ၊ Vagrant ၊ GIT အစရှိသဖြင့် ဆွေးနွေးခဲ့ကြပါတယ်။

ဒုတိယကတော့ Mr.Laurent Savaete ဖြစ်ပြီးတော့ “ GIT : The Basics ” အကြောင်းပဲဖြစ်ပါတယ်။ ခေါင်းစဉ်အတိုင်း git ဆိုတဲ့စကားဖြင့်  gitကွန့်မန့်တွေ github စတဲ့ဝန်ဆောင်မှူတွေ sourcetree စတဲ့အသုံးပြုပုံတွေကို မိတ်ဆက်ပေးခဲ့ပြီး၊ git ကို စတင်လေ့လာသူတွေအနေနဲ့တောင် နားလည်းနိုင်အောင်ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

နောက်ဆုံးအနေနှင့်ကတော့ Mr.Johnny Knox က The tech behind Mr Finance ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့ တစ်ခြားလူတွေ စကားပြောနေတာကြောင့်  ကောင်းကောင်းမကြားခဲ့ရပါဘူး။ ကျနော်အထင် chatbot ဆိုတာက ခေါင်းစဉ်ရဲ့အဓိကအကြောင်းအရာ လို့ထင်ပါတယ်။
chatfuel လို့ခေါ်တဲ့ ဝန်ဆောင်မှူတစ်ခုကိုလည်း ထည့်သွင်းမိတ်ဆက်ပေးခဲ့ပါတယ်။chatbotအကြောင်းကို သေချာမသိတဲ့အတွက်အများကြီးလေ့လာခဲ့ရပါတယ်။
ကျွမ်းကျင်အတတ်ပညာရှင်တွေ ဆွေးနွေးတာဖြစ်တဲ့အတွက် နောက်ဆုံးပေါ်နည်းပညာအကြောင်းတွေကို သိရှိနိုင်ပါတယ်။ မေးခွန်းတွေလည်းမေးနိုင်ပါတယ်။ အင်တာနက်ကနေ ဗီဒီယိုဖိုင်၊ စာတွေကနေလေ့လာတာ ဒါမှမဟုတ် ကျောင်းမှာလေ့လာတာတွေထက်ကို မိမိကိုယ်တိုင်သိချင်သော အကြောင်းအရာတွေကို မေးမြန်းလို့ရပါတယ်။

“Geeks Yangon Monthly Meetup” ဆိုတဲ့နာမည်အတိုင်း တစ်လတစ်ကြိမ် ကျင်းပပါတယ်။ ဆွေးနွေးပွဲမတိုင်ခင်မှာလည်း Facebookစာမျက်နှာကနေ ခေါင်းစဉ်တွေကို သတင်းထုတ်ပြန်မယ်လို့ထင်တယ်။  အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးစိတ်ဝင်စားတယ်ဆိုရင် နည်းပညာစိတ်ပါဝင်စားသူတွေက တက်ရောက်ဖို့ ကြိုးစားကြပါလိမ့်မယ်။

အင်္ဂလိပ်လိုဆွေးနွေးကြတာဖြစ်တဲ့အတွက် တက်ရောက်လာတဲ့လူတိုင်းကလည်း အင်္ဂလိပ်လို ပြောဆိုနိုုင်ကြပါတယ်။ အင်္ဂလိပ်လို မကျွမ်းကျင်တဲ့ကျနော့်အတွက်တော့  တော်တော်ဒုက္ခရောက်ခဲ့ပါတယ်။ ရန်ကုန်မှာရှိတဲ့ အင်္ဂလိပ်စကားပြောနိုင်ပီး နည်းပညာအကြောင်း စိတ်ပါဝင်စားသူတွေအတွက် မဖြစ်မနေတက်ရောက်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။