အူရီဒူးမြန်မာမှ အထူးဆုကြီး ငွေကျပ် သိန်း ၁,၀၀၀ နှင့် အခြားစိတ်လှုပ်ရှားဖွယ် နေ့စဉ်ဆုလက်‌ဆောင်များပါဝင်သည့် “တန်ခူးလက်ဆောင် သိန်း ၁၀၀၀” အစီအစဉ်ကို စတင်မိတ်ဆက်

အူရီဒူးမြန်မာမှ မြန်မာ့နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် “တန်ခူးလက်ဆောင် သိန်း၁,၀၀၀” သင်္ကြန်အထူးအစီအစဥ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး သုံးစွဲသူများအနေဖြင့် အထူးဆုကြီး ငွေကျပ်သိန်း ၁,၀၀၀ အပါအဝင် အခြားစိတ်လှုပ်ရှားဖွယ် နေ့စဉ်ဆုများကိုလည်း ကံစမ်းရရှိနိုင်မည်ဖြစ်သည်။

မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ကို ကြိုဆိုသည့်အနေဖြင့် သင်္ကြန်အထူးအစီအစဥ်ဖြစ်သည့် “တန်ခူးလက်ဆောင် သိန်း ၁,၀၀၀” ကို ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါကာလအတွင်း အူရီဒူးသုံးစွဲသူများအနေဖြင့် နှစ်သက်ရာ ဖုန်းခေါ်ဆိုမှု (သို့) အင်တာနက်ပက်ကေ့ချ်များကို ဝယ်ယူအသုံးပြုရုံဖြင့် နေ့စဉ်ဆုများနှင့် အထူးဆုကြီး ကံစမ်းမဲအစီအစဉ်များတွင် ပါဝင်နိုင်မည်ဖြစ်သည်။

“တန်ခူးလက်ဆောင် သိန်း ၁,၀၀၀” အစီအစဥ်ဖြင့် အထူးဆုကြီး ငွေကျပ် သိန်း ၁,၀၀၀ ကံထူးရှင် ၁ ဦး နှင့်တကွ နေ့စဉ် iPhone 15 Pro Max  ကံထူးရှင် ၁၅ ဦး နှင့် ရွှေငါးမူးသား ကံထူးရှင် ၁၅ ဦးတို့ကို အသီးသီးဆုချီးမြှင့်သွားမည်ဖြစ်သည်။ ယခုအစီအစဥ်သည် အူရီဒူးကို အစဥ်တစိုက်အားပေး အသုံးပြုသူများကို ပြန်လည်ကျေးဇူးတုံ့ပြန်ရင်း သင်္ကြန်အခါသမယကို အတူတကွဆင်နွှဲရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Eduardo Quiroga က “အူရီဒူးသုံးစွဲသူတွေအတွက် သင်္ကြန်အထူးအစီအစဉ်ဖြစ်တဲ့ “တန်ခူးလက်ဆောင် သိန်း ၁,၀၀၀” မှာ အားလုံးပါဝင်ကြဖို့ ဝမ်းမြောက်စွာ ဖိတ်ခေါ်လိုက်ပါတယ်။ အူရီဒူးမြန်မာအနေနဲ့ မြန်မာနှစ်သစ်ကူးကို ကြိုဆိုရင်း အူရီဒူးကို အစဥ်အမြဲအသုံးပြုလာကြတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်နဲ့အနေနဲ့ ဒီ “တန်ခူးလက်ဆောင် သိန်း ၁,၀၀၀” အထူးအစီအစဥ်ကတစ်ဆင့် ဆုလက်ဆောင်ကြီးတွေ ပေးအပ်တာပဲဖြစ်ပါတယ်။ အူရီဒူးမြန်မာအနေနဲ့ အကောင်းဆုံး ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေပေးစွမ်းနိုင်ဖို့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးပိုင်းမှာ ဦးဆောင်မှုနှင့်အတူ ကောင်းမွန်တဲ့ သုံးစွဲသူအတွေ့အကြုံနဲ့ စိတ်ကျေနပ်မှုအပြည့်အဝရရှိစေဖို့ အစဥ်တစိုက် ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိပါတယ်။” ဟု ပြောကြားလိုက်သည်။

ယခု အစီအစဥ်တွင် ပါဝင်လိုပါက အူရီဒူးသုံးစွဲသူများအနေဖြင့် ပရိုမိုးရှင်းကာလဖြစ်သည့် ဧပြီလ အတွင်း မိမိတို့ကြိုက်နှစ်သက်ရာ ဖုန်းခေါ်ဆိုမှု (သို့) အင်တာနက်အစီအစဉ်များကို ဝယ်ယူအသုံးပြု၍ ကံထူးခွင့်များရရှိနိုင်မည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကံထူးရှင်များကို အူရီဒူးမှ ဆက်သွယ် အကြောင်းကြားပေးသွားမည်ဖြစ်ပြီး ကံထူးရှင်များ စာရင်းကို အူရီဒူးမြန်မာ Facebook Page တွင် ကြေညာသွားမည်ဖြစ်သည်။ အစီအစဉ်နှင့်ပါတ်သက်၍ ပိုမိုသိရှိလိုပါက အူရီဒူးမြန်မာ Website www.ooredoo.com.mm   တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျပ်သိန်း ၁၀၀၀ ကံထူးရှင်ကြီးဖြစ်အောင် ယနေ့မှစတင်၍ ပက်ကေ့ချ်များဝယ်ယူပြီး အူရီဒူးရဲ့ တန်ခူးလက်ဆောင် သိန်း ၁,၀၀၀ အစီအစဥ်တွင် ပါဝင်ကံစမ်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။