အင်တာနက်သုံးသူတိုင်း Bookmark လုပ်ပြီး သိမ်းထားသင့်တဲ့ Website (၅) ခု

ဒီနေ့လိုအင်တာနက်ခေတ်ကြီးမှာ မရေမတွက်နိုင်တဲ့ Website တွေနဲ့ မထင်ထားလောက်အောင် ကိုယ့်အတွက် အသုံးဝင်တဲ့ Website တွေ၊ နာမည်ကြီးပေမယ့် ကိုယ်သဘောမကျတဲ့ Website၊ ရိုးရှင်းတဲ့လုပ်ဆောင်ချက်တွေနဲ့ ကိုယ့်အကြိုက်ဖြစ်စေမယ့် Website တွေအများကြီးရှိပါတယ်။ ဒီလိုကိုယ်သဘောကျတဲ့ Website တွေကို ရှာတွေ့တယ်ဆိုတာကလည်း တကူးတကလိုက်ရှာနေတာထက် Ads တွေ၊ Collection Article တွေနဲ့ တခြား တစ်ယောက်က ညွှန်းလို့သုံးဖြစ်တာက များနေကြမှာပါ။ ကိုယ်တိုင်သာရှာရမယ်ဆိုရင် တော်တော်လေးကို အလုပ်ရှုပ်မှာကိုတော့ ငြင်းလို့မရပါဘူး။ ဒီလိုအလုပ်ရှုပ်တာမျိုးတွေမဖြစ်ရအောင် အလုပ်လုပ်နေတဲ့ သူတွေ အတွက်ပဲ ဖြစ်ဖြစ်၊ ကျောင်းသားတွေအတွက်ပဲဖြစ်ဖြစ် စိတ်ဝင်စားစရာလည်းကောင်းသလို၊ သိလည်း သိထား သင့်တဲ့ Website (၅) ခုကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Image: Speechnotes

၁) Speechnotes

Audio to Text ပြောင်းပေးနိုင်တဲ့ Tools, Extension, Plugin နဲ့ Website တွေအများအပြားရှိတယ်ဆိုပေမယ့် Speechnotes မှာတော့ အသုံးပြုရ ရိုးရှင်းသလို ကိုယ်ပြောချင်တဲ့စကားတွေကို Text ပြောင်းဖို့ ခလုတ်လေး တစ်ချက် ဖွင့်လိုက်ရုံပါပဲ။ Text File တွေကိုလည်း Download ဆွဲလို့ရသလို၊ Google Drive ပေါ်တန်းထည့်မလား၊ Email နဲ့ပို့မလား ရွေးနိုင်သလို Print တန်းထုတ်လို့လည်းရပါသေးတယ်။ ကိုယ်ပြောမယ့် ဘာသာစကားကို ရွေးချယ်နိုင်သလို Live Audio to Text ပြောင်းပေးနိုင်တဲ့ လုပ်ဆောင်ချက်အပြင် Recording, Audio နဲ့ Video တွေကိုပါ တစ်နေရာတည်းမှာ Transcript လုပ်နိုင်တဲ့လုပ်ဆောင်ချက်ကလည်း တော်တော်လေးကို အဆင်ပြေ ပါတယ်။

အသုံးပြုလိုသူတွေအနေနဲ့ Speechnotes – Speech To Text Website, Android App, iOS App တွေကတစ်ဆင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Pricing အနေနဲ့ Unlimited Dictation, Online Notepad, Voice typing extension နဲ့ Editing တွေအတွက် Dictation Free Plan ကို အခမဲ့အသုံးပြုနိုင်သလို ပိုမိုစုံလင်တဲ့ လုပ်ဆောင်ချက်တွေအတွက် Dictation Premium ကို $1.9/mo နဲ့ Transcription Plan အတွက် $0.1/minute ကျသင့်မှာ ဖြစ်ပါတယ်။

Image: Cleanup.pictures

၂) Cleanup.pictures

remove.bg တို့လို ပုံတွေရဲ့နောက်ခံကို ဖျက်ပေးတဲ့ Website မျိုးတော့မဟုတ်ပါဘူး။ Cleanup ကတော့ ဓာတ်ပုံထဲမှာပါတဲ့ စာသားဒါမှမဟုတ် အရာဝတ္ထုသေးသေးလေးတွေကို Graphic Design Software တွေ၊ Tool တွေမသုံးဘဲ ဖယ်ရှားပေးနိုင်တဲ့ Website တစ်ခု ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ Interface နဲ့ အခမဲ့အသုံးပြုနိုင်တဲ့ Website တစ်ခုဖြစ်တဲ့အတွက် သိထားသင့်တဲ့ Website တစ်ခုလို့ပြောရမှာပါ။ Pricing အနေနဲ့ အကန့်အသတ်မရှိဓာတ်ပုံတွေကို 720p Resolution နဲ့ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် $3 နဲ့ $11 ကစပြီး High Quality ဖြစ်အောင်လုပ်နိုင်သလို Background ဖယ်ရှားတာ အစားထိုးတာမျိုးအထိလုပ်နိုင်မှာ ဖြစ်ပါတယ်။

Image: MixKit

၃) MixKit

အခမဲ့ High-Quality Stock footage တွေ၊ Music, Sound Effects တွေနဲ့ Video Template တွေကို Creative Project တွေမှာ ထည့်သုံးဖို့အတွက် အသုံးပြုနိုင်တဲ့ အခမဲ့ Website တစ်ခု ဖြစ်ပါတယ်။ အကောင့်ဖွင့်စရာတောင်မလိုဘဲ Video တွေကို အခမဲ့ရယူနိုင်သလို Website ကိုလည်း Credit ပေးဖို့မလိုအပ်ပါဘူး။

Image: GitMind

၄) GitMind

GitMind ကတော့ AI-powered mind-mapping tool website တစ်ခုဖြစ်ပါတယ်။ Brainstorming အတွက်၊ မှတ်စုမှတ်သားဖို့အတွက်နဲ့ Mind Maps တွေ၊ Flowcharts တွေနဲ့ Diagrams တွေဖန်တီးဖို့အတွက် Visual ကောင်းကောင်းဖန်တီးနိုင်တဲ့ Website တစ်ခုဖြစ်ပါတယ်။ Application ကတစ်ဆင့် အသုံးပြုချင်သူတွေအနေနဲ့လည်း GitMind Android App နဲ့ iOS App တွေကို Download ပြုလုပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Image: Downloader.la

၅) Downloader.la

Adobe Stock, Getty Image တို့လို Website တွေကနေ High Quality Image တွေလည်းလိုချင်တယ် ပိုက်ဆံလည်းမပေးနိုင်ဘူးဆိုရင်တော့ Downloader.la ကသိကိုသိထားသင့်တဲ့ Website တစ်ခု ဖြစ်ပါတယ်။ Adobe Stock, Getty Image အပြင်အခြား Website တွေက ကိုယ်လိုချင်တဲ့ပုံတွေကိုပါ Copy Image Link လုပ်ပြီး Downloader.la မှာ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။