Startup ဘဝကနေအောင်မြင်လာခဲ့တဲ့ Rangoontech (Rangoontech ၏ Co-Founder တစ်ဦးဖြစ်သူ ကိုကျော်ဇင်ထက်နှင့်အင်တာဗျူးဆောင်းပါး)

(AR/VR နဲ့ ပက်သက်တဲ့ အကူအညီ လိုအပ်ရင် ကျွန်တော်တို့ကိုပြောလို့ရပါတယ်။ ကျွန်တာ်တို့ကလည်း Project ရမှမဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ဆွေးနွေးပေးပါတယ်။ ကျွန်တော်တို့မလုပ်နိုင်ရင်လည်း လုပ်နိုင်တဲ့သူကိုပြန်ညွှန်းပေးတာမျိုးပေါ့)
Rangoontech ဆိုတာက Augmented Reality လို့ခေါ်တဲ့ AR နဲ့ Virtual Reality (Virtual World) ဆိုတဲ့ Service တွေကိုဝန်ဆောင်မှုပေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အတိုကောက်ကတော့ AR/VR ဝန်ဆောင်မှုလို့ လူသိများတာ လည်းဖြစ်ပါတယ်။ တကယ်တော့ဒီလုပ်ငန်းက Brands တွေကို ကူညီပေးချင်လို့ စတင်ခဲ့တဲ့ Startup လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
Rangoontech ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း Augmented Reality (AR) နဲ့ Virtual Reality ဆိုတဲ့ VR စတဲ့ဝန်ဆောင်မှုနှစ်မျိုးကိုပေးနေတာလည်းဖြစ်ပါတယ်။ Facebook AR Filter တွေအပြင် Messenger Filter တွေကိုလည်းဝန်ဆောင်မှုပေးထားပါတယ်။ ဒါ့အပြင် Instagram Filter, Viber Lens, Web Based AR တွေကိုလည်းဝန်ဆောင်မှုရယူနိုင်ပါတယ်။ ခုဆိုရင် online ပေါ်မှာ event တွေ၊ exhibiton တွေ လုပ်လို့ရတဲ့ Virtual World တို့လို VR Solution တွေကိုလည်း ဝန်ဆောင်မှုစတင်ပေးနေပြီလည်းဖြစ်ပါတယ်။ အဓိကကတော့ ဈေးသက်သာပြီး user friendly ဖြစ်တဲ့ AR, VR services တွေကို လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။

Photo ..Rangoontech Startup လုပ်ငန်းကိုတည်ထောင်ခဲ့သူများဖြစ်သော ကိုကျော်ဇင်ထက်၊ ကိုဝိုင်းလမင်းလွင်၊ ကိုအောင်မြတ်ထက်၊ ကိုပိုင်ခန့်မင်း

“ကျွန်တော်တို့ဝန်ဆောင်မှုကို ဘယ်နေရာမှာအသုံးပြုရမလဲဆိုတာကို ရှာရင်းနဲ့ Marketing, Branding နဲ့ Brand အတွက် Campaign တွေလုပ်တဲ့ဘက်ကနေ စီးပွားရေးလုပ်ငန်းတွေကိုကူညီပေးဖြစ်တာပါ။ ကိုဗစ်ကလည်းဖြစ်သွားတော့ Campaign တွေအကုန်လုံးက Online ပေါ်ရောက်လာကြတယ်။ AR/VR အသုံးပြုပြီး Campaign တွေ Run လို့ရအောင် ကူညီပေးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လုပ်ငန်းတွေကို Online ပေါ်မှာ သူတို့ရဲ့ Audience တွေနဲ့ Engage လုပ်လို့ရအောင်လို့ ချိတ်ဆက်နိုင်အောင်ကူညီပေးဖို့ပဲဖြစ်ပါတယ်” ဟု Rangooontech ၏ Co-Founder တစ်ဦးဖြစ်သူ ကိုကျော်ဇင်ထက်က စတင်ဖြစ်ခဲ့တဲ့အကြောင်းကိုရှင်းပြပါတယ်။
Rangoontech အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ဖန်တီးရာက စီစဉ်ကျင်းပတဲ့ Startup Challenge ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့တဲ့ အပြင်၂၀၁၉ ခုနှစ် Ooredoo မှ စီစဉ်ကျင်းပတဲ့ Hackathon မှာလည်းအနိုင်ရရှိခဲ့ပြန်ပါသေးတယ်။ အဲဒီအချိန်ကလည်း AR ဝန်ဆောင်မှုလုပ်ငန်းဟာ စတင်ခေတ်စားနေခဲ့ပြီလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ Brand တွေကို Metaverse ထဲထိရောက်အောင် ကူညီပေးချင်တာပါ။ ကျွန်တော်တို့ ကုမ္ပဏီက end-to-end metaverse solution ပေးနိုင်တဲ့ ကုမ္ပဏီဖြစ်အောင်လုပ်ချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဝန်ဆောင်မှုအနေနဲ့ Social AR Filter တွေရှိတယ်။ Immersive Brand Experience (AR/VR), Branded Mini-Game လုပ်ပေးတာတွေရှိတယ်။ Digital Promotion Campaign Tools တွေရှိပါတယ်။ User-generated Content Campaign တွေ Engagement Campaign တွေ Experiential Marketing Campaign တွေကိုကျနော်တို့ solution တွေသုံးပြီး ကူညီပေးဖြစ်နေပါတယ်”ဟု ကိုကျော်ဇင်ထက်က ထပ်မံရှင်းပြပါတယ်။
လက်ရှိမှာလူသုံးအများဆုံးဝန်ဆောင်မှုကတော့ AR Filter တွေဖြစ်ပြီး ခေါင်းကိုဘယ်ညာယိမ်းပြီးဆော့ရတဲ့ AR Game တွေလည်းအသုံးများနေတာလည်းဖြစ်ပါတယ်။ ဝန်ဆောင်မှုဈေးနှုန်းတွေကလည်း ပြည်တွင်းပေါက်ဈေးနဲ့အညီ တွက်ချက် ကောက်ခံရယူခြင်း ဖြစ်ပါတယ်။ Rangoontech အနေနဲ့လက်ရှိမှာ Marketing Agency များနဲ့ ချိတ်ဆက်လုပ်ကိုင်နေသလို International Company တွေကိုလည်းဝန်ဆောင်မှုပေးနေတာဆဲပါ။ Brand ပိုင်းဆိုင်ရာမှာတော့ Ooredoo, Citymart, Unilever စတဲ့ Brand တွေနဲ့ချိတ်ဆက်လုပ်ကိုင်နေတာပါ။

Photo Source https://www.facebook.com/rangoon.x

“ကျွန်တော်တို့ AR/VR ကို Metaverse Solution အထိဖြစ်အောင်ကြိုးစားနေပါတယ်။ Facebook ကလည်း Metaverse လုပ်လာပြီဆိုတော့ ကျွန်တော်တို့ကလည်း နောက်ဖြစ်လာမယ့် Metaverse တွေပေါ်မှာ Brand တွေ တည်ရှိလာနိုင်အောင် အခုကတည်းပြင်ဆင်နေပါတယ်၊ ကိုယ်ပိုင် Metaverse Event တွေလုပ်ချင်ရင်လည်း လုပ်လို့ရအောင် အဆင် သင့်ပြင်ထားပါတယ်။ နောက်တစ်ခုကတော့ International Expansion ပေါ့။ ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတွေအထိ ပြင်ဆင်နေတာတွေလည်းရှိပါတယ်” ဟု ဆက်လက်လုပ်ဆောင်မည့် ရည်ရွယ်ချက် ကိုလည်း သူကပြောပြပါတယ်။
တကယ်တမ်း မြန်မာပြည်တွင်းမှာလည်း AR/VR ဝန်ဆောင်မှုလုပ်ငန်းတွေဟာ မရှိသလောက်ရှားပါးတဲ့ အနေအထားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Rangoontech အနေနဲ့ AR/VR ဝန်ဆောင်မှုလုပ်ငန်းကို Startup အနေနဲ့ စတင်ခဲ့တာဟာ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်တာကြောင့် အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့က AR/VR ကိုပဲ နေ့စဉ်နဲ့အမျှလေ့လာနေတဲ့အတွက် ပိုကျွမ်းကျင်ပါတယ်။ AR/VR နဲ့ ပက်သက်တဲ့ အကူအညီ လိုအပ်ရင် ကျွန်တော်တို့ကိုပြောလို့ရပါတယ်။ ကျွန်တာ်တို့ကလည်း Project ရမှမဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ဆွေးနွေးပေးပါတယ်။ ကျွန်တော်တို့မလုပ်နိုင်ရင်လည်း လုပ်နိုင်တဲ့သူကိုပြန်ညွှန်းပေးတာမျိုးပေါ့။ ဒီ Community အသေး လေးထဲမှာပဲ အကုန်လုံးကိုအဆင်ပြေအောင် ကူညီပေးနေပါတယ်။ အခုလက်ရှိကတော့ Brand တွေ၊ Marketing Agency တွေနဲ့ အဓိကတွဲလုပ်နေကြတာကတော့များပါတယ်။ ဒါကြောင့်တခြားသိချင်တာတွေလည်း တိုင်ပင်လို့ ရပါတယ်။ ဗဟုသုတချင်းဖလှယ်လို့လည်းရပါတယ်” ဟု ကိုကျော်ဇင်ထက်ကပြောကြားခဲ့ပါတယ်။
အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://rangoon.tech
https://www.facebook.com/rangoon.x