Application နဲ့ Website ကတစ်ဆင့်မှာယူနိုင်သော ပြည်တွင်း Online Shopping Platform များ

နည်းပညာကိုအခြေပြုပြီး Application တွေ၊ Website တွေ၊ Ecommerce Platform တွေပိုပိုပြီး ပိုပေါက်လာတဲ့အတွက် အရာရာတိုင်းက ကိုယ့်ရဲ့လက်တစ်ကမ်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ လူကြီးလူငယ် မရွေး အရင်လိုအပြင်ထွက်ပြီး လိုအပ်တဲ့ပစ္စည်းကို နေရာအနှံ့လိုက်ရှာပြီး ဝယ်စရာ မလိုတော့ ပါဘူး။ Online Shopping တွေရဲ့ Facebook Page တွေကပဲဖြစ်ဖြစ်၊  သူတို့ရဲ့ Application တွေ၊ Website တွေကတစ်ဆင့် လိုက်ရှာပြီး အိမ်ပြင်တောင်ထွက်စရာမလိုဘဲ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဝယ်လိုက်တဲ့ ပစ္စည်းကို လည်း အိမ်ရှေ့ထိအရောက်လာပို့ပေးမယ့် Delivery Service တွေလည်း ရှိတော့ တော်တော်လေးကို အဆင်ပြေ ပါတယ်။

ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်၊ အိမ်မှာ အိမ်စောင့်မရှိလို့အပြင်မထွက်နိုင်တာပဲဖြစ်ဖြစ် Online Shopping တွေနဲ့ လိုအပ်တာကို လိုအပ်သလို ဝယ်ယူနိုင်ပါပြီ။  Online Shopping တွေလည်း တနေ့ထက်တစ်နေ့ အများအပြားပေါ်ပေါက်လာနေတဲ့အတွက် Application အပြင် Website ကနေပါ အသုံးပြုမှာယူနိုင်တဲ့ Online Shopping (၇) ခုကို ဖော်ပြပေးလိုက်ပါတယ်။ လက်လှမ်းမှီသလောက်ဖော်ပြပေးလိုက်တဲ့အတွက် ကျန်ခဲ့တဲ့ Online Shopping တွေလည်း ရှိနေနိုင်ပါသေးတယ်။

(၁) Shop App MM

Shop App MM ကိုတော့ အားလုံးသိထားကြပြီးသား ဖြစ်မှာပါ။ ပစ္စည်းအမျိုးအစားစုံစုံလင်လင်၊ Category စုံစုံလင်လင်နဲ့ ရွေးချယ်စရာများတဲ့ Platform တစ်ခု ဖြစ်ပါတယ်။ Shop App MM ရဲ့ Website shop.com.mm ကလည်းဝင်ရောက်မှာယူနိုင်သလို Application ထည့်သွင်းပြီးလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Application ကိုတော့ Google Play Store, App Store နဲ့ Huawei App Gallery တို့မှာ Download ပြုလုပ်နိုင်ပါတယ်။

(၂) City Mall Online

City Mall Online မှာလည်း အသုံးအဆောင်ပစ္စည်းတွေအပြင် စားသောက်ကုန်ပစ္စည်းမျိုးစုံကိုလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ City Mall Online ကိုလည်း citymall.com.mm Website အသုံးပြုပြီး ဝယ်ယူနိုင်သလို Application ထည့်သွင်းအသုံးပြုပြီးလည်း မှာယူနိုင်မှာ ဖြစ်ပါတယ်။ Application ထည့်သွင်းလိုသူတွေအနေနဲ့ Google Play Store နဲ့ App Store မှာ ဝင်ရောက်ရယူနိုင်ပါတယ်။

(၃) rgo47

အဝတ်အစား၊ အလှအပပစ္စည်း၊ အသုံးအဆောင်၊ လျှပ်စစ်ပစ္စည်း၊ ခရီးဆောင်အိတ်နဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေအတွက် နောက်ထပ်နေရာကောင်းလေးတစ်ခုကတော့ rgo47 ဖြစ်ပါတယ်။ အမျိုးအစားစုံစုံလင်လင်နဲ့ rgo47.com website ကတစ်ဆင့် အသုံးပြုနိုင်သလို Application Download ပြုလုပ်ပြီး လည်း အသုံးပြု မှာယူ နိုင်ပါတယ်။

(၄) ZegoCity

ကိုယ့်အတွက်လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူနိုင်ရုံတင်မကသေးပါဘူး။ ပိုနေတဲ့ပစ္စည်းတွေကိုလည်း ပြန်လည်ရောင်းချနိုင်တဲ့ Platform တစ်ခုဆိုရင်တော့ ZegoCity ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ZegoCity ကို m.zegocity.com ကတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်သလို Application ထည့်သွင်းပြီးလည်း အသုံးပြုနိုင်ပါသေးတယ်။

(၅) OneKyat

လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူပြီး ပိုနေတဲ့ပစ္စည်းတွေကို ပြန်လည်ရောင်းချနိုင်တဲ့ Platform ထဲမှာ OneKyat ကိုလည်း ချန်ထားလို့မရပြန်ပါဘူး။ ပစ္စည်းအသေးလေးတွေကအစ ကားတွေတိုက်ခန်းတွေအထိ OneKyat မှာ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ OneKyat Application ကို Google Play Store မှာ Download ဆွဲအသုံးပြုနိုင်သလို onekyat.com မှာလည်းဝင်ရောက်အသုံးပြုနိုင်ပါတယ်။

(၆) Zay Chin Mart

ဈေးသွားပြီး မီးဖိုချောင်သုံးပစ္စည်း၊ ဟင်းချက်စရာပစ္စည်းတွေအပြင် ပင်လယ်စာတွေ အသားငါးတွေ ဝယ်ယူလိုသူတွေအတွက် Zay Chin Mart ကိုအသုံးပြုပြီး အိမ်ပြင်မထွက်ဘဲ ဈေးထဲရောက်သွားနိုင်ပါတယ်။ ဒေသထွက် စားသောက်ကုန်တွေကအစ ဝယ်ယူနိုင်တဲ့အပြင် ပွိုင့်တွေစုပြီးလည်း ဈေးပြန်ဝယ်နိုင်ဦးမှာ ဖြစ်ပါတယ်။ zaychin.com ကတစ်ဆင့် ဝင်ရောက်ဝယ်ယူနိုင်သလို Application ကိုလည်း Google Play Store နဲ့ App Store ကတစ်ဆင့်လည်းရယူပြီး အသုံးပြုနိုင်ဦးမှာပါ။

(၇) Hoco Online Shopping

Hoco Online Shopping Platform ဟာလည်း Earphone, Headphone, Speaker, Phone Cover, Power Bank, Phone Stand တွေအပြင် ဖုန်းနဲ့ ကွန်ပြူတာ ဆက်စပ်ပစ္စည်းတွေကို နှစ်သက်သဘောကျသူတွေအနေနဲ့ ဝင်ကြည့်ထားတဲ့သင့်တဲ့ Platform တစ်ခု ဖြစ်ပါတယ်။ https://hoco.com.mm/ Website ကလည်းဝင်ရောက်မှာယူနိုင်သလို Application ထည့်သွင်းပြီးလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Application ကို Google Play Store, App Store နဲ့ Huawei App Gallery တို့မှာ ရယူနိုင်ပါတယ်။