စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဆွေးနွေးအဖြေရှာဖို့အကောင်းဆုံးနေရာ Honest Hour Well-Being Services (Honest Hour Well-Being Services ၏ Founder/CEO ဖြစ်သူ Ma Judi Khine Pwint Khattar နှင့်အင်တာဗျုး ဆောင်းပါး)

(Honest Hour Well-Being Services မှာ လက်ရှိအများဆုံးရယူကြတဲ့ ဝန်ဆောင်မှုတွေကတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးကြတဲ့ Counselling session တွေ Spiritual Healing ပိုင်းတွေများနေတာလည်းဖြစ်ပါတယ်။)
မြန်မာပြည်ကလူတော်တော်များများဟာ culture ကြောင့်ပဲဖြစ်ဖြစ် Society ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ဝေဖန်ပိုင်းခြား လာတတ်ကြပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှု အစစ်အမှန်တွေကို ဖော်ပြခွင့်မရကြတဲ့သူတွေလည်းရှိသလို စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်ဖို့အတွက် နွေးထွေးစွာအားပေးနှစ်သိမ့်ပေးမယ့် အဖော်မွန်ကောင်း တစ်ယောက် ဒါမှမဟုတ်ရင်ဖွင့်တိုင်ပင်လို့ရမယ့်နေရာ တစ်ခုတော့လိုအပ်ပါတယ်။
စိတ်လုံခြုံမှုပေးမယ့် ရပ်ဝန်းလေးတစ်ခုရှိဖို့ စိတ်ကူးမိတဲ့သူတွေ၊ ကိုယ့်ရဲ့တကယ့်ဖြစ်တည်မှုနဲ့ ခံစားချက်အစစ်အမှန်ကို ရိုးသားစွာ ချပြလို့ရမယ့် နေရာတစ်ခုရှာဖွေနေတဲ့သူတွေ၊ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ပြီးကိုင်တွယ် ဖြေရှင်းဖို့ ဝန်ဆောင်မှုပေးနိုင်တဲ့နေရာကို သိချင်တဲ့သူတွေလည်းနေ့စဉ်နဲ့အမျှတိုးပွားလာခဲ့ပါတယ်။
အခုနောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကူညီပြီးဆွေးနွေးအဖြေရှာဖို့ Online Platform များစွာလည်းထွက်ပေါ်လာခဲ့ပါပြီ။ အဲဒီထဲမှာမှ Honest Hour Well-Being Services ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Honest Hour ရဲ့အကြောင်းကိုပိုမိုသိရှိစေဖို့ Honest Hour Well-Being Services ရဲ့ Founder တစ်ဦးလည်းဖြစ်၊ လက်ရှိမှာ CEO ဖြစ်သူ Ma Judi Khine Pwint Khattar နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးဆောင်းပါးကို Myanmar Tech Press Team အနေနဲ့ရေးသားဖော်ပြပေးလိုက်ပါတယ်။

Photo Source…Honest Hour Well-Being Services ရဲ့ Founder တစ်ဦးလည်းဖြစ်၊ လက်ရှိမှာCEO ဖြစ်သူ Ma Judi Khine Pwint Khattar

Honest Hour Well-Being Services ကို ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာစတင်ခဲ့တာဖြစ်ပြီး လူတွေအားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ပေးတဲ့သင်တန်းတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခက်အခဲ၊ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီဆွေးနွေးပေးတာတွေအပြင် စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်အောင် ဝန်ဆောင်မှုတွေပေးတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။
လက်ရှိမှာရရှိနိုင်တဲ့ဝန်ဆောင်မှုတွေက အပိုင်းနှစ်ပိုင်းနဲ့ခွဲခြားသတ်မှတ်ထားပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် Individual Counselling service၊ စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးနိုင်တဲ့ Mental Health Service ဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် Honest Hour Well-Being Services မှာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်လေ့လာချင်တဲ့သူတွေ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်အောင်လေ့ကျင့်ချင်တဲ့သူတွေ တတ်လို့ရတဲ့ Self-Help Class တွေရှိပါတယ်။ Self-Healing ဆိုတဲ့ ကိုယ့်ကိုယ်ကိုကုစားတဲ့နည်းလမ်းတွေကို သင်ပြပေးတဲ့ Class တွေအပြင် Spiritual ပိုင်းနဲ့ ပတ်သက်တဲ့ သင်တန်း တွေကို လည်းဖွင့်လှစ်ပေးထားပါတယ်။ တစ်ဦးချင်းစီအတွက် Zoom နဲ့ Online ကနေသင်ပေးနေတာတွေ အပြင် ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ်လေ့လာနိုင်မယ့် Online Education Platform Website လည်းရှိပါတယ်။ Website မှာဆိုရင်တော့ Counselling နဲ့ Online Education အတွက်ဆိုပြီးနှစ်ခုခွဲသတ်မှတ်ပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ Online Education အတွက်ကတော့ https://www.honestonlinelearning.com ဆိုတဲ့ Website ကနေ Course တွေအ များကြီးကိုရွေးချယ်လေ့လာနိုင်မှာဖြစ်ပါတယ်။
“အဖွဲ့အစည်းပိုင်းဆိုင်ရာတွေဖြစ်တဲ့ Corporate Services, NGO, INGO တွေအတွက်လည်း Employee Assistance Program တွေအပြင် Well-being check up ဝန်ဆောင်မှုတွေ၊ Mental Health Related Workshop တွေ၊ Training တွေလည်းပေးတဲ့ ဝန်ဆောင်မှုတွေရှိပါတယ်” ဟု Honest Hour Well-Being Services ၏ Founder and CEO ဖြစ်သူ Ma Judi Khine Pwint Khattar က ပြောကြားပါတယ်။
Honest Hour Well-Being Services မှာ လက်ရှိအများဆုံးရယူကြတဲ့ ဝန်ဆောင်မှုတွေကတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးကြတဲ့ Counselling session တွေ Spiritual Healing ပိုင်းတွေများနေတာလည်းဖြစ်ပါတယ်။ Honest Hour Well-Being Services မှာ အခမဲ့ဆောင်ရွက်ပေးနေတဲ့ဝန်ဆောင်မှုတွေအပြင် အနိမ့်ဆုံးဝန်ဆောင်မှုတွေအတွက် ကျပ် ၁၈၅၀၀ ကနေအမြင့်ဆုံး ၈၀၀၀၀ ကျော်လောက်ထိရှိပြီး Session တစ်ခုချင်းစီစာအတွက် ကောက်ခံတာမျိုးလည်းဖြစ်ပါတယ်။
“သင်တန်းပိုင်းဆိုင်ရာတွေမှာဆိုရင်လည်း အပတ်စဉ်အခမဲ့သင်တန်းတွေရှိသလို Telegram Channel မှာဆိုရင်လည်း သင်တန်းပုံစံဗဟုသုတမျှဝေတာတွေ၊ အခမဲ့စကားဝိုင်းပုံစံလေးတွေ လုပ်ပေးနေပါတယ်။ သင်တန်းတွေကတော့Website ကနေဆိုရင်ဖြစ်ဖြစ်၊ Zoom Class တွေဖြစ်ဖြစ် တစ်သောင်းလောက်ကနေစပြီး အမျိုးမျိုးရှိပါတယ်။ တစ်ဦးချင်းစီ ဆွေးနွေးပေးတဲ့ Counselling service တွေမှာ Junior Counsellor ကနေစလို့ Counselling Specialist စသဖြင့် Experience နှစ်အလိုက်ရှိတဲ့ဆရာ/ဆရာမတွေနဲ့လည်းဆွေးနွေးတိုင်ပင်နိုင်ပါတယ်” ဟု သူမကရှင်းပြပါတယ်။

Photo Source https://www.facebook.com/honesthourmyanmar

Honest Hour Well-Being Services မှာ လက်ရှိအချိန်ထိ ပြည်တွင်း၊ ပြည်ပက Client တွေအပြင်၊ သင်တန်း တတ်ရောက်ခဲ့သူများ အပါအဝင် စုစုပေါင်း ၆၀၀၀ လောက်ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာတွေ အနေနဲ့လည်း Zoom, Messenger, Viber စသဖြင့် Online Platform ကနေဝန်ဆောင်မှုတွေရရှိနိုင်အောင် စီစဉ်ပေးထားပြီး Application တစ်ခုအနေနဲ့ပါပြုလုပ်သွားဦးမှာပါ။
“လက်ရှိမှာ Booking လုပ်ချင်တဲ့သူတွေအတွက် Website ကနေပြုလုပ်လို့ရသလို၊ Email, Messenger ကနေလည်းပြုလုပ်နိုင်ပါတယ်။ Hotline number 09792824522 ကိုလည်းဆက်သွယ်ပြီး တစ်ရက်ကြိုတင် Booking ယူပြီး Counsellor တွေနဲ့ပဲဖြစ်ဖြစ်၊ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ပဲဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်” ဟု သူမက ပြောကြား သည်။
Honest Hour Well-Being Services က တကယ်တော့ Psychological approach, Scientific Approach, Spiritual Approach နဲ့အတူ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် ဝန်ဆောင်မှုပေးဖို့ဖန်တီးပေးထားတာဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင် ရာပြဿနာ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ခက်ခဲနေတဲ့သူတွေအတွက် စိတ်လုံခြုံမှုရရှိပြီးတော့ Relax ဖြစ်စေတဲ့ ရပ်ဝန်းတစ်ခုလို့လည်းဆိုနိုင်ပါတယ်။

အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/honesthourmyanmar