စာရေးရတာ ဝါသနာပါတဲ့ စာရေးသူတွေအတွက် ကိုယ်ရေးလိုက်တဲ့စာတွေက ဝါကျတည်ဆောက်ပုံမှန်ကန်ပြီး စာဖတ်သူတွေအတွက် ဖတ်ရတာချောနေဖို့ လိုအပ်ပါတယ်။ ဝါကျတည်ဆောင်ပုံတွေ၊ အရေးအသားတွေ ကောင်းမွန်နေပေမယ့် စာလုံးပေါင်းသတ်ပုံမမှန်ဘူးဆိုရင်လည်း စာဖတ်သူတွေအတွက် ဖတ်ရတာ ပေါ့ပျက်ပျက် ဖြစ်စေပါတယ်။
အခုဖော်ပြပေးမယ့် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေး ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ပြုပြင်မွမ်းမံခဲ့တဲ့ မြန်မာစာလုံးတွေကိုထည့်သွင်းပေးထားပါတယ်။ 
Photo Source: Myanmar Orthography Book
ကိုယ်ရှာချင်တဲ့စကားလုံးကို Search Box မှာရိုက်ရှာနိုင်သလို အက္ခရာအစဉ်လိုက်လည်း ရှာဖွေနိုင်ပါတယ်။ စာလုံးပေါင်းသတ်ပုံလေ့ကျင်တဲ့သူတွေအတွက်လည်း လေ့ကျင့်ခန်း တွေကို လွယ်ကူ၊ သာမန်၊ ခက်ခဲ အဆင့် ၃ ဆင့်ခွဲထားပေးတဲ့အတွက် လေ့ကျင့်နိုင်ပါသေးတယ်။ မြန်မာစာလုံးပေါင်းသတ်ပုံတွေအပြင် ပထမတန်း၊ ဒုတိယတန်းနဲ့ တတိယတန်းဖတ်စာအုပ်တွေကိုပါ Download ရယူနိုင်ပါတယ်။
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း Website ထဲဝင်ရောက်ပြီးတိုက်ရိုက်အသုံးပြုလို့ရသလို Mobile User တွေ အတွက် iOS App နဲ့ Android App တွေကိုလည်း Download ရယူနိုင်မှာ ဖြစ်ပါတယ်။