စာပို့ App အသုံးပြုခြင်းများနှင့်ပတ်သက်ပြီး သိထားသင့်သည့်အကြောင်းအရာများ

Messenger (Instagram တိုက်ရိုက်စာပို့စနစ်ကိုပါ ထောက်ပံ့ပေးထားတဲ့ app) နဲ့ ကိုယ်တိုင်အသုံးပြုရင်း ရရှိလာတဲ့ သိထားသင့်သည့်အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။
အရင်ဆုံး ကိုယ့်အတွက် လေးစားမှုဆိုတာကို ဘယ်လိုသတ်မှတ်ချင်လဲ၊ ကိုယ့်ရဲ့ စာပို့တဲ့ inbox မှာ ဒီလေးစားမှုဆိုတာကို ဘယ်လိုပြသမလဲဆိုတာ ဆန်းစစ်ပါ။ တစ်နေ့တာအတွင်း စာလက်ခံရယူမယ့် အချိန်အပိုင်းအခြားတစ်ခု သတ်မှတ်ထားမှာလား။ ဒါမှမဟုတ် အောက်လုံးဟာသတွေ/ အညှီအဟောက် အသုံးအနှုန်းတွေအပေါ် ကိုယ်ဘယ်လောက် သည်းခံနိုင်လဲဆိုတာ စမ်းကြည့်တာမျိုးလား? ဒါတွေအပေါ် ကိုယ့်ရဲ့ ကလေးငယ်တွေက ဘယ်လိုမြင်လဲဆိုတာ သေချာစကားပြောကြည့်ပြီး အဖြေရှာပါ။ ဘယ်လိုစာမျိုးတွေ၊ ဘယ်လိုရင်းနှီးပတ်သက်မှုတွေက ကိုယ့်ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီဆိုတာ တွေးကြည့်ပါ။ ပြီးရင် ထိုက်သင့်တဲ့ တုံ့ပြန်ဆောင်ရွက်မှုကို ပြုလုပ်ပါ။ ဒီတုံ့ပြန်မှုတွေထဲမှာ ကိုယ်သည်းမခံနိုင်တဲ့စာ ပို့လာတဲ့သူနဲ့ တိုက်ရိုက်စကားပြောတာမျိုး ဒါမှမဟုတ် Messenger လို အက်ပလီကေးရှင်း ဆက်တင်ထဲမှာပါတဲ့ တိုင်ကြားခြင်း၊ ပိတ်ပင်ခြင်းနဲ့ ကန့်သတ်ခြင်း စတဲ့ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်တွေကို အကျိုးရှိရှိ အသုံးချတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

Photo Source fbmyanmarpress@fb.com

(၁) စည်းတွေ ဘောင်တွေ ကန့်ထားပါ။
ကိုယ့်ရဲ့ Messenger ဆက်တင်ကို စစ်ဆေးဖို့ အချိန်ခဏတော့ပေးပါ။ ဘယ်အချိန်မှာ ကိုယ်အွန်လိုင်းရှိတယ်ဆိုတာ ပြသမလဲ၊ Message Request ဆိုတဲ့နေရာမှာ ဘယ်သူ့ဆီက စာတွေကို ထားမလဲ၊ ဘယ်သူတွေကိုတော့ လုံးဝ စာပို့လို့မရအောင် လုပ်မလဲဆိုတာ သတ်မှတ်ထားပါ။
(၂) ကိုယ့်ရဲ့ inbox ကို ထိန်းချုပ်ပါ။
အချင်းချင်း ထားရှိသင့်တဲ့ လေးစားမှုကို မစောင့်ထိန်းနိုင်တော့တဲ့ အချိန်ရောက်လာရင် ကိုယ့်ဘက်ကနေ ထိန်းချုပ်နိုင်အောင် ကူညီပေးမယ့် နည်းပညာကိရိယာတွေ Messenger မှာ ရှိပါတယ်။ သည်းခံမှုအတိုင်းအတာ ကျော်လွန်ပြီး လူမှုအသိုင်းအဝိုင်းစံနှုန်းကို ချိုးဖောက်ထားတဲ့ စာမျိုး လက်ခံရရှိခဲ့ရင် တိုင်ကြားပေးပါ။ ကိုယ့်ကို အဆက်အသွယ် လုံးဝမလုပ်နိုင်အောင် block လုပ်နိုင်ပါတယ်။ စိတ်မပူပါနဲ့၊ Messenger က ကိုယ့်ဘက်က တိုင်ကြားထားတာတွေ ဒါမှမဟုတ် block လုပ်ထားတယ်ဆိုတာကို သူတို့ကို အသိမပေးပါဘူး။
Block လုပ်တာလောက်အထိ မလိုဘူးလို့ထင်လား? အခုဆိုရင် Messenger က ကိုယ်အဆက်အသွယ် မလုပ်ချင်တဲ့သူတွေကို ကန့်သတ်ထားနိုင်ဖို့ Chat list ကနေထုတ်ပေးထားနိုင်ပါတယ်။ ဒါဆိုရင် ကိုယ်အွန်လိုင်းမှာ ရှိ၊ မရှိ ဆိုတာ၊ သူတို့ရဲ့ စာတွေကို ဖတ်၊ မဖတ်ဆိုတာ သူတို့ကို ပေးမသိတော့ပါဘူး။
(၃) ကိုယ့်အတွက် ဘယ်နည်းလမ်းက အကောင်းဆုံးဆိုတာကို ရွေးချယ်ပါ။
အပေါ်မှာပြောပြထားတဲ့ အရေးကြီးတဲ့ စည်းတွေ၊ ဘောင်တွေ အပါအဝင် တစ်ဦးနဲ့တစ်ဦးရဲ့ ဆက်ဆံရေးတွေကို ဘေးကင်းလုံခြုံစွာနဲ့ တည်ဆောက်နိုင်ဖို့ အခြေအနေ တစ်ခုချင်းစီအလိုက် ကိုယ်တိုင် ထိန်းချုပ်လို့ ရနိုင်မယ့် နည်းလမ်းတွေကို လမ်းညွှန်ပေးသွားမယ့် အဘက်ဘက်က စဉ်းစားပေးထားတဲ့ ဆုံးဖြတ်ပုံအဆင့်ဆင့်ကို ဖန်တီးပုံဖော်ပေးထားပါတယ်။
(၄) ကလေးငယ်တွေအတွက် အက်ပလီကေးရှင်းအသုံးပြုရာမှာ ပိုပြီး လုံခြုံစိတ်ချရအောင် ဖန်တီးပေးပါ။
ကိုယ်ပိုင် စည်းမျဉ်းကန့်သတ်ချက်လေးတွေ ရှိထားဖို့ဆိုတာ မိသားစုဝင်တိုင်းအတွက် အလွန်အရေးကြီးပါတယ်။ ကိုယ့်ကလေးက အွန်လိုင်းပေါ်မှာ ပိုအချိန်ဖြုန်းနေပြီဆိုရင်တော့ Safer Internet Day က မိဘနဲ့ အုပ်ထိန်းသူတွေအတွက် ကိုယ့်ကလေးတွေ အွန်လိုင်းပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ အချင်းချင်း ဆက်သွယ်နေကြလဲဆိုတာ အချိန်ပေးပြီး ဆန်းစစ်ကြည့်ဖို့ အကောင်းဆုံးနေ့ပါပဲ။ Messenger Kids အက်ပလီကေးရှင်းမှာ ပါရှိတဲ့ ထိန်းချုပ်မှုနဲ့ ကြည့်ရှုနိုင်မှု လုပ်ဆောင်ချက်တွေ အများကြီးကို အသုံးပြုပြီး ကိုယ့်ရဲ့ကလေးငယ်အတွက် လုံခြုံစိတ်ချရတဲ့ အက်ပလီကေးရှင်း အသုံးပြုမှု အတွေ့အကြုံကို မိဘတွေကနေ ဖန်တီးပေးလို့ရပါတယ်။