အခြေခံပညာ ကျောင်းသူကျောင်းသားများ အိမ်တွင်စာလေ့လာနိုင်ရန် ကူညီဖြေရှင်းပေးနိုင်သည့် Myanmar School App အကြောင်း

Myanmar School App သည် အခြေခံပညာ ကျောင်းသူကျောင်းသားများ အိမ်တွင်စာလေ့လာနိုင်ရန် ကူညီဖြေရှင်းပေးမဲ့ App တစ်ခု ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားများ လေ့လာနိုင်တဲ့အပြင် မိဘဆရာများလည်း စာသင်ကြားသည့်အခါ App ကို အသုံးပြုနိုင်ပါတယ်။

Photo Source https://web.facebook.com/myanmarschoolapp/posts/281059594170641

KG မှ Grade 11 အထိ ဘာသာရပ်အစုံ ဖတ်စာအုပ်များ ရရှိနိုင်ပြီး Offline ကြည့်ရန်လည်း Download ဆွဲနိုင်ပါတယ်။
သူငယ်တန်း (KG) အတွက် လက်မှတ်ရ ဆရာမတစ်ဦးမှ သင်ကြားပေးသော ဗီဒီယိုသင်ခန်းစာများကို ကြည့်ရှုနိုင်ပြီး Grade 1 – 4 ကျောင်းသားများအတွက် စေတနာ့ဝန်ထမ်း ဆရာများမှ ပံ့ပိုးပေးသော အသံဖြင့် သင်ခန်းစာများကို လေ့လာနိုင်ပါ တယ်။
ပိုမိုထူးခြားတာကတော့ အတန်းသင်ခန်းစာများအပြင် Prevent Plastics Myanmar စီမံကိန်း က သားသားမီးမီးတို့အတွက် သဘာဝပတ်ဝန်းကျင် ဗဟုသုတရစေဖို့ ဉာဏ်ကျယ်လေးကဏ္ဍကို ဖြည့်ဆည်းပေးထားပြီး ဘဏ္ဍာရေးအရလည်း ထောက်ပံ့မှုပေးထားပါတယ်။ App ကို အခကြေးငွေပေးပြီး သုံးစရာမလိုပါဘူး။
ဉာဏ်ကျယ်လေး ကဏ္ဍမှာ ပုံပြင်၊ ကဗျာ၊ အထွေထွေဗဟုသုတနှင့် အိမ်တွင်းမှုလေ့ကျင့်ခန်းများ ပါဝင်ပြီး ကာတွန်းများ အသုံးပြု ပုံဖော်ထားတာကြောင့် ရေရှည်အကျိုးပြုတဲ့ နေထိုင်မှု ပုံစံတစ်ခု ဖော်ဆောင်ပေးရာတွင် အရေးပါသော လိုက်နာကျင့်သုံးရမဲ့ အချက်အလက်တွေကို အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေ စိတ်ပါဝင်စားစွာ သင်ယူနိုင်မှာ ဖြစ်ပါတယ်။
အောက်ပါ Link များမှာ Install ပြုလုပ်နိုင်ပါတယ်။
Apple App Store => https://apps.apple.com/au/app/myanmar-school/id1605434626
Google Play Store => https://play.google.com/store/apps/details…
Huawei App Gallery => https://appgallery.huawei.com/app/C105034561