အရောင်စုံစုံလင်လင်အသုံးပြုနိုင်ဖို့ Text-based stickers တွေစမ်းသပ်နေတဲ့ Gboard

Gboard ဆိုတာကတော့ Google ရဲ့ ဘာသာစကားအများအပြားကို Support ပြုလုပ်ပေးထားတဲ့ Mobile Keyboard Application တစ်ခုဖြစ်ပါတယ်။ စာလုံးတွေကိုလက်နဲ့အမြန်ဖိဆွဲပြီး စာရိုက်နိုင်တဲ့ Glide Typing, အသံနဲ့စာရိုက်နိုင်တဲ့ Voice Typing, လက်နဲ့ရေးသားနိုင်တဲ့ Handwriting, Emoji စုံစုံလင်လင်နဲ့ အလွယ်တကူ ရှာဖွေပေးနိုင်တဲ့ Emoji Search, GIFs တွေရှာဖွေပေးပို့နိုင်တဲ့ GIFs, အလိုအလျောက်စာပြင်ပေးတဲ့စနစ်ပါဝင်တဲ့ Multilingual Typing, နောက်ရေးမယ့်စကားလုံးကို ခန့်မှန်းပေးနိုင်တဲ့ Next-word prediction အပြင် Google Translate တို့လည်း ပါဝင်ပါတယ်။

Photo Source: Android Police

စုံလင်လှတဲ့လုပ်ဆောင်ချက်တွေအပြင် စကားလုံးတွေနဲ့ Emoji တွေတွဲဖက်ထားတဲ့ Sticker အသစ်တွေကိုလည်း ထည့်သွင်းပေးဖို့အတွက် စမ်းသပ်နေပြီ ဖြစ်ပါတယ်။ စာသားတွေနဲ့ Emoji တွေကိုမတူညီတဲ့ပုံစံမျိုးနဲ့ Sticker တွေကို Generate ပြုလုပ်ပေးမယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။

“See you soon” လို့စာရိုက်ပြီး အသည်းပုံ Emoji ထပ်ထည့်ရေးလိုက်တာနဲ့ နှစ်ခုပေါင်းစပ်ထားတဲ့ Sticker တွေကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ Keyboard အပေါ်ကအကွက်လေးမှာ next-word prediction တွေကိုဖော်ပြပေးမှာ ဖြစ်တဲ့အပြင် နှိပ်လိုက်တာနဲ့ မတူညီတဲ့ Sticker တွေကို ထပ်မံဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ စကားလုံးတော်တော်များများကိုပဲ ပြောင်းလဲပေးမှာ ဖြစ်တဲ့အတွက် ကိုယ်လိုချင်သလို စကားလုံးတွေအားလုံးကိုတော့ Sticker အနေနဲ့ Generate ပြုလုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ 

Photo Source: Android Police

Text-based Sticker စမ်းသပ်မှုကို နောက်ဆုံးပေါ် Gboard beta version မှာစမ်းသပ်နေတဲ့အတွက် Stable Version အသုံးပြုတဲ့သူတွေ အသုံးပြုလို့ရဦးမှာ မဟုတ်ပါဘူး။ Gboard application ကို Google Play Store မှာ Download ရယူအသုံးပြုနိုင်ပါတယ်။