FIFA World Cup 2022 တိုက်ရိုက်ပွဲစဉ်များကို MPT IPTV တွင် ဝန်ဆောင်ခ ပေးစရာမလိုဘဲ ကြည့်ရှုနိုင်

မြန်မာဘောလုံးချစ်သူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များကို ဆောင်ကြဉ်းပေးနိုင်ရန်နှင့် FIFA World Cup 2022 ကို ကမ္ဘာတစ်ဝှမ်းရှိ အခြားသော ဘောလုံးချစ်သူများနှင့်အတူ တစ်ချိန်တည်း ကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံ၏ ပထမဦးဆုံး နှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် မြန်မာနိုင်ငံတွင် FIFA World Cup 2022 အတွက် တရားဝင် သီးသန့်ထုတ်လွှင့်သူဖြစ်သည့် SKYNET နှင့် “တယ်လီကွန်း ပါတနာ” အဖြစ် ပူးပေါင်းကာ စိတ်လှုပ်ရှားဖွယ်ရာ FIFA World Cup 2022 ပွဲစဉ်များကို MPT IPTV မှတစ်ဆင့် MPT သုံးစွဲသူများ ကြည့်ရှုနိုင်ရေးအတွက် ယူဆောင်လာပြီဖြစ်သည်။ ထို့ပြင် MPT မှ သုံးစွဲသူများအတွက် စိတ်လှုပ်ရှားစရာ အထူးအစီအစဥ်များကိုလည်း စီစဥ်ထားရှိပြီး မကြာမီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။ 

SKYNET ရုပ်သံလိုင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအရ MPT သုံးစွဲသူများအနေဖြင့် FIFA World Cup 2022 ၏ တိုက်ရိုက်ပွဲစဉ်များအား MPT မိုဘိုင်းလ်ကွန်ရက်ကို အသုံးပြုပြီး ဝန်ဆောင်ခ ပေးရန်မလိုဘဲ နိုဝင်ဘာလ (၂၀) ရက်မှ စတင်၍ “MPT IPTV” ပေါ်တွင် အချိန်မရွေး နေရာမရွေး ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် MPT သုံးစွဲသူများသည် ပွဲစဉ်များကို သီးသန့်ရုပ်သံလိုင်းများဖြစ်သည့် SPORTS-6 နှင့် SPORTS-1 တို့မှလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ 

ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ MPT အနေဖြင့် သုံးစွဲသူများအတွက် စိတ်လှုပ်ရှားမှုများသာမက စိတ်အပန်းဖြေမှုကိုပါ ယူဆောင်လာစေရန် ရည်ရွယ်ပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ FIFA World Cup 2022 ကို နိုဝင်ဘာလ ၂၀ ရက်မှ ဒီဇင်ဘာလ ၁၈ ရက်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု ၈ခုခွဲကာ နိုင်ငံအသင်း (၃၂) သင်းဖြင့် စတင်ကျင်းပသွားမည်ဖြစ်သည်။ 

Photo Source mpt.com.mm

“MPT IPTV” သည် သုံးစွဲရလွယ်ကူသော အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး Android နှင့် iOS အက်ပလီကေးရှင်းနှစ်ခုလုံးတွင် အသုံးပြုနိုင်သည်။ သုံးစွဲသူများအနေဖြင့် MPT IPTV ကို အောက်ပါ နည်းလမ်းများအတိုင်း ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။ 

၁။ https://bit.ly/mpt-iptv–pr (mobile browser ဖြင့် ဝင်ရောက်ရန်) 

၂။ USSD *7373# သို့ ခေါ်ဆို၍ ရယူနိုင်ခြင်း 

၃။ MPT4U အက်ပလီကေးရှင်း (သို့မဟုတ်) ဝက်ဘ်ဗားရှင်းမှတစ်ဆင့် ဝန်ဆောင်မှု သင်္ကေတများပေါ်တွင် ပြသထားသည့် “MPT IPTV” သင်္ကေတကို နှိပ်ခြင်းဖြင့်  ဝင်ရောက်ကြည့်ရှုနိုင်ခြင်း 

၄။ လိုတရ ဝက်ဘ်ပေါ်တယ်မှ ဒေါင်းလုတ်လုပ်၍ ရယူခြင်း- https://bit.ly/lotaya-worldcup–pr 

MPT IPTV တွင် ထင်ရှားသော ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်သံလိုင်းများ၊ တီဗွီရုပ်သံလိုင်းများ အပါအဝင် နာမည်ကြီး ပြည်တွင်း ပြည်ပ ရုပ်ရှင်များ၊ ဒရာမာရှိုးများ၊ မှတ်တမ်းရုပ်ရှင်များနှင့် ကလေးများအတွက် အစီအစဉ်များစွာ ပါဝင်ပါသည်။ သုံးစွဲသူများသည် MPT IPTV မှတစ်ဆင့် အဆိုပါရုပ်သံလိုင်းအစီအစဥ်များကို မိသားစုများ သို့မဟုတ် သူငယ်ချင်းများ နှင့်အတူ ကြည့်ရှုရင်း ပျော်ရွှင်ဖွယ်အချိန်များကို ခံစားနိုင်မည်ဖြစ်သည်။