VMware ၏ multi-cloud နည်းပညာသစ်များဖြင့် ပိုမိုလုံခြုံစနစ်ကျသည့် Cloud နည်းပညာဆီသို့ ကူးပြောင်းနိုင်

Mware, Inc. (NYSE: VMW) သည် သုံးစွဲသူများ multi-cloud နည်းပညာသစ်ဆီသို့ လျင်မြန်စွာ ကူးပြောင်းနိုင်ရေး အတွက် အထောက်အကူ ဖြစ်စေမည့် တီထွင်ဖန်တီးမှုများ၊ လုပ်ဆောင်ချက်အသစ်များ၊ ဝန်ဆောင်မှုများနှင့် ချဲ့ထွင်ထားသော မိတ်ဖက် လုပ်ငန်းများအား ထုတ်ဖော်ကြေညာခဲ့သည်။

“VMware နဲ့ မိတ်ဖက်လုပ်ငန်းတွေအနေနဲ့ တီထွင်ဆန်းသစ်ထားတဲ့ ဝန်ဆောင်မှုအသစ်များကို ဆက်လက် ထုတ်လုပ်ဖြန့်ဖြူးပေးနေပါတယ်။ သုံးစွဲသူတွေအတွက် ပိုမိုလုံခြုံမှုရှိတဲ့ cloud နည်းပညာကို အသုံးချပြီး ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ခံစားရရှိနိုင်စေဖို့ ရည်ရွယ်ပါတယ်” ဟု VMware ၏ CEO ဖြစ်သူ Raghu Raghuram က ပြောကြားသည်။ “Multi-cloud နည်းပညာရပ်ဝန်းဆိုတာ အက်ပလီကေးရှင်းတွေ အတွက် ကာကွယ်ထိန်းချုပ်နိုင်စွမ်းရှိပြီး ကမ္ဘာတစ်ဝန်းသုံးလို့ရတဲ့ cloud အမျိုးမျိုးကို စိတ်ကြိုက်ရွေးသုံးနိုင်အောင် ပြုလုပ်ပေးတယ် ဆိုတာ အသုံးပြုသူ ကုမ္ပဏီအဖွဲ့အစည်းတွေက လက်ခံထားကြပါတယ်။ အသုံးပြုသူတွေ အတွက် multi-cloud နည်းပညာနဲ့ဆိုင်တဲ့ ရှုပ်ထွေးမှုတွေကို အားသာချက်တွေဖြစ်အောင် ကူညီပေးဖို့ VMware က ခြေလှမ်းတိုင်းအတွက် အမြဲရှိနေပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

လုပ်ငန်းအဖွဲ့အစည်းများတွင် multi-cloud နည်းပညာကို သုံးစွဲလာကြသည်နှင့်အမျှ ခက်ခဲ ရှုပ်ထွေး မှုများ၊ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ၊ နည်းပညာကျွမ်းကျင်သူ မလုံလောက်မှုများကို ကြုံတွေ့လာရပါသည်။

Photo Source VMware

VMware Explore Europe တွင် သုံးစွဲသူများအနေဖြင့် အများပြည်သူသုံးနှင့် တစ်သီးပုဂ္ဂလသုံး cloud များ နှင့် edge တွင် လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စွာလည်ပတ်နိုင်ရေး၊ အရင်းအမြစ်များ တိုးမြှင့်/လျှော့ချမှု လုပ်ခြင်း၊ နှင့် လုံခြုံမှုရှိစွာ လုပ်ဆောင်နိုင်ရေးအတွက် ကူညီပေးနိုင်မည့် လုပ်ဆောင်ချက် အသစ်များကို မိတ်ဆက် ပေးခဲ့ပြီးဖြစ်သည်။ မိတ်ဆက်လိုက်သော လုပ်ဆောင်ချက်အသစ်များတွင် ကမ္ဘာတစ်ဝန်းရှိ မိတ်ဖက်လုပ်ငန်း ၂၅ခုနှင့် ပူးပေါင်း၍ VMware Sovereign Cloud  တွင် VMware Tanzu စနစ်ထည့်သွင်းထားသော sovereign cloud ၊ VMware Aria လုပ်ငန်းလည်ပတ်မှုနည်းစနစ် နှင့် မည်သူမဆို အသုံးချနိုင်မည့် ဂေဟစနစ်ဖြေရှင်းနည်း အသစ်များပါ ပါဝင်လာတော့မည် ဖြစ်သည်။ ဤကဲ့သို့ တီထွင်ဖန်တီးမှုများသည် မိတ်ဖက်များအတွက် အများသုံး cloud စနစ်များနှင့် ဆင်တူသော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် အပြင် ဒေတာ အချက်အလက်များ လုံခြုံမှုရှိရေး၊ ချမှတ်ထားသည့် ဥပဒေနှင့်အညီ အသုံးချနိုင်ရေး၊ ပြည်ပသို့ မပေါက်ကြားနိုင်ရေးအတွက်လည်း အထောက်အကူ ပြုမည် ဖြစ်ပါသည်။

Vmware ၏ မျိုးဆက်သစ် ထုတ်ကုန်တစ်ရပ်အဖြစ် SD-WAN Client အသွင်သစ် ပါဝင်လာမည် ဖြစ်ပြီး လုပ်ငန်းခွင်၊ ရုံးခွဲ၊ အိမ် စသည့် မည်သည့်နေရာ ဒေသမှမဆို မည့်သည့်ကွန်ယက်၊ မည်သည့်စက်ကိရိယာများကို အသုံးပြုပြီး အက်ပလီကေးရှင်းများ နှင့် ဒေတာအချက်အလက်များကို ပိုမို လုံခြုံစိတ်ချမှုရှိစွာဖြင့် ကောင်းမွန်စွာအသုံးချနိုင်ရန် ပံ့ပိုး သွားမည် ဖြစ်ပါသည်။

အသစ် မိတ်ဆက်ထားသည့် VMware Carbon Black XDR သည် VMware ၏ ကွန်ရက် မြင်သာမှု နှင့် ထောက်လှမ်းနိုင်စွမ်းကို VMware Carbon Black Enterprise EDR အထိ ချဲ့ထွင်ပေးထားသော ကြောင့် ကွန်ယက် ပေါ်တွင် ကြုံတွေ့လာနိုင်သည့် အန္တရာယ်များကို ရှာဖွေ ဖော်ထုတ်ပေးခြင်းနှင့် ကာကွယ်ပေးခြင်းဖြင့် ကွန်ရက် လုံခြုံမှုကို တိုးမြှင့်လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

အသစ် မိတ်ဆက်ခဲ့သော VMware HCX+ နှင့် အဆင့်မြှင့်ထားသော  VMware NSX ALB PULSE Cloud Service နည်းပညာဝန်ဆောင်မှုက လုပ်ငန်းစုများ၏ cloud လည်ပတ်မှုစနစ်ကို ပိုမို အထောက်အကူ ပြုသွားမည်ဖြစ်သည်။

Vmware မှ နည်းပညာများကို ပေါင်းစည်းခြင်းဖြင့် ပိုမိုလုံခြုံစနစ်ကျသည့် cloud နည်းပညာကို အသုံးချ လာနိုင်မည်ဖြစ်ပြီး မည်သည့် Kubernetes လည်ပတ်မှုစနစ် နှင့် မည်သည့် cloud တွင်မဆို cloud native အခြေပြု အက်ပလီကေးရှင်းများ ဖန်တီးရေး၊ ဖြန့်ချိရေးနှင့် စီမံခန့်ခွဲမှုပြုလုပ်ရေးအဆင့်ဆင့်တွင် သုံးစွဲသူများကို ပံ့ပိုးပေးလာနိုင်မည် ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ယခင် multi-cloudကို စတင်သုံးစွဲစဉ်က ရှုပ်ထွေးခဲ့သော cloud ဝန်ဆောင်မှုများမှသည် ပိုမိုလုံခြုံစနစ်ကျသည့် cloud smart နည်းပညာခေတ်သို့ ကူးပြောင်းကာ အသုံးချလာနိုင်ရေး ကူညီ ပေးနိုင်သည့်  VMware Cross-Cloud ဝန်ဆောင်မှုအသစ်များကို မိတ်ဆက်ပေးခဲ့သည်။ VMware Cross-Cloud ဝန်ဆောင်မှုသည် မည်သည့်ကိရိယာကိုအသုံးပြုပြီး မည်သည့် cloud တွင်မဆို သိမ်းဆည်းထားသည့် အက်ပလီကေးရှင်းတိုင်းကို တည်ဆောက်၊ လည်ပတ်၊ ရယူသုံးစွဲပြီး လုံခြုံမှုရှိရှိ ထိန်းသိမ်းနိုင်ရန်အတွက် စနစ်တကျ၊ ရိုးရိုးရှင်းရှင်းဖြင့် စုစည်းထားသည့် cloud services ဝန်ဆောင်မှုတစ်ရပ်ဖြစ်သည်။ VMware Cross-Cloud ဝန်ဆောင်မှုများတွင် – ၁။ အက်ပလီကေးရှင်း အခြေပြုစနစ်၊ ၂။ clloud စီမံခန့်ခွဲရေး ၃။ Cloud & Edge infrastructure ၄။ လုံခြုံရေးနှင့် ကွန်ယက်စနစ် နှင့် ၅။ Anywhere Workspace တို့ ပါဝင်လာမည်။

VMware သည် အက်ပလီကေးရှင်းများအားလုံးအတွက် multi-cloud ဝန်ဆောင်မှုများ ပေးအပ်နေသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းကြီးများအတွက် စီမံထိန်းချုပ်မှုများကို ခေတ်မီ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများ အသုံးချ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးလျက် ရှိပါသည်။ ဆန်းသစ်တီထွင်မှုများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည့် ယုံကြည်စိတ်ချရသော အခြေခံအုတ်မြစ်တစ်ခုဖြစ်သည့် VMware ဆော့ဖ်ဝဲလ်သည် စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီ၏ လိုအပ်ချက်အလိုက် အသုံးပြုနိုင်ရန်၊ အနာဂတ်အတွက် လိုအပ်သော နည်းစနစ်များကို ရွေးချယ်နိုင်ရန် ဝန်ဆောင်ပေးနေပါသည်။ ကယ်လီဖိုးနီးယားနိုင်ငံ ပါလိုအယ်တိုမြို့တွင် ရုံးချုပ်တည်ရှိပြီး VMware သည် ကုမ္ပဏီ၏ ၂၀၃၀ ခုနှစ်အထိ ချမှတ်ထားသော လမ်းကြောင်းအတိုင်း ပိုမို ကောင်းမွန်သော အနာဂတ်တစ်ခု တည်ဆောက်သွားမည်ဟု ကတိကဝတ် ပြုထားပါသည်။ အသေးစိတ်အချက်အလက်များအတွက် www.vmware.com/company တွင်လည်း ကြည့်ရှုလေ့လာနိုင်ပါသည်။