Mobile Device တွေမှာ Resize Window ပြုလုပ်လို့ရလာတော့မယ့် Google Keep

Note Taking App တစ်ခုအနေနဲ့ Cross Device လည်းအသုံးပြုနိုင်သလို အသုံးပြုရရိုးရှင်းလွယ်ကူတဲ့ Google Keep ဟာ Resize ပြုလုပ်နိုင်တဲ့ Window တွေကို Mobile Device တွေမှာထည့်သုံးဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။ Google အနေနဲ့ အခုလို Resize ပြုလုပ်နိုင်တဲ့ Windows တွေကို အသုံးပြုလိုက်တာက အသုံးပြု သူတွေအတွက် အသုံးပြုရပိုပြီး အဆင်ပြေစေမယ့် လုပ်ဆောင်ချက်တစ်ခု ဖြစ်နေမှာ သေချာပါတယ်။ အထူး သဖြင့် Foldable Device နဲ့ Tablet အသုံးပြုသူတွေ၊ Screen အရွယ်အစားကြီးကြီးနဲ့ အသုံးပြုကြသူတွေ အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Device တွေရဲ့ Default Size ဒါမှမဟုတ် Fullscreen Mode အနေနဲ့ပဲ အသုံးပြု နိုင်ကြတဲ့အတွက် Limited Window Size Option အနေနဲ့ပဲ Mobile App တွေမှာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ Resize လုပ်နိုင်တဲ့ လုပ်ဆောင်ချက်သာ တစ်ကယ်ရရှိလာခဲ့မယ်ဆိုရင် Desktop Application တစ်ခုနီးပါး အလုပ်လုပ်နိုင်ပြီး လွတ်လွတ်လပ်လပ် အရွယ်အစားပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Image Credit: PhoneArena

ဒီလိုလုပ်ဆောင်ချက်အတွက် Note တစ်ခုကိုဖွင့်လိုက်မယ်ဆိုရင် Fullscreen မဟုတ်ဘဲ  Layout တစ်ခုပွင့်လာမယ့်အပြင် အသုံးပြုသူတွေကို အရွယ်အစားချိန်ညှိခွင့် ပြုထားမှာ ဖြစ်ပါတယ်။ ဒီလို Layout အမျိုးအစားဟာ လက်ရှိမှာတော့ Google Calendar App မှာ အသုံးပြုနေတဲ့ ပုံစံအမျိုးအစားဖြစ်ပါတယ်။ Google အနေနဲ့ Google Keep ရဲ့လုပ်ဆောင်ချက်တွေကို အဆင့်မြှင့်တင်ပြီး တစ်လက်မကို 600 pixel အရွယ်အစားထက်ကြီးတဲ့ Display မျိုးနဲ့ အသုံးပြုနိုင်အောင် ပြုလုပ်သွားမယ်လို့ ယူဆရပါတယ်။

Google Keep ကိုအဓိကထား အသုံးပြုနေကြတဲ့သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ Update တစ်ခုဖြစ်လာမှာဖြစ်သလို ဒီလုပ်ဆောင်ချက်ဟာလည်း Rumor တွေအရ Code တွေထဲမှာ တွေ့ရှိထားတဲ့အချက်ဖြစ်ပါတယ်။ Google အနေနဲ့ Update တွေမှာ ဒီလိုလုပ်ဆောင်ချက်အကြောင်းကို တရားဝင်မိတ်ဆက်ပေးထားတာမျိုးတော့ မရှိသေးပါဘူး။