Inactive Account တွေကို မကြာခင် ဖျက်ပစ်တော့မယ့် Google

လူတစ်ယောက်ကို Account တစ်ခုစီမဟုတ်တော့ဘဲ ဖွင့်ရလွယ်ကူတဲ့အတွက် အကြောင်းပြချက်အမျိုးမျိုးနဲ့ တစ်ယောက်ကို Google Account အနည်းဆုံး ၂ ခု ၃ ခုလောက်တော့ ဖွင့်ဖူး သုံးဖူးကြမှာပါ။ ဒါပေမယ့် အခုအချိန်ထိတော့ အကောင့်အကုန်လုံးကို သုံးဖြစ်ချင်မှလည်း သုံးဖြစ်မှာပါ။ ဒီလို အသုံးမပြုဘဲ Inactive ဖြစ်နေတဲ့ အကောင့်တွေများပြားလာတာကြောင့် Google အနေနဲ့ တစ်ချို့ Inactive Account တွေကို ဖျက်ပစ်ဖို့ စီစဉ်နေပြီပဲ ဖြစ်ပါတယ်။

ဒီလို Inactive ဖြစ်နေတဲ့ Google Account တွေကို ဒီဇင်ဘာလ ၁ ရက်နေ့ကစတင်ပြီး ဖျက်ဆီးသွားမယ်လို့လည်း သိရပါတယ်။ Inactive Google Account ဆိုတာကတော့ ၂ နှစ်တာကာလအတွင်း အသုံးစွဲမှုမရှိထားတဲ့ အကောင့်တွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ Google အနေနဲ့လည်း Inactive Google Account တွေဟာ Google Platform တစ်လျှောက် မှာ အနည်းဆုံး ၂ နှစ်အတွင်း အသုံးပြုထားတာမရှိခဲ့ရင် ဒီအကောင့်တွေရဲ့ Activity နဲ့ အချက်အလက်တွေကို ဖျက်ပိုင်ခွင့်ရှိပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ခွင့်က Personal Google Account တွေအတွက်ပဲဖြစ်ပြီး Work, School ဒါမှမဟုတ် Organization Account တွေနဲ့တော့ သက်ဆိုင်ခြင်းမရှိပါဘူး။

Image: GettyImage

Google ကသတ်မှတ်ထားတဲ့ Active ဖြစ်တယ် မဖြစ်ဘူးဆိုတာကတော့ Sign In ပြုလုပ်တဲ့အဆင့်ကစလို့ Email တွေ ဖတ်တာ၊ ပို့တာ၊ Google Drive အသုံးပြုတာ၊ YouTube Video တွေအသုံးပြုတာအပြင်၊ ဓာတ်ပုံတွေပေးပို့တာ၊ App တွေ Download ဆွဲတာ၊ Google Search အသုံးပြုတာနဲ့ Google ကိုအသုံးပြုပြီး Third-party app ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ရယူဖို့ Sign In ပြုလုပ်တာတွေလည်း ပါဝင်ပါတယ်။ Google Account ရဲံ Activity ဆိုတာကိုတော့ Account နဲ့ပဲသက်ဆိုင်မှုရှိပြီး Device အမျိုးအစားနဲ့သက်ဆိုင်မှုမရှိပါဘူး။ အကယ်၍ Device တစ်ခုမှာ အကောင့်တွေအများကြီးအသုံးပြုတယ်ဆိုရင်တော့ အကောင့်တစ်ခုစီတိုင်းက ၂ နှစ်အတွင်း အသုံးပြုနေတာ ဖြစ်မဖြစ်ကိုလည်း သေချာအောင်လုပ်ထားဖို့တော့ လိုအပ်ပါတယ်။

အကယ်၍ Google က Inactive Account အဖြစ်သတ်မှတ်ပြီး ဖျက်ပစ်မယ်ဆိုရင်တော့ Google အနေနဲ့ အကောင့်ကို အသုံးပြုနိုင်ဖို့ မဖျက်သိမ်းခင် အခွင့်အရေးပေးဦးမှာ ဖြစ်ပါတယ်။ Google Account ကို Email Notification ပေးပို့မှာဖြစ်သလို Recovery Email ထည့်ထားခဲ့မယ်ဆိုရင်လည်း Email Notification ပေးပို့ပေးမှာ ဖြစ်ပါတယ်။ Google ရဲ့ဖော်ပြချက်အရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ဟာ Inactive Google Account တွေဖျက်သိမ်းမယ့် အစောဆုံးအချိန်တစ်ခု ဖြစ်ပါတယ်။